Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟိုပန်မြို့ပေါ်ရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများကို အရပ်သားများထံ ငှားရမ်းမည်ဟု 'ဝ’ တပ်ဖွဲ့က ဆိုင်းဘုတ်ထောင် ကြေညာ

Iris (NSS) - ဧပြီ ၅ 

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသရှိ ဟိုပန်မြို့ပေါ်မှ နိုင်ငံတော်ပိုင်အဆောက်အအုံများကို နိုင်ငံတော်၏ခွင့်ပြုချက် ရထားခြင်းရှိ/မရှိ မသိရဘဲ  'ဝ' တပ်ဖွဲ့က ၄င်းတို့၏သဘောဆန္ဒအတိုင်း အခကြေးငွေယူ၍ ငှားရမ်းခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နယ်မြေခံသတင်းရင်းမြစ်အချို့ထံမှ သိရသည်။ 

နိုင်ငံတော်ပိုင်အဆောက်အအုံများကို နိုင်ငံတော်၏ ခွင့်ပြုချက်ရှိမှသာလျှင် ငှားရမ်းခွင့်ရှိထားသကဲ့သို့ ငှားရမ်းမည့် သူကလည်း နိုင်ငံတော်ခွင့်ပြုချက်မပါဝင်ဘဲ ငှားရမ်းသုံးစွဲခွင့်မရှိကြောင်း ဥပဒေကြောင်းအရ နားလည်ထားပြီးသား ဖြစ်သည်။ သို့သော်လည်း 'ဝ' အထူးတပ်ဖွဲ့က ဟိုပန်မြို့အတွင်းရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများကို အများပြည် သူထံငှားရမ်းမည်ဟု  ၂၀၂၄ ခုနှစ် မတ်လ(၁၅)ရက်တွင် မြို့လယ်နေရာများ၌ဆိုင်းဘုတ်များထောင်၍ စတင် ကြေညာခဲ့ခြင်းမျိုးဖြစ်ကြောင်းသိရသည်။ 

'ဝန်ထမ်း အိမ်ရာပါ အပါဆိုရင် အလုံးရေ(၃၀)ထက်မနည်းတော့ ရှိလိမ့်မယ်။ အားလုံးသိမ်းပြီးသွားလို့ ပြန်ငှားစားဖို့ ကြေညာတဲ့သဘောပဲ။ နိုင်ငံတော်ဝန်ထမ်းတွေက အဲဒီမှာမရှိကြတော့ဘူး။ အရင်က ဒါမျိုးကြေညာတာ မတွေ့ဖူးသေးဘူး။ ဒါကခွင့်ပြုလို့ရလားဆိုတာ နိုင်ငံတော်အစိုးရကိုပဲ ပြန်မေးချင်တယ်' ဟု လားရှိုးတွင် ယာယီပြောင်းရွှေ့နေထိုင်ရသော ပြည်နယ်အဆင့်အရာရှိတစ်ဦးက NP News ကို ပြောသည်။ 

ဟိုပန်မြို့လယ်တွင် ထောင်ထားသော ဆိုင်းဘုတ်ပါစာများအရ အိမ်ရာငှားရမ်းခြင်းဆိုင်ရာကိစ္စရပ်များ ထိရောက် ချောမွေ့စေရန်အလို့ငှာ လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေရှိစေရန် ဟိုပန်ဒေသအတွင်း နေထိုင်သူများ နှင့် အနယ်နယ်အရပ်ရပ်မှ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအနေဖြင့် လစ်လပ်နေသော အစိုးရပိုင် အဆောက်အအုံ များကို ငှားရမ်းနိုင်ပြီဖြစ်သည်ဟု ဖော်ပြထားသည်။ စိတ်ပါဝင်စားသဖြင့် ငှားရမ်းလိုသူများအနေဖြင့် ဟိုပန်ဒေသ ဘဏ္ဍာရေးအလုပ်အဖွဲ့ရုံးသို့ တရားဝင် စာရွက်စာတမ်းများနှင့်တကွ စာချုပ်ချုပ်ဆို ငှားရမ်းနိုင်ကြောင်းလည်း ရေးသားထားသည်။ ဆိုင်းဘုတ် အကြီးကြီးတင်ပြီး တော့ အစိုးရကို ပမာမခန့် လုပ်သလို ဖြစ်နေတယ်။ ကျွန်တော်တို့  အစိုးရရုံး တွေကို အဲဒီလိုလုပ်တာတော့ မခံနိုင်ဘူးဗျ' ဟု ပြည်နယ်အရာရှိက ပြောသည်။ 

အထူးသဖြင့် ‘ဝ’ အဖွဲ့ဘက်က ယခုကဲ့သို့ နိုင်ငံတော်ပိုင် အဆောက်အအုံများကို ဆိုင်းဘုတ်ထောင်၍ ငှားရမ်းနေခြင်းများမှာ ပြည်နယ်အစိုးရကဖြစ်စေ၊ ပြည်ထောင်စုအစိုးရကဖြစ်စေ ခွင့်ပြုချက်ပေးထားခြင်းရှိမရှိကို သိရှိရန် လိုအပ်ကြောင်းလည်းဆိုသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည်မှာမှန်သော်လည်း နိုင်ငံတော်ပိုင် အဆောက်အအုံများကို ဒေသ အုပ်ချုပ်ရေး စီမံခန့်ခွဲမှုယန္တရားများအတွက် အသုံးပြုခြင်းမျိုး မဟုတ်ဘဲ အရပ်သားပြည်သူများကို ငှားရမ်းခြင်းများသည် ဥပဒေနှင့် ညီ/မညီကို သိရှိရန် လိုအပ်ခြင်းလည်းဖြစ်သည်။ အဆောက်အအုံငှားရမ်းသည့် ဈေးနှုန်းများအဖြစ်လည်း သာမန်ဆိုင်ခန်းများအတွက် 

တစ်လလျှင် ယွမ် ၅၀ဝ မှ ၁၀ဝ၀ ၊ ဗီလာအမျိုးအစား ခြံဝန်းကျယ်ကဲ့သို့သောနေရာများအတွက် တစ်လ လျှင် ယွမ် ၂၀ဝ၀ မှ ၆၀ဝ၀ ၊ တိုက်ခန်းများအတွက် တစ်လလျှင် ယွမ် ၈၀ဝ မှ ၁၂၀ဝ အထိ သတ်မှတ်ထား ကြောင်း လည်းသိရသည်။ ငှားရမ်းခွင့်ပြုသည့် ကာလမှာလည်း (၆)လသာဖြစ်ပြီး ငှားရမ်းခ ဈေးနှုန်း များတွင် ရေနှင့် မီတာခ များ ပါဝင်မည်မဟုတ်ဘဲ ငှားရမ်းသူက သီးခြားထပ်မံ ကျခံရမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယခုနှစ် သင်္ကြန်ကာလ၌ ပြည်ပခရီးသွားလာရောက်မှု နည်းပါးနိုင်သော်လည်း ပြည်တွင်းခရီးသွားလည်ပတ်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ဟုဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved