ကမ္ဘာ့အသက်အငယ်ဆုံးဒရုန်းဗီဒီယိုရိုက်ကူးသူအဖြစ် ဂင်းနစ်စံချိန်ရရှိခဲ့တဲ့ အသက်(၈)နှစ်အရွယ်မိန်းကလေး
Pika (NSS) - မေ ၂၉
အမေရိကန်နိုင်ငံတွင်ကျင်းပသော AZDroneFest International Film ပွဲတော်တွင် ဒရုန်းဖြင့်ရိုက်ကူးထားသောဗီဒီယိုအတွက်ဆုရရှိခဲ့သော အင်ဒီယားနားပြည်နယ်မှ အသက်(၈)နှစ်အရွယ် မိန်းကလေးသည် ကမ္ဘာ့အသက်အငယ်ဆုံးဒရုန်းဗီဒီယိုရိုက်ကူးသူအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်ကိုရရှိခဲ့ကြောင်းသိရသည်။
Evansville Day ကျောင်းမှ တတိယတန်းကျောင်းသူ လူဝီဆာရော်ယာသည် ဥရောပ၊ ဂျပန်၊ဩစတြေးလျ နှင့် တောင်ကိုရီးယားတို့သို့ ခရီးသွားစဉ်အချိန်အတွင်း ၎င်း၏ဒရုန်းကို ယူ ဆောင်သွားခဲ့ပြီး ဗီဒီယိုများရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းရိုက်ကူးထားသော ဒရုန်းဗီဒီယိုများကို ဒရုန်းဗီဒီယိုပွဲတော်များတွင်ပြသရန် လူဝီဆာရော်ယာ၏ဆရာမက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ လူဝီဆာရော်ယာက 'ကျွန်မက သိပ္ပံပညာကိုနှစ်သက်တာကြောင့် ဒရုန်းတစ်ခုကို လက်ဆောင်အဖြစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မတူညီတဲ့ရှုထောင့်တွေကနေ ကမ္ဘာကြီးကို လေ့လာစူးစမ်းရတာဟာ တကယ်ကို ပျော်စရာကောင်းတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်'ဟု ပြောဆိုခဲ့သည်။
လူဝီဆာရော်ယာသည် AZDroneFest International Film ပွဲတော်တွင် ၂၀၂၃ ခုနှစ်အကောင်းဆုံးဒရုန်းမောင်းနှင်သူအသစ်ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ၎င်းက 'မတူညီတဲ့နိုင်ငံတွေနဲ့ နေရာဒေသတွေမှာ ဒရုန်းကို ဘယ်လိုဘေးကင်းစွာပျံသန်းရမလဲဆိုတာ နားလည်ဖို့က တကယ်ကိုခက်ခဲပါတယ်။ ဒရုန်းပျံသန်းချိန်အတွင်း ဓါတ်အားလိုင်းတွေ၊သစ်ပင်တွေနဲ့ လေဆိပ်တွေလိုမျိုး အတားအဆီးတွေကို ရှောင်ရှားဖို့အတွက် ပတ်ဝန်းကျင်ကိုလည်း သတိထားရပါတယ်'ဟု ပြောဆိုခဲ့သည်။ YouTube တွင် ဗီဒီယိုများကြည့်နေစဉ်အချိန်အတွင်း မြေပုံဆွဲရန်အတွက် ဒရုန်းများကိုအသုံးပြုခဲ့သော အသက်(၁၃)နှစ်အရွယ်ကောင်လေး၏ ဗီဒီယိုကိုတွေ့မြင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်အတွက် ကြိုးပမ်းရန် လှုံ့ဆော်မှုများရရှိခဲ့ခြင်းဖြစ်ကြောင်း လူဝီဆာရော်ယာက ပြောကြားခဲ့သည်။ အသက်(၈)နှစ်နှင့် (၂၅၈)ရက်အရွယ်ရှိ လူဝီဆာရော်ယာသည် ကမ္ဘာ့အသက်အငယ်ဆုံးဒရုန်းဗီဒီယိုရိုက်ကူးသူ (အမျိုးသမီး) အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဂင်းနစ်စံချိန်ရရှိခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ပေါင်း(၁၀၀)ကျော်အတွင်း အပူချိန်စံချိန်တင်မြင့်တက်
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ
13 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ