Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဇနီးသည်ကို သတ်ဖြတ်ပြီးနောက် သားဖြစ်သူကို မိကျောင်းစာကျွေးခဲ့သူအဖြစ် အမေရိကန်နိုင်ငံသားတစ်ဦး စွပ်စွဲခံထားရ

Pika (NP News) - ဧပြီ ၁


အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် မိခင်ဖြစ်သူ အသတ်ခံရပြီးနောက် ပျောက်ဆုံးနေသော အသက်(၂)နှစ်အရွယ် ကလေးငယ်၏ရုပ်အလောင်းကို ရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ရေကန်တစ်ခုအတွင်းတွင်ရှိသော မိကျောင်း၏ပါးစပ်ထဲတွင် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ 


ကလေးငယ်၏ဖခင်ဖြစ်သော အသက်(၂၁)နှစ်အရွယ် ‌သောမတ်စ်မို့စ်လေးသည် ဇနီးဖြစ်သူ အသက်(၂ဝ)အရွယ် ပါရွှန်းဂျက်ဖာရီနှင့် သားဖြစ်သူတေလန်မို့စ်လေးတို့ကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း စိန့်ပီတာဘတ်ရဲတပ်ဖွဲ့မှူး အန်သိုနီဟိုးလိုးဝေး၏ ပြောကြားချက်အရ သိရသည်။


ယခုသီတင်းပတ်အစောပိုင်းတွင် အသက်(၂ဝ)အရွယ် ပါရွှန်းဂျက်ဖာရီ၏ ရုပ်အလောင်းကို ၎င်းတို့နေထိုင်သည့် တိုက်ခန်းတွင်ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ရေငုပ်သမားများနှင့် ဒရုန်းများကို အသုံးပြုကာ သားဖြစ်သူ တေလန်မို့စ်လေး ၏ရုပ်အလောင်းကို ရှာဖွေခဲ့ပြီးနောက် ယခု ကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။ စိန့်ပီတာဘတ်ရဲတပ်ဖွဲ့မှူး အန်သိုနီဟိုးလိုးဝေးက "ဒီလိုပုံစံနဲ့ အဆုံးသတ်သွားခဲ့ရတဲ့အတွက် တကယ်ကိုစိတ်မကောင်းပါဘူး။ တိုက်ခန်းနဲ့မိုင်အနည်းငယ်အကွာက ရေကန်ထဲမှာရှိတဲ့ မိကျောင်းရဲ့ပါးစပ်ထဲမှာ ကလေးငယ်ရဲ့ရုပ်အလောင်းကိုပြန်တွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေက မိကျောင်းကို သေနတ်နဲ့ ပစ်လိုက်တော့ မိကျောင်းက ကလေးအလောင်းကို ပါးစပ်ထဲကနေလွှတ်ချခဲ့ပါတယ်။ ကျွန်တော်တို့ ကလေးငယ်ရဲ့ရုပ်အလောင်းကို နဂိုပုံစံအတိုင်းပြန်ယူနိုင်ခဲ့ပါတယ်"ဟုပြောဆိုခဲ့သည်။


အသက်(၂၁)နှစ်အရွယ် ‌သောမတ်စ်မို့စ်လေးသည် လက်နှင့်လက်မောင်းများတွင် ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ဆေးရုံတင်ထားရပြီး စုံစမ်းစစ်ဆေးသူများနှင့် စကားပြောဆိုရန်ငြင်းဆိုထားကြောင်း အန်သိုနီဟိုးလိုးဝေးကပြောကြားခဲ့သည်။ ထို့ပြင် ‌သောမတ်စ်မို့စ်လေး ကိုယ်စားပြောမည့် ရှေ့နေမရှိသေးကြောင်းလည်းသိရသည်။


၎င်းတို့၏သားဖြစ်သူ တေလန်မို့စ်လေးမည်သို့ သတ်ဖြတ်ခံခဲ့ရသည်ဆိုသည့်အချက်နှင့် အဆိုပါကိစ္စတွင် မိကျောင်းသည် မည်သည့်ကဏ္ဍမှပါဝင်ခဲ့သည်ဆိုသည့်အချက်တို့ကို ရဲတပ်ဖွဲ့ကထုတ်ပြန်ပြောကြားခြင်းမျိုးမရှိကြောင်းသိရသည်။ အသတ်ခံရေသော မိခင်ဖြစ်သူ ပါရွှန်းဂျက်ဖာရီနှင့် ကလေးငယ်တေလန်မို့စ်လေးတို့သည် ပြီးခဲ့သည့်လက အဆိုပါတိုက်ခန်းသို့ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version


Pika (NP News) - ဧပြီ ၁











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗြိတိန်ဘုရင်၏ နန်းတက်ပွဲအခမ်းအနားကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကိုယ်တိုင် တက်ရောက်ဖို့ အလားအလာနည်းနေဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved