Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗြိတိန်ဘုရင်၏ နန်းတက်ပွဲအခမ်းအနားကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကိုယ်တိုင် တက်ရောက်ဖို့ အလားအလာနည်းနေဟုဆို

Pika (NP News) - ဧပြီ ၁


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ဗြိတိန်ဘုရင် ချားစ်၏ နန်းတက်ပွဲကို လွဲချော်နိုင်ဖွယ်ရှိနေကြောင်း Daily Telegraph သတင်းစာက ဖော်ပြခဲ့သည်။


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် နိုင်ငံခြားခရီးစဥ်များသွားရောက်ခြင်းကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဘိုင်ဒန်အုပ်ချုပ်ရေးနှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။ အမေရိကန်အစိုးရသည် သမ္မတဂျိုးဘိုင်ဒန်၏ အရေးကြီးသော ခရီးစဥ်များမှလွဲပြီး အခြားနိုင်ငံခြားခရီးစဥ်များကို ကန့်သတ်ရန်ကြိုးပမ်းနေကြောင်း အမေရိကန်အစိုးရနှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ မြောက်အိုင်ယာလန်သို့လာမည့်ခရီးစဥ်ကို ရည်ညွှန်းပြီး၎င်းက ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အမေရိကန်သည် ဗြိတိန်ဖက်မှရှုတ်ချမှုများကို ရှောင်ရှားလိုသောကြောင့် သမ္မတကတော်‌ဂျေးဘိုင်ဒန်ပါဝင်နိုင်သည့် အဆင်မြင့် ကိုယ်စားလှယ်အဖွဲ့ကို အခမ်းအနားသို့စေလွှတ်ရန် ရည်ရွယ်ထားကြောင်း အစီရင်ခံစာတစ်ခုတွင်ဖော်ပြထားသည်။


Daily Telegraph သတင်းရင်းမြစ်တစ်ခုက "အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို နန်းတက်ပွဲတက်/မတက်ဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေတယ်။ ဂျိုးဘိုင်ဒန်ရဲ့ ခရီးစဥ်နဲ့ပတ်သက်ပြီးအမေရိကန်အစိုးရက နောက်ဆုံးဆုံးဖြတ်ချက်ကို မချမှတ်ရသေးပါဘူး"ဟုပြောကြားခဲ့သည်။


အမေရိကန်ဆိုင်ရာဗြိတိန်သံအမတ် Karen Pierce နှင့် ဗြိတိန်အစိုးရတာဝန်ရှိသူများသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရနှင့်ရင်းရင်းနှီးနှီး သံတမန်ရေးအရစကား ပြောဆိုခဲ့ကြကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ဗြိတိန်ဘုရင်၏နန်းတက်ပွဲကိုလွဲချော်နိုင်ဖွယ်ရှိနေသော်လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အခြားသောကတိကဝတ်များရှိနှင့်နေပြီဖြစ်ကြောင်း ဗြိတိန်တာဝန်ရှိသူများကပြောကြားခဲ့သည်။ သို့သော်လည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အမျိုးသားရေးဝါဒီများနှင့် သမဂ္ဂများအကြား နိုင်ငံရေးအကြမ်းဖက်မှုကို အဆုံးသတ်စေခဲ့သည့် အထင်ကရသဘောတူညီချက်ဖြစ်သော Good Friday Agreement ၏ (၂၅)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန် စီစဉ်ထားသော မြောက်အိုင်ယာလန်သို့သွားရောက်မည့် ခရီးစဥ်အတွင်း ဗြိတိန်ဘုရင်ချားလ်စ်နှင့် ဧပြီလ (၁၁)ရက်တွင် တွေ့ဆုံနိုင်မည်ဖြစ်ကြောင်းသိရသည်။


ဗြိတိန်ဘုရင်ချားလ်စ်သည် အဲလိဇဘတ်ဘုရင်မကြီးကွယ်လွန်ပြီး (၈)လအကြာ မေလ(၆) ရက်တွင် နန်းတက်ပွဲကျင်းပရန်စီစဥ်ထားကြောင်းသိရသည်။ လန်ဒန်မြို့ရှိ Westminster Abbey ဘုရားကျောင်းတွင် ကျင်းပမည့် အဆိုပါအခမ်းအနားကို နိုင်ငံ့ခေါင်းဆောင်ဒါဇင်ပေါင်းများစွာ အပါအဝင် လူပေါင်း(၂ဝဝဝ)ခန့်တက်ရောက်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။

zawgyi version


Pika (NP News) - ဧပြီ ၁













Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

“အမေရိကန်ဒေါ်လာ နန်းကျမယ့်အရေး စီးပွား‌ရေးပါမောက္ခ ဘာပြောသလဲ” (ဘာသာပြန်ဆောင်းပါး)

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved