ရုရှားစစ်တပ်က ယူကရိန်းအနီးမှာ နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှုတွေကို စတင်ပြုလုပ်
Pika (NSS) - မေ ၂၂
ရုရှားတပ်ဖွဲ့တွေဟာ နျူကလီးယားလက်နက်တွေ အသုံးပြုဖို့နဲ့ပြင်ဆင်မှုအတွက် လက်တွေ့ကျတဲ့ လေ့ကျင်မှုတွေပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုပထမအဆင့်ကို စတင်လိုက်ပြီဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေလ(၂၁)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အဲဒီနျူကလီးယားစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ဖို့ ယခုလအစောပိုင်းမှာ ရုရှားသမ္မတပူတင်က အမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။အနောက်အုပ်စုနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းအနီးမှာ နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရုရှားဖက်ကပြောဆိုထားပါတယ်။ နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်ခန်းဟာ အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းကို စစ် လက်နက်ပစ္စည်းတွေနဲ့ ထောက်လှမ်းရေးတွေပံ့ပိုးပေးပြီး စစ်ပွဲထဲကို နက်နက်ရှိုင်းရှိုင်းဝင်ရောက်လာတာကို တားဆီးဖို့အတွက် ပူတင်ရဲ့သတိပေးချက်တစ်ခုဖြစ်နိုင်တယ်လို့ လုံခြုံရေးလေ့လာသုံးသပ်သူတွေကပြောကြားခဲ့ပါတယ်။ နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှု ပထမအဆင့်မှာ Iskander နဲ့ Kinzhal ဒုံးကျည်တွေ ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုဟာ ရုရှားအပေါ် ရန်စမှုတွေနဲ့ အနောက်အုပ်စုရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားရဲ့နယ်မြေစိုးမိုးရေးနဲ့ အချုပ် အခြာအာဏာကို ကာကွယ်နိုင်ဖို့၊ နျူကလီးယားလက်နက်တွေ အသုံးပြုတိုက်ခိုက်ရေးအတွက် တပ်ဖွဲ့တွေနဲ့ ပစ္စည်းကိရိယာတွေအဆင့်သင့်ဖြစ်နေစေဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ယူကရိန်းနဲ့ ကပ်လျက်တည်ရှိတဲ့ ရုရှားတောင်ပိုင်းစစ်ဘက်ခရိုင်ရဲ့ ဒုံးကျည်တပ်ဖွဲ့တွေလည်း နျူကလီးယားလက်နက်စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
EV ကား ကုမ္ပဏီ(၈၀)ကျော်ထဲမှ အချို့က ကားတင်သွင်းမှုမလုပ်ဘဲ ပါမစ်ပြန်လည် ရောင်းစားသည့် ဈေးကွက်မျိုးကိုသာ တိုးတိုးတိတ်တိတ်လုပ်စားနေ
RELATED POSTS
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
11 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ