Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုံတင်ပြသခွင့်ရရန် စောင့်ဆိုင်းနေသည့် ဇာတ်ကားပေါင်း (၂၅၀)ထက်မနည်းရှိနေသော်လည်း ဝန်ကြီးဌာနက ဝင်ကူရန်ခက်သည်အထိ ရုပ်ရှင်လောက ရုံတင်စနစ် ရှုပ်ထွေးနေ

အေဝိုင်အီး (NSS) - ဧပြီ ၅ 

ရုပ်ရှင်ရုံများတွင် ရုံတင်ပြသခွင့်ရရှိရန် ဆယ်စုနှစ်နီးပါးအထိစောင့်ဆိုင်းနေသော ဇာတ်ကားပေါင်း (၂၅၀)ထက် မနည်းရှိနေပြီး ရုံတင်ပြသခွင့်ကို လူတစ်စုက လိုသလိုခြယ်လှယ်နေသည့်ဖြစ်ရပ်များအပေါ် မျှမျှတတဖြစ်စေရန် စီစဉ်ပေးနိုင်မည့်သူ မပေါ်ပေါက်ဘဲဖြစ်နေကြောင်း ရုပ်ရှင်လောကမှ သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရုပ်ရှင်ဇာတ်ကားများ ရုံတင်စနစ်မှာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ စီမံခန့်ခွဲမှု အောက်တွင်ရှိမနေဘဲ လူတစ်စု၏ လိုသလို စီမံခန့်ခွဲနိုင်သော စနစ်အောက်တွင်သာရှိနေပြီး ပင်စည်ထက် ကိုင်းဖျား ကိုင်းနားက ပိုကြီးနေသော သဘောမျိုးဖြစ်ကြောင်း ရုပ်ရှင်လောကသားအချို့က ဝေဖန်ထောက်ပြလာသည်။ 

“ရုံတင်စနစ်ကို လူတစ်စုကပဲ လိုသလို စီမံခန့်ခွဲနေတာ။ ပြသခွင့်ရဖို့စောင့်ဆိုင်းနေရတဲ့ ဇာတ်ကားပေါင်း (၂၅၀) ထက်မနည်းရှိတယ်။ အဲဒီအထဲက အဆင့်မမီလို့ ဖယ်မယ်ဆိုရင် တောင်ရာဂဏန်းလောက် ကျန်ဦးမယ်။ အဲဒီအထဲ က တချို့ဇာတ်ကားတွေက ရိုက်ထားတာ (၁၀)နှစ်လောက်ရှိတယ်။ အဲဒီလိုဇာတ်ကားတွေကိုကျော်ပြီး မနေ့ တစ်နေ့ကမှ ရိုက်တဲ့ဇာတ်ကားတွေက ရုံတင်ခွင့်ရရုံတင်မဟုတ်ဘူး အဆိုတော်နေဝင်းဆိုရင် အကယ်ဒမီတောင် ရသွားသေးတယ်’’ ဟု ရုပ်ရှင်လောကသားတစ်ဦးက NP News ကို ပြောသည်။ 

ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သော ဒါရိုက်တာ ပြည်ဟိန်းသီဟကလည်း အလားတူဖြစ်စဉ်များကို ယူကျု့မှ တစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းရုပ်သံထဲ၌ ဘိုဆန်းနှင့် ဦးဇော်မင်းဟူသော နာမည်များကို ထည့်သွင်း ပြောကြားထားသည်။ သို့သော်လည်း အဆိုပါရုပ်သံကို နှစ်ရက်ခန့်အကြာတွင် ယူကျုပေါ်မှ ပြန်လည်ဖြုတ်ချခဲ့ပြီး အခြားသောအစားထိုး ရုပ်သံတစ်ခုဖြင့် ပြန်လည်ပြောကြားထားသည်ကို အံ့အားသင့်ဖွယ်တွေ့ရပြန်သည်။ ပြည်ဟိန်းသီဟက မြန်မာနိုင်ငံမှ ထွက်မပြေးမီကာလ၌ ရိုက်ကူးပေးခဲ့သော ဇာတ်ကားပေါင်း(၁၀)ကား ထက်မနည်းရှိနေပြီး အဆိုပါဇာတ်ကားများအတွက် ထုတ်လုပ်သူများက ခေါင်းကိုက်နေကြကြောင်းလည်း ပြန်လည်ကြားသိရသည်။ 


အထူးသဖြင့် ပြည်ဟိန်းသီဟကို နစက အစိုးရက ၅၀၅ ထုတ်မည်ဟု သတင်းများ ထွက်ပေါ်ထားသည့်အတွက် ၄င်းရိုက်ကူးခဲ့သောဇာတ်ကားများကို ရုံတင်ပြသရန်မှာ အခက်အခဲရှိနေသည့် သဘောမျိုးလည်းဖြစ်သည်။ ‘‘ထုတ်လုပ်သူတွေ ခေါင်းခဲနေတာပေါ့။ သူရိုက်သွားတာက သိန်းပေါင်း သုံးလေးသောင်းဖိုးမကဘူးလေ။ ပြခွင့်ပေးရ မလား၊ မပေးရဘူးလားဆိုတာ သက်ဆိုင်သူတွေ စဉ်းစားရကျပ်ကုန်ပြီ” ဟု ရုပ်ရှင်လောကသားတစ်ဦးက ပြော သည်။ 

ရုပ်ရှင်ရုံတင်ခွင့်ဇာတ်ကားများကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနဘက်မှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းမှုတွင် ဝန်ကြီးဌာနကိုပါ ရုံပိုင်ရှင်များက ပြန်ချည်သည့်သဘောမျိုး  တင်ပြချက်များရှိသည်ဟု ဆိုသည်။ အထူးသဖြင့် ရုပ်ရှင်ကားတစ်ကားကို ရုံတင်ပြသမည်ဆိုပါက လျှပ်စစ်မီး မမှန်ခြင်းကြောင့် မီးစက်မဖြစ်မနေမောင်းရမည်ဖြစ်ကြောင်း၊ မီးစက်မောင်း၍ ပြသသောဇာတ်ကားကို ကြည့်ရှုသူမရှိပါက ရုံပိုင်ရှင် အရှုံးဖြင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းကဲ့သို့ရှုံးပါက ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မည်ကဲ့သို့တာဝန်ယူပေးနိုင် မည်နည်းဆိုသော သဘောမျိုးအထိ ပြန်ချည်ခဲ့ခြင်းမျိုးဟု ကြားသိရသည်။ 


‘‘မီးစက်မောင်းလို့ ကုန်ကျတဲ့ စာရွက်ကြီး ယူလာပြတယ်ဗျာ။ ဒီတော့ဝန်ကြီးဌာနကလည်း လျှပ်စစ်မီးကိစ္စနဲ့ ပြန်အချည်ခံရသလို ဖြစ်နေပြန်ရော’’ ဟု ဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။ ရုံတင်ပြသခွင့်ရရှိရန် စောင့်ဆိုင်းနေရသော ဇာတ်ကားပေါင်း(၂၅၀)ထက် မနည်းတွင်လည်း အချို့သော ဇာတ်ကားများမှာ ဗီဒီယိုဇာတ်ကား ဆန်ဆန် ရိုက်ကူးထားသည့်အပြင် ရုံတင်ပြသရန် အသံဖြစ်စေ၊ ရုပ်ပိုင်းဖြစ်စေ အရည်အသွေးမမီသည့် ဇာတ်ကားများ ပါဝင်နေကြောင်းလည်း ကြားသိရသည်။ သို့သော်လည်း ဝန်ကြီးဌာန အနေဖြင့် တတ်နိုင်သည့်ဘက်မှနေ၍ ရုံပိုင်ရှင်နှင့် ဇာတ်ကားပိုင်ရှင် ထုတ်လုပ်သူများအကြား စေ့စပ်ညှိနှိုင်းပေးရန် ပြင်ဆင်ထားကြောင်းဆိုသည်။ “မှားနေတာက ရုံတင်စနစ်ပဲ။ ကျွန်တော်တို့  အဘိုးတွေခေတ်က တစ်နှစ်ကို ကားတစ်ကား ရုံတင်ခွင့်ချပေးတယ်။ ဖလင်တွေ ထုတ်ပေးတယ်။ ရုပ်ရှင်ကားတစ်ကားမှာ မင်းသား အားနည်း တယ်၊ မင်းသမီး အားနည်း တယ်ဆိုတာတွေက ရုံရှင်က ဆုံးဖြတ်ပေးရတာ မဟုတ်ဘူး။ ပရိသတ်က ဆုံးဖြတ်ပေး ရတာ။ ပရိသတ်က မကြိုက်လို့ မကြည့်ဘူးဆိုရင် ထုတ်လုပ်ရေးက နားလည်ပေးတယ်။ အဓိကက ရုံတင်ခွင့်အထိကို မရခဲ့တာ။ လူစွဲတွေ ပုဂ္ဂိုလ်စွဲတွေနဲ့ ဝေစားမျှစားနဲ့ ခွဲစားခဲ့ကြလို့ ဒီလိုတွေဖြစ်ကုန်တာ” ဟု ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောသည်။ 

ရုံတင်ရက်များနှင့်ပတ်သက်၍ တစ်နှစ်လျှင် (၅၂)ပတ်သာရှိသည့်အတွက် အမှန်တကယ် ရိုက်ကူးသင့်သော ဇာတ်ကားအရေအတွက်မှာလည်း ဇာတ်ကားပေါင်း(၅၀)ထက် ပိုမများသင့်ကြောင်း၊ အချို့သောထုတ်လုပ်ရေးများ မှာ မည်သည့်နေရာမှ ရရှိ ထားသည် မဖော်ပြနိုင်သော ငွေကြေးများဖြင့် ရုပ်ရှင်လောကထဲ၌ ဇာတ်ကားများစွာကို ရိုက်ကူး၍ ရုံတင်ခွင့်၊ အကယ်ဒမီ တန်းဝင်ခွင့်၊ အကယ်ဒမီဆုတစ်ခုခု ရရှိခွင့်အတွက် မျှော်လင့်နေကြကြောင်းလည်း ကြားသိရသည်။ သို့သော် လွန်ခဲ့သော(၁၀)နှစ်ခန့်က တည်းက ရိုက်ကူးထားသည့် ဇာတ်ကားများ၏အလှည့် ရောက်၊ မရောက်မသေချာသော်လည်း လူပုဂ္ဂိုလ်အချို့၏ ဇာတ်ကားများမှာ လပိုင်း အတွင်း ရိုက်ပြီးနောက် လပိုင်းအတွင်းမှာပင် ရုံတင်ခွင့်ရရှိနေသည်ကို သိသိသာသာ မြင်တွေ့နေရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟိုပန်မြို့ပေါ်ရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများကို အရပ်သားများထံ ငှားရမ်းမည်ဟု 'ဝ’ တပ်ဖွဲ့က ဆိုင်းဘုတ်ထောင် ကြေညာ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved