Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပီအက်စ်ဂျီတိုက်စစ်မှူးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်သာ ခေါ်ယူလိုတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

Pika (NP News) - ဧပြီ ၁


ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေသည် (၂ဝ၂၄)ခုနှစ်တွင် ၎င်း၏အိမ်မက်အသင်းဖြစ်သော ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းက အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်သာ ခေါ်ယူလိုကြောင်း  စပိန်အခြေစိုက် AS သတင်းစာ၏ ဖော်ပြချက်အရသိရသည်။


အမ်ဘာပေသည် (၂ဝ၂၄)ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ကစားရန် ရည်မှန်းထားသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ၎င်း၏အပြောင်းအရွှေ့များ ပြန်လည်စတင်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။ ချန်ပီယံလိဂ်ဆုတံဆိပ်ရရှိလိုသော အမ်ဘာပေသည် ၎င်း၏ အိမ်မက်များကို ထပ်မံအကောင်အထည်ဖော်နိုင်ရန်အတွက် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကြောင်းလည်း သိရသည်။ အမ်ဘာပေသည် ရီးရဲလ်မက်ဒရစ်အသင်း၏ ဂျာစီဝတ်ဆင်ကာ ကစားနိုင်ရန် ဆန္ဒရှိနေသော်လည်း ရီးရဲလ်မက်ဒရစ်အသင်းသည် အပြောင်းအရွှေ့ကိစ္စများကို ဆွေးနွေးခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။


ရီးရဲလ်မက်ဒရစ်အသင်းသည် ယခင်က အမ်ဘာပေကို ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ကြောင်းလည်းသိရသည်။ ထို့ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းသည် အမ်ဘာပေကို နောက်တစ်ကြိမ်ခေါ်ယူရန် ခေတ္တစောင့်ဆိုင်းနေပြီး ၎င်းကအလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာမည်ဆိုမှသာ အပြောင်းအရွှေ့ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်မည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိနေသည်။ အမ်ဘာပေသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းကို (၂ဝ၂၅) ခုနှစ်အထိချုပ်ဆိုထားသော်လည်း ဥရောပတွင်အောင်မြင်မှုမရရှိခြင်းကြောင့် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွါခွင့်ပေးမည်ဆိုသော အချက်လည်း ၎င်း၏စာချုပ်ထဲတွင် ပါဝင်ကြောင်း သိရသည်။ 


ထို့ပြင် အမ်ဘာပေသည် ယခုရာသီကုန်တွင် ၎င်း၏ဆန္ဒများကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးရန်စီစဥ်ထားကြောင်း စပိန်အခြေ စိုက် AS သတင်းစာ၏ဖော်ပြချက်အရသိရသည်။ အမ်ဘာပေသည် လက်ရှိရာသီတွင် ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ(၃၃)ပွဲကစားထားပြီး (၃၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၈)ကြိမ်ပြုလုပ်ထားကြောင်းသိရသည်။

zawgyi version


Pika (NP News) - ဧပြီ ၁









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇနီးသည်ကို သတ်ဖြတ်ပြီးနောက် သားဖြစ်သူကို မိကျောင်းစာကျွေးခဲ့သူအဖြစ် အမေရိကန်နိုင်ငံသားတစ်ဦး စွပ်စွဲခံထားရ

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved