Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လာမည့် (၆)နှစ်အတွင်း လျှပ်စစ်ရာနှုန်းပြည့်သုံးစွဲခွင့်ရစေရန်ကြိုးစားနေကြောင်း လျှပ်စစ်ဝန်ကြီးအသိပေး

စော (NSS) - မေ ၂၇ 

     လာမည့် (၆)နှစ်အတွင်း သို့မဟုတ် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေး ဆောင်ရွက်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။ 


     မေလ ၂၃ ရက်တွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသော မန္တလေး တိုင်းရှိ သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများ ဖွင့်ပွဲအခမ်းအနား၌ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

    ဝန်ကြီးက ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် အတည်ပြုခဲ့သော မြန်မာနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်အရ ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း ၅၁၅၆ မဂ္ဂါဝပ်၊ နေရောင်ခြည်နှင့် လေစွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင် ပါဝင်မှု ၁၁ ရာခိုင် နှုန်း ၂၀ဝ၀ မဂ္ဂါဝပ် လျာထားရေးဆွဲထားကြောင်း သိရသည်။ 

    လက်ရှိတွင် နေရောင်ခြည်စွမ်းအင်မှ ၃ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်ထုတ်လုပ်လျက်ရှိပြီး ထပ်မံ၍ နေရောင်ခြည်နှင့် လေစွမ်းအင်တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာနေမှုများကိုလည်း MOU ၊MOA ၊LOA  များ လက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ၂၀၃၀ ပြည့်နှစ်တွင် နေနှင့်လေစွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်နိုင်မှု ပါဝင်မှုအချိုးအစားသည် ၎င်းတို့ရည်မှန်းထားသည့် ၁၁ ရာခိုင်နှုန်းကို ပြည့်မီရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ ယခုတည်ဆောက်ပြီးစီးခဲ့သော သပြေဝ-၃ (၃၀) မဂ္ဂါဝပ်နှင့် သာစည် (၃၀) မဂ္ဂါဝပ် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံများသည် တည်ဆောက်/လည်ပတ်/ပိုင်ဆိုင်စနစ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတပ်ဆင်အင်အား (၆၀)မဂ္ဂါဝပ် ဖြစ်ကြောင်း သိရသည်။ 

      ထို့ကြောင့် တစ်နှစ်လျှင် စုစုပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၁၄၈) သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ အိမ်ထောင်စုပေါင်း ၉၉၀ဝ၀ ခန့်ကို လျှပ်စစ်ဓာတ်အား ထပ်တိုး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ်ပါဝင်မှုအချိုးအစား  (Generation Mix)  အားဖြင့် ရေအား ၄၅ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း၊ နေရောင်ခြည် ၃ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်းတို့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား စက်ရုံပေါင်း (၆၄)ရုံရှိပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၇၁၈၄ ဒသမ ၄၆)ထွက်ရှိနိုင်သော်လည်း နေစဉ်ပျမ်းမျှ မဂ္ဂါဝပ် (၂၈၆၅ ဒသမ ဝ၁)ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်း သိရသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆွစ်ဇာလန်နိုင်ငံမှာကျင်းပမယ့် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို အားပေးထောက်ခံဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ယူကရိန်းသမ္မတ တိုက်တွန်းတောင်းဆို

RELATED POSTS
RECENT POSTS
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’
07 Oct 2024
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား
07 Oct 2024
တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ (အင်တာဗျူး)
07 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved