Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းပေးဖို့ တောင်းဆိုခံထားရတယ်’’ (အင်တာဗျူး)

ဂျန်ဇက် (NSS) - ဧပြီ ၈

ထိုင်းစီးပွားရေးလုပ်ငန်းရှင် ဆာရက်သာတာဗီဆင်ဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်းစစ်တပ်ရဲ့နိုင်ငံရေးမှာ ၉ နှစ်ကြာ လွှမ်းမိုးမှုတွေလည်း အဆုံး သတ်ခဲ့ရပါတယ်။ ဆာရက်သာတာဗီဆင်ဟာ ထိုင်းနိုင်ငံမှာ ၉ နှစ်အတွင်း ဝန်ကြီးချုပ်အဖြစ် ပထမဆုံးတာဝန်ယူခွင့်ရတဲ့ အရပ်သား တစ်ဦးဖြစ်လာခဲ့ပြီး ပြင်သစ်အခြေစိုက် FRANCE 24 သတင်းဌာနနဲ့ မတ်လ ( ၂၉ ) ရက်က အင်တာဗျူးကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။


မေး- ထိုင်းနိုင်ငံမှာ ထိုင်းစစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာကို ၉ နှစ်ကြာအောင် ထိန်း သိမ်းခဲ့တယ်။ အခုဆိုရင် ခင်ဗျားဟာ ဝန်ကြီးချုပ် အဖြစ် ခြောက်လကျော်ကြာ တာဝန်ထမ်းဆောင်နိုင် ခဲ့တယ်။ ၉ နှစ်ကျော်ကာလအတွင်းမှာ ထိုင်းနိုင်ငံရဲ့ပထမဆုံးအရပ်သားဝန်ကြီးချုပ်အဖြစ် တာဝန်ယူခွင့် ရတဲ့အပေါ် ဘယ်လိုမျိုးခံစားရသလဲ။

ဖြေ-ကျွန်တော်တို့အစိုးရအဖွဲ့တာဝန်ယူချိန်ကာလအတွင်း အုပ်ချုပ်ရေးကာလ ပထမနှစ်လအတွင်းမှာ စီးပွားရေးနဲ့ပတ်သက်ပြီး လျစ်လျူရှုလိုက်သလိုမျိုးဖြစ်ခဲ့ရတယ်။ တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့အပါအ ဝင် အရေးကြီးဆုံးအရာဖြစ်တဲ့ နိုင်ငံခြားတိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုဝင်ရောက်ခြင်းလိုမျိုး ရေရှည်စီမံကိန်းချ မှတ်ပြီး စီးပွားရေးနှိုးဆွမှုအစီအစဉ်တွေကို အာရုံစိုက် သင့်ခဲ့တယ်လို့ထင်ပါတယ်။ အစိုးရအဖွဲ့ ဖွဲ့စည်းပြီး နှစ်လကျော်ကြာကာလအတွင်းမှာ စီးပွာရေး အစီအ စဉ်တွေကို ဂရုစိုက်သင့်တယ်။ 

မေး- ခင်ဗျားအနေနဲ့ ထိုင်းနိုင်ငံရဲ့အနာဂတ်ဟာ ဒီမို ကရေစီ ပိုမိုရရှိမယ်လို့ ယုံကြည်ထားသလား။

ဖြေ- ဟုတ်ကဲ့ ကျွန်တော်ယုံကြည်ထားပါတယ်။ ကျွန် တော်ဒီမှာထိုင်နေပေမယ့် ပြောင်းလဲနေတဲ့ ဒီမိုကရေ စီပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို  ရွေးကောက်ပွဲတစ်ခု လိုမျိုး ပြီးမြောက်အောင်လုပ်ဆောင်လို့မရဘူး။

မေး- ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုနှစ်နောက်ပိုင်းတည်းက အာဏာသိမ်းမှု မကြာခဏဖြစ်ပွားခဲ့တယ်။ ထိုင်းစစ် တပ်ဟာ အရပ်သားဝန်ကြီးချုပ်အသီးသီးကို ရာထူး ကဖြုတ်ချပြီး အာဏာသိမ်းမှု ၁၂ ကြိမ်လုပ်ဆောင်ခဲ့ ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲမှု အကြိမ် ၂၀ လုပ်ဆောင်ခဲ့တယ်။ ခင်ဗျားအနေနဲ့ကော လက်ရှိအ ချိန်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းခံရမှာ ဒါမှမဟုတ် ဖြုတ်ချခံရတာမျိုး ရင်ဆိုင်ရမှာ မစိုးရိမ်ဘူးလား။

ဖြေ-ကျွန်တော့်အနေနဲ့ ကြိုတင်မသိနိုင်တဲ့အရာတွေ အတွက်  မစိုးရိမ်ဘူး၊ ဒါပေမဲ့ ကျွန်တော်ဟာ လက် ရှိအချိန်မှာ သိမြင်ထိန်းသိမ်းလို့ရမယ့်အရာရာတိုင်းကို အာရုံစိုက်နေတယ်။ 

ဒါ့ပြင် လက်ရှိအချိန်မှာအရင်အစိုးရတွေ တုန်းကလုပ်ဆောင်ခဲ့တဲ့အမှားတွေကို လေ့လာသင် ယူနေပြီး အရာရာတိုင်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ကိုင်နိုင်ဖို့ အာရုံစိုက်ထားတယ်။ ကျွန်တော်ရဲ့ ရည်မှန်းချက်က အရမ်းရိုးရှင်းပါတယ်။ အဲဒါကတော့ ပြည်သူတွေရဲ့ဘဝရှင်သန်နေထိုင်မှုတွေကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ဖို့ဖြစ်ပါတယ်။

မေး - ခင်ဗျားဟာ အရင်တုန်းက အရမ်းအောင်မြင်

တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့သလို နှစ်ပေါင်း များစွာ အိမ်ခြံမြေသူဌေးကြီးလည်းဖြစ်ခဲ့တယ်။ ခင် ဗျားဟာ ၂၀၂၂ ခုနှစ်မှာ  ထိုင်းအာဏာရပါတီဖြစ်တဲ့ ဖြူထိုင်းပါတီကို ဝင်ရောက်မှုနဲ့အတူ နိုင်ငံရေးသမားပထမဆုံးဖြစ်လာခဲ့တယ်။ အဲဒီလိုမျိုး နိုင်ငံရေးသမား ဖြစ်လာခဲ့ပြီးနောက် ခင်ဗျားဟာ ကမ္ဘာမှာအခက်ခဲဆုံး အလုပ်ဖြစ်တဲ့ အလုပ်ကိုလုပ်ကိုင်ခဲ့တယ်။ အဲဒီအ ခြေအနေတွေနဲ့ပတ်သက်ပြီး ပြောပေးပါဦး။

ဖြေ- ဟုတ်ကဲ့ ဝန်ကြီးချုပ်ရာထူးဟာ ကမ္ဘာမှာအခက် ခဲဆုံးအလုပ်တစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။ နိုင်ငံ ရေးသမားတစ်ဦးရဲ့ထိပ်ဆုံးမှာရှိနေခြင်းရဟာ တာဝန် ယူခြင်းတာဝန်ခံခြင်း အများကြီးရှိနေတယ်လို့ ဆိုလို ချင်တာပါ။ ပုဂ္ဂလိကကုမ္ပဏီကြီးတွေရဲ့စီအီးအိုဖြစ်ခဲ့တုန်းက ရှယ်ယာရှင်တွေ၊ ဖောက်သည်တွေအတွက် လူမူရေးဆိုင်ရာတာဝန်ယူခြင်း တာဝန်ခံခြင်းတွေရှိခဲ့ တယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ် ဖြစ်လာတော့ ဆက်နွှယ်လုပ်ကိုင်ရသူအများကြီးရှိ လာပြီး တာဝန်ခံခြင်းတွေနဲ့ တာဝန်ယူခြင်းတွေအများ ကြီးရှိလာခဲ့တယ်။ ဒီအလုပ်က အလွန်ကြီးမားတဲ့ အလုပ်တစ်ခုပါ၊

မေး- မကြာသေးခင်က ခင်ဗျားပြောခဲ့ဖူးတယ်။ ထိုင်း ဝန်ကြီးချုပ်ရဲ့ပါဝါက ကန့်သတ်ခံရသလိုမျိုး ရှိနေ တယ်လို့ပြောခဲ့တယ်။ ဝန်ကြီးချုပ်ရဲ့လုပ်ပိုင်ခွင့်ပါဝါ ကန့်သတ်ခံရတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အံ အားသင့်မိလို့ ကျေးဇူးပြုပြီးရှင်းပြပေးပါဦး။

ဖြေ- တွေ့ကြုံရတဲ့ကန့်သတ်ချက်တွေကိုပြောပါရစေ၊ ကျွန်တော်ရရှိတဲ့ ဝန်ကြီးချုပ်ရဲ့ပါဝါ လုပ်ပိုင်ခွင့် ပမာဏကိုအံဩမိတယ်။ ဒါပေမဲ့ အများစုကတော့ ဝန်ကြီးချုပ်ဖြစ်ခွင့်မရှိတာ အံ့ဩစရာပါပဲ။ ဝန်ကြီးချုပ် က အရမ်းအားကောင်းတဲ့ရာထူးတစ်ခုဖြစ်ပြီး တချို့ ကိစ္စတွေမှာ လုပ်ပိုင်ခွင့်ပါဝါအများကြီးရှိတယ်လို့ခံ စားမိပေမယ့် တချို့ကိစ္စတွေ အထူးသဖြင့် စည်းမျဉ်း ဥပဒေအသစ်ထုတ်ပြန်ရေးနဲ့ပတ်သက်ပြီးတော့ လုပ် ပိုင်ခွင့်ပါဝါ ကန့်သတ်ခံရတာမျိုးတွေရှိတယ်လို့ ခံစားမိတယ်။

မေး-ခင်ဗျားဟာ ပြီးခဲ့တဲ့မတ်လတုန်းက ပြင်သစ်ကို ရောက်ရှိခဲ့တယ်။ ပြင်သစ်ရောက်တာ အချိန်ပိုကြာတယ်လို့လည်းပြောခဲ့တယ်။ ပြင်သစ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေတွေကို ပြောပေး ပါဦး။ 

ဖြေ- ပြင်သစ်သမ္မတနဲ့ ဧည့်ခန်းထဲမှာထိုင်နေရတာ ထက် ပိုကြီးမားတဲ့ ရည်မှန်းချက်ရှိနေခဲ့တယ်။ ပြင် သစ်သမ္မတပြောနေတာတွေက ကမ္ဘာကြီးကိုအရမ်းဂရုစိုက်နေတာသိသာပါတယ်။ အဲဒီဆွေးနွေးမှုအတွင်း ထိုင်းနိုင်ငံနဲ့ ပြင်သစ်နိုင်ငံကြားဆက်ဆံရေး အကြောင်း တွေပြောဖြစ်ခဲ့တယ်။

ပြင်သစ်ဟာ နှစ်ပေါင်း ၃၀ဝ ကျော်အတွင်း မှာ ထိုင်းနိုင်ငံအတွက် အချိန်အကြာဆုံး ကုန်သွယ် ဖက်နိုင်ငံတစ်နိုင်ငံပါ။ ပြင်သစ်နိုင်ငံဟာ ဥရောပကို ဗီဇာမရှိဘဲ သွားရောက်ချိန်မှာလည်းအပြောင်းအလဲတွေကို အခမဲ့ပံ့ပိုးပေးခဲ့တယ်။ ပြင်သစ်သမ္မတဟာ ထိုင်းနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့တယ်။ထိုင်းနဲ့ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်များကြား တွေ့ ဆုံဆွေးနွေးခဲ့တယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့်မေလမှာ ပြင်သစ် နိုင်ငံကို သွားရောက်ဆွေးနွေးမှာဖြစ်ပါတယ်။ 

မေး- ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာလည်း မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုး ရကို ရာထူးကဖြုတ်ချခဲ့တယ်။ အဲဒီလို အရပ်သား အစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လက်နက်ကိုင် တိုက်ခိုက်လာခဲ့တယ်။ အဲဒီလို တိုက် ခိုက်လာမှုတွေကြောင့် နေရပ်စွန့်ခွာနေထိုင်နေရသူ နှစ်သန်းကျော်ရှိလာနေပြီး လူသားချင်းဆိုင်ရာစာနာ မှု အကူညီလိုအပ်ချက်တွေလည်း တိုးမြှင့်လာနေတယ်။ အများစု အိမ်နီးချင်း ထိုင်းနိုင်ငံနယ်စပ်ဒေသကိုဖြတ်ကျော်ပြီး ဝင်ရောက်လာတာတွေလည်းရှိခဲ့ တယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ မူဝါဒက ဘာလဲ၊ ထိုင်းအစိုးရအနေနဲ့ဘာတွေကူညီပေး ဖို့ အစီအစဉ်ရှိနေသလဲ။

ဖြေ- အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးဆွေးနွေးရ မယ့်စကားလုံးကတော့ လူသားချင်းဆိုင်ရာစာနာမှုအကူညီလိုအပ်သူရှိရင် ကူညီပေးဖို့ဖြစ်တယ်။ လော လောဆယ်အချိန်မှာတော့ ထိုင်းနိုင်ငံဘက်ခြမ်းမှာ နေရပ်စွန့်ခွာပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်နေသူထောင်နဲ့ချီပြီး ရှိနေတယ်။ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း အပြည့်အဝရဖို့များတယ်။

ထိုင်းနိုင်ငံရဲ့အလုပ်လက်မဲ့နှုန်းက တစ်ရာ ခိုင်နှုန်းအောက်မှာပဲရှိနေတယ်။ မြန်မာနဲ့ကမ္ဘောဒီး ယားနိုင်ငံတို့ကအလုပ်လာရောက်လုပ်ကိုင်နေသူတွေ ထိုင်းနိုင်ငံမှာအများကြီးရှိနေတယ်။ ထိုင်းနဲ့မြန်မာနိုင် ငံတို့ဟာ နယ်စပ်ဒေသချင်း ကီလိုမီတာ ၂၀ဝ၀ အထိ ထိစပ်နေတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလနောက်ပိုင်း ဒါမှ မဟုတ် ပြီးခဲ့တဲ့နှစ်လကျော်က အမေရိကန်ပြည် ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေး ပုဂ္ဂိုလ် ဂျိတ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ 

အဲဒီလိုမျိုးတွေ့ဆုံဆွေးနွေးပြီးချိန်မှာ သူ တို့တွေဟာ ကျွန်တော်နဲ့လည်း ထပ်မံဆွေးနွေးခဲ့ တယ်။ အဲဒီလိုမျိုး တွေ့ဆုံဆွေးနွေးချိန်မှာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးအခက်ခဲတွေကိုဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေကြား ထိုင်းနိုင်ငံကို ကြားဝင်ဆောင်ရွက်ပေးဖို့ unofficially ပုံစံမျိုးနဲ့တောင်းဆိုခဲ့တယ်။ ထိုင်းအစိုး ရဟာ မြန်မာနိုင်ငံရေးပြသာနာတွေကြောင့် အလုံးစုံ ပြည်တွင်းစစ်မဖြစ်ပွားစေဖို့အခြေနေတွေကို ထိန်းသိမ်း နိုင်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ အာရုံစိုက်နေတယ်။ ထိုင်းဟာ ဘက်မလိုက်တဲ့ ကြားနေနိုင်ငံတစ်ခု အနေနဲ့ မြန်မာ့ပြဿနာမှာ တောက်လောင်နေတဲ့ စစ်မီးကို အရှိန်မမြှင့်စေဖို့ တတ်နိုင်သမျှကူညီနိုင် မယ်ဆိုတာကို နိုင်ငံအများစုက သဘောတူတယ်လို့ သူ ယူဆထားတယ်။ ပြဿနာကို ပြည်တွင်းစစ်အဖြစ် လုံးလုံးလျားလျား မကြီးထွားသွားအောင် ထိုင်းနိုင်ငံ အနေနဲ့ ဘယ်လိုကဏ္ဍကနေ ပါဝင်နိုင်သလဲဆိုတာ ကိုလည်း အာရုံစိုက်သင့်ပါတယ်။ ပြဿနာက လောလောဆယ်မှာတော့ ဒီလောက်ကြီးမားတဲ့ကိစ္စမျိုးမ ဟုတ်သေးဘူး။ လက်ရှိအချိန်မှာ ပြည်တွင်းစစ်မီး ပိုမိုမကြီးထွားအောင်လုပ်ဖို့ အာရုံစိုက်သင့်တယ်။


မေး- ထိုင်းအစိုးရဟာ အရင်တုန်းက ဆေးခြောက်ကို အံအားသင့်စရာကောင်းအောင် သုံးစွဲခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပိတ်ပင်ဖို့ လုပ်ဆောင်တာတွေလည်းရှိလာနေတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးပြောပေးပါဦး။

ဖြေ- ထိုင်းအစိုးရရဲ့မူဝါဒတွေထဲမှာ ဆေးခြောက်ကို အပန်းဖြေရာမှာအသုံးပြုခွင့်ပေးတာတွေကို ပိတ်ပင် သွားမယ်။ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကိုတရားဝင်အသုံးပြုခွင့်ပေးခြင်းတွေဟာ ထိုင်းနိုင်ငံစီးပွားရေး တစ် ခုလုံးထက် ထိုင်းပြည်သူတွေအပေါ်အနုတ်လက္ခဏာ ဆောင်တဲ့သက်ရောက်မှုတွေဖြစ်လာစေတယ်။ ဒါ ကြောင့် ဆေးခြောက်ကို အပန်းဖြေရာမှာအသုံးပြုခွင့် ပိတ်ပင်မှာပါ။ ဆေးခြောက်ပိုင်ဆိုင်မှု ပမာဏအပေါ် မူတည်ပြီး ပြစ်ဒဏ်ပေးတာမျိုးတွေလည်းလုပ်ဆောင်မှာဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးအန္တရာယ်များကို ရင်ဆိုင်နေရကြောင်း JPMorgan အကြီးအကဲပြော

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved