Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“ဘာကြောင့် အမေရိကန်က တရုတ်ကို မလိုမုန်းထား ပိတ်ဆို့တိုက်ခိုက်နေတာလဲ” (ဘာသာပြန်ဆောင်းပါး)

ပရမတ္တ ကိုမောင်ဘ (NP News) - မတ် ၃၁

ဒုတိယကမ္ဘာစစ်ပွဲကြီးပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာ အမေရိကန်ဟာ တစ်ကမ္ဘာလုံးထုတ်လုပ်ရေး ပမာဏရဲ့ တစ်ဝက်လောက်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ကမ္ဘာစစ်ပွဲကြီးမှာ ပါဝင်တိုက်ခိုက်ခဲ့ရတာ ကြောင့် မွဲပြာကျနေတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေရော၊ စစ်ရှုံးနိုင်ငံ ( ဂျာမနီနဲ့ ဂျပန်) တွေပါ အမေရိကန်ပို့ကုန်တွေအတွက် ငွေပေးချေဖို့ အခက်အခဲကြုံကြရပါတယ်။ အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန်ဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ( IMF) နဲ့ ကမ္ဘာ့ဘဏ် ( World Bank ) ဆိုတာကိုတည်ထောင်ပြီး အရင်းအနှီးလိုအပ်တဲ့နိုင်ငံတွေကို ငွေချေးပေးကာ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအုတ်မြစ်ကို တည်ဆောက်ပါတယ်။ ဒီလိုနည်းအားဖြင့် အမေရိကန် ဟာ အများအကျိုးဆောင်ဝါဒ မျက်နှာဖုံးအောက်မှာ ကမ္ဘာ့မြီရှင်နိုင်ငံကြီးတစ်ခုဖြစ်လာခဲ့ပြီး၊ သူ့ အတွက်အလွန်ကြီးမားတဲ့ သြဇာပါဝါကိုလည်း တည်ဆောက်ခဲ့ပါတယ်။ ဒီလို ဘဏ်ကြီးနှစ်ခုတည်ထောင်တဲ့တစ်ချိန်တည်းမှာ အမေရိကန် ဒေါ်လာကိုလည်း ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးအဖြစ်ပုံဖော်လိုက်ပါတယ်။


အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ အမေရိကန်ဟာ သူ့သြဇာမခံတဲ့ နိုင်ငံတွေကိုစစ်ပြုဖို့အတွက် စစ်ဖက်ဆိုင်ရာမှာ ငွေအမြောက်အများသုံးခဲ့တာကြောင့် ဘတ်ဂျက်လိုငွေပြမှု တနေ့တခြားကြီးထွားလာ ပါတယ်။ ဒီလို အကြီးအကျယ် ဘတ်ဂျက်လိုငွေပြမှုတွေကြောင့် အမေရိကန်အစိုးရအဆက်ဆက်က ချေးငှားသုံးကြရပါတယ်။ အဲဒီ အခါ ဒေါ်လာနဲ့ ချိတ်ဆက်ထားတဲ့ ရွှေတွေဟာ ဥရောပနိုင်ငံတွေဆီကို ပြန်လည်စီးဆင်းသွားပါတယ်။ ဒါကြောင့် သမ္မတနစ်ဆင်လက်ထက် ၁၉၇၁ ခုနှစ် သြဂုတ်လမှာ အမေရိကန် ဒေါ်လာနဲ့ ရွှေချိတ်ဆက်ထားတာကို ဖျက်သိမ်း လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ အမေရိကန်ရဲ့ အဲဒီလိုတဖက်သတ်လုပ်ရပ်ကို ဘယ်နိုင်ငံကမျှ စိန်မခေါ်ရဲကြပါ။ အကြောင်းကတော့ အမေရိကန်ဒေါ်လာပြိုလဲသွားရင် သူနဲ့ကုန်သွယ်နေကြပြီး ဒေါ်လာကိုအရန်ငွေကြေး အဖြစ်ကိုင်ထားတဲ့ နိုင်ငံတွေအားလုံး ထိခိုက်နစ်နာကြတော့မှာဖြစ်လို့ပါဘဲ။ အဲဒါနဲ့ တချိန်တည်းလိုမှာဘဲ အမေရိကန်ဟာ ဆော်ဒီအာရေဗျနဲ့ ရေနံထုတ်လုပ်တဲ့ အိုပက်နိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပါတယ်။ အဲဒီစစ်လက်နက်ပစ္စည်းတွေအတွက် အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ်ထားတဲ့ ရေနံတွေ ပြန်ဝယ်ပါတယ်။ ဒီလိုနည်းနဲ့ ဒေါ်လာဟာ ကမ္ဘာ့ဘဏ္ဍာရေးလောကကိုလွှမ်းမိုးတဲ့ ငွေကြေးအဖြစ် ရောက်ရှိလာပါတယ်။


ဂျပန်၊ ဂျာမနီနဲ့ ယူကေ (ဗြိတိသျှ) လိုနိုင်ငံတွေဟာ အမေရိကန်နဲ့ ကုန်သွယ်ရာမှာ ရရှိလာတဲ့ ကုန်သွယ်ရေး ပိုငွေ (အမြတ်ငွေ) တွေကို အမေရိကန်ရဲ့ အစိုးရငွေချေးစာချုပ်တွေပြန်ဝယ်ယူတာကို မလွှဲမရှောင်သာ လုပ်ကြရပါတော့တယ်။ ( ရွှေနဲ့လဲယူလို့ မရတော့ အတိုးရတဲ့ ငွေချေးစာချုပ်ဘဲ ဝယ်ထားရတာပေါ့) ဒီလိုနည်းနဲ့ အမေရိကန် ဒေါ်လာကို ကမ္ဘာ့ အရန်ငွေကြေးအဖြစ် ခိုင်မာအောင် ထပ်မံကျားကန်ပေးသလို ဖြစ်သွားပါတော့တယ်။


အမေရိကန်ရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေက သူတို့ရတဲ့ ကုန်သွယ်ရေးပိုငွေတွေကို အမေရိကန်ငွေတိုက်စာချုပ်တွေပြန်ဝယ်ယူခြင်းအားဖြင့် အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းကို အနိမ့်မှာ တန့်နေအောင် ထိန်းထားပေးပါတယ်။ ဘဏ်အတိုးနှုန်းနိမ့်တဲ့အတွက် အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေက ဘဏ်ကငွေချေးငှားပြီး ရင်းနှီးမြှုပ်နှံ ငွေလိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ သွားရောက်ချေးပေး မြှုပ်နှံကြပါတယ်။ ဒီလို ငွေချေးပေးတဲ့အတွက် မြီရှင်အဖြစ်နဲ့ လက်ဝါးကြီးအုပ်ခွင့်ရရှိအောင်လည်း ဖိအားတွေ ပေးပါတယ်။


ဒီလို အမေရိကန်‌ ဒေါ်လာကလွှမ်းမိုးတဲ့အနေအထားက ဘယ်လိုအဓိပ္ပါယ်ဆောင်နေသလဲဆိုရင် ကျန်ဖွံ့ဖြိုးဆဲ ကမ္ဘာတစ်ခုလုံးဟာ အမေရိကန်ရဲ့လက်အောက်ခံလိုဖြစ်လာပါတယ်၊ တစ်ချိန်တည်းမှာဘဲ အဲဒီနိုင်ငံတွေက သဘာဝသယံဇာတတွေကို အများအပြားထုတ်ယူသုံးစွဲပြီး အနည်းအကျဉ်းလောက်သာ ပြန်ပေးပါတယ်။


ဒီလိုအနေအထားက တရုတ်ပြည်နဲ့ ဘာဆိုင်သလဲ၊ အမေရိကန်က တရုတ်ကို ဘာကြောင့် ခြိမ်းခြောက်မှုလို့ မြင်တာလဲ ဆိုတာကို ရှင်းပြပါ့မယ်။


တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လွန်ခဲ့တဲ့ဆယ်စုနှစ် လေးခုလောက်ကစပြီး တဖြည်းဖြည်းတိုးတက် လာခဲ့တာ အခုချိန်မှာ ကမ္ဘာ့နံပါတ်နှစ် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လို့လာပါပြီ။ ဒါကြောင့် မဖွံ့ဖြိုးသေး တဲ့ နိုင်ငံတွေကို ချေးငှားပေးပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်လာပါတယ်။ တရုတ်က ချေးပေးတဲ့ ဒီငွေပင်ငွေ ရင်းတွေအတွက် အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်တို့က တောင်းဆိုသလို စနစ်အပြောင်းအလဲတွေလုပ်ဖို့ မလိုပါဘူး။ ဒီလိုငွေချေးယူနိုင်တဲ့ ပင်ရင်းနေရာရွေးချယ်ခွင့်ရှိလာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ သြဇာခံစရာ မလိုတော့သလို အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကိုလည်း ကြောက်စရာ မလိုတော့ပါဘူး။ 


တကယ်လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက သူတို့ဖာသာဖူလုံတဲ့ အခြေခံ level တစ်ခုကို တည်ဆောက်နိုင်ပြီး တခြား နိုင်ငံတွေနဲ့ ကုန်သွယ်ရာမှာ သူတို့ကိုယ်ပိုင်ငွေကြေးနဲ့ ဆောင်ရွက်နိုင်ပြီဆိုရင် အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုဟာ တဖြည်းဖြည်းမှေးမှိန်သွားမှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်အနေနဲ့ တရုတ်ကို ခြိမ်းခြောက်မှုတစ်ခုလို့ ရှုမြင်တဲ့ အရင်းခံအကြောင်းရင်းဖြစ်ပါတယ်။


တရုတ်ရဲ့ စစ်ရေးအင်အား တောင့်တင်းလာတာကြောင့်မဟုတ်သလို၊ တရုတ်မှာ အနောက်တိုင်း ဒီမိုကရေစီ စနစ်ကို မကျင့်သုံးလို့လည်းမဟုတ်ပါဘူး။ တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မှာကို စိုးရိမ်တာကြောင့်လည်းမဟုတ်ပါဘူး။ 


အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုနဲ့ အမေရိကန် ဘဏ္ဍာရေးလက်ဝါးကြီးအုပ်မှုကို တရုတ်က ခြိမ်းခြောက်နေတဲ့ အတွက်ကြောင့်သာဖြစ်ပါတယ်။ အမေရိကန်ဟာ တရုတ်ကို အထီးကျန် ဝိုင်းပယ်ထားဖို့ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက လုပ်ဆောင်နေခဲ့တာပါ။ အထူးသဖြင့် တရုတ်ဦးဆောင်တဲ့ စီးပွားရေးဟာ  ရွေးချယ်စရာတစ်ခုအနေနဲ့  ထင်ထင်ရှားရှားပေါ်ထွက်လာခဲ့တဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပတ်ဝန်းကျင်လောက်က စခဲ့ကြတာလို့ဆိုနိုင်ပါတယ်။


ဘာဘဲပြောပြော မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေက စစ်ဖြစ်ဖို့ အလားအလာတွေ ပိုမိုများ ပြားလာနေတယ်ဆိုတာကို ပြနေပါတယ်။


ပထမအချက်အနေနဲ့ ၂ဝ၁၆ ခုနှစ်မှာ တရုတ်ဟာ (ဝယ်ယူသုံးစွဲနှိုင်အားနဲ့ တွက်ချက်ထားတဲ့) ဂျီဒီပီအရ ကမ္ဘာ့အကြီးဆုံးစီးပွားရေးအဖြစ် အမေရိကန်ကို ‌ကျော်တက်သွားပါပြီ။ ပုံမှန်တွက်ချက်တဲ့ ဂျီဒီပီ အ ရလည်း နောက်ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ကျော်တက်သွားဖွယ်ရှိနေပါတယ်။ 


ဒုတိယအချက်အနေနဲ့ အမေရိကန်က ဖြစ်လည်းမဖြစ်စေချင်၊ မျှော်လင့်လည်းမထားတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ တရုတ်နဲ့ ရုရှားဆက်ဆံရေးဟာ ပိုမိုအားကောင်းလာနေတာပါ။  


တတိယအချက်အနေနဲ့ တရုတ်ရဲ့ စစ်အင်အားဟာ အမေရိကန်နဲ့ ဗိန်မသာလိန်မသာ အဆင့်အထိ အလျင် အမြန် ကြီးထွားလာနေပါတယ်။ အမေရိကန်တိုက်ခိုက်မှုကို ကြီးကြီးမားမား ခုခံကာကွယ်နိုင်တဲ့ အားသာချက်တွေ  တရုတ်မှာရှိနေပါပြီ။ ဒီအချက်က အမေရိကန်ရေတပ်ကို ပစိဖိတ်သမုဒ္ဒရာတဝှမ်းလုံး ဖြန့်ကျက်ဖို့ ဖိအားပေးနေပါတယ်။


စတုတ္ထအားဖြင့် BRIC ( ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် ကြီးလေးကြီးအဖွဲ့)၊ SCO ( ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့) BRI ( ခါးပတ်လမ်း ပဏာမခြေလှမ်း) စတာတွေဟာ စက်မှုလုပ်ငန်းနဲ့ အခြေခံ အဆောက်အအုံတည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုတွေအဖြစ်၊  ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စိတ်ဝင်တစား အားပေးမှုကို အလျင်အမြန် ရရှိနေပါတယ်။


အမေရိကန်အနေနဲ့ ပိုသတိထားစောင့်ကြည့်နေတာက BRICS အဖွဲ့အစည်းပါ။ ဒီအဖွဲ့ဟာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ပါဝင်တဲ့ စီးပွားရေးမဟာမိတ်အဖွဲ့ပါ။


ဒီနိုင်ငံတွေရဲ့ စုစုပေါင်းလူဦးရေက သန်းပေါင်း (၃၂ဝဝ) ရှိလေတော့ တစ်ကမ္ဘာလုံးလူဦးရေရဲ့ ၄၂ ရာခိုင်နှုန်းရှိသလို၊ စီးပွားရေးအရလည်း တစ်ကမ္ဘာလုံး ဂျီဒီပီရဲ့ ၃ဝ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့ပြင် ဒီအဖွဲ့ကို အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ဆော်ဒီအာရေဗျ၊ အီရန်၊ အီဂျစ်၊ နိုက်ဂျီးရီးယား၊ ဆူဒန်နဲ့ တခြားနိုင်ငံအတော်များများ ဝင်ရောက်လာကြဖို့ တန်းစီနေပါတယ်။ ဒီအထဲက နိုင်ငံတစ်ချို့ဟာ BRICS မှာဝင်ခွင့်ရဖို့ လျှောက်ထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အနေနဲ့ အဖွဲ့ဝင်ဖြစ်ဖို့ အရည်အချင်း သတ်မှတ်ချက်တွေ ကြေငြာထားတာမရှိသလို၊ ဘယ်နိုင်ငံတွေ ကလျှောက်လွှာတင်ထားပြီး ဖြစ်တယ်ဆိုတာလည်း ထုတ်ဖေါ်ပြောထားတာမရှိသေးပါဘူး။ ဒီ BRICS မဟာမိတ် အဖွဲ့က ၂ဝ၁၅ ခုနှစ်ကတည်းက ရှန်ဟိုင်းမှာ အခြေစိုက်တဲ့ NDB- new development Bank ဖွံ့ဖြိုးရေးသစ် ဘဏ် ဆိုတာကို တည်ထောင်ထား ပြီးဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အခြေခံအဆောက်အအုံတည်ဆောက်ရေးနဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေကို ပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနိုင်ငံတွေအနေနဲ့ ငွေချေးငှားရာမှာ အိုင်အမ်အက်ဖ်တို့ ကမ္ဘာ့ဘဏ်တို့နဲ့ အပြိုင် ရွေးချယ်စရာတစ်ခုအဖြစ် ရှိလာနေပါတယ်။ 


BRICS အဖွဲ့ကိုစတင်တည်ထောင်တဲ့ နိုင်ငံတွေအနေနဲ့ ညီတူမျှတူ ရှယ်ယာထည့်ဝင်ကြပြီး၊ တူညီတဲ့ မဲပေးခွင့်ရရှိကြပါတယ်။ ဒီအချက်ကလည်း အိုင်အမ်အက်ဖ်တို့ ကမ္ဘာ့ဘဏ်တို့မှာ ပေါ်လစီချမှတ်တဲ့နေရာ နဲ့ ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာတွေမှာ အမေရိကန်က သိပ်ဗိုလ်ကျလွန်းလို့ ဝေဖန်သံတွေဆူညံနေတာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။


အမေရိကန်ဒေါ်လာကို ကမ္ဘာ့အရန်ငွေကြေးအဖြစ်အသုံးပြုကြရတဲ့အတွက် အမေရိကန်နိုင်ငံအနေနဲ့ အခြား နိုင်ငံတွေအပေါ် အများကြီး အသာစီးရမှုတွေရှိပါတယ်။ အမေရိကန်က ဒေါ်လာကို လက်နက်အဖြစ် အသုံးချ တိုက်ခိုက်ရမှာကိုလည်း ဝန်မလေးဘဲ အီရန်၊ ဗင်နီဇွဲလား၊ ဆီးရီးယားနဲ့ တခြားနိုင်ငံတွေကို ဆန့်ရှင်ချ ပိတ်ဆို့ အရေးယူတာမျိုးလုပ်ပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ ရုရှား-ယူကရိန်း စစ်ပွဲဖြစ်လာတော့ အမေရိကန်က ဒေါ်လာကိုလက်နက်အဖြစ်အသုံးချပြီးတိုက်ခိုက်တာကို အဆင့်သစ် တရပ်မြှင့်တင်ပြီး လုပ်ခဲ့ပါတယ်။ အဲဒါက အမေရိကန်နိုင်ငံ ဘဏ်တွေထဲမှာထားတဲ့ ရုရှားရဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံခြားအရန်ငွေတွေကို ထုတ်ယူခွင့်ပိတ်ပင်တာပါ။ ဒီလိုလုပ်တာဟာ နိုင်ငံတကာ ဥပဒေတွေ စံချိန်စံနှုန်းတွေနဲ့ မညီညွတ်တဲ့ ဗြောင်ကျကျ စော်ကားမှုတစ်ခုပါဘဲ။ ဘာဖြစ်လို့လည်းဆို တော့ အချုပ်အခြာအာဏာပိုင် ဓနဥစ္စာတွေဟာ တခြားနိုင်ငံတစ်ခုရဲ့ သိမ်းပိုက်မှု၊ စွက်ဖက်မှု ကင်းလွတ်ခွင့်ရှိလို့ဖြစ်ပါတယ်။ အမေရိကန်က ဒီလိုလုပ်လိုက်တဲ့အတွက် ဒေါ်လာအပေါ် ကမ္ဘာ့အရန် ငွေကြေး အဖြစ်လက်ခံ ယုံကြည်မှုနဲ့ တည်ငြိမ်မှုကို ဖျက်ဆီးလိုက်သလိုဖြစ်သွားပါတယ်။


ဒီလုပ်ရပ်က တခြားနိုင်ငံတွေကိုပါ သတိပေးခေါင်းလောင်းထိုးလိုက်သလိုပါဘဲ။ အဲဒီနိုင်ငံတွေက သူတို့ကိုင်ထားတဲ့ ဒေါ်လာတွေကို တခြားအစားထိုးစရာ ဓနဥစ္စာတွေနဲ့ အစားထိုးဖို့ ကြံစည်တွေးတော လာကြပါတော့တယ်။ မကြာသေးတဲ့ နှစ်တွေအတွင်းမှာ တရုတ်ယွမ်ငွေဟာ ကမ္ဘာ့ကုန်သွယ်ရေးမှာ နေရာယူမှု ပိုမိုများပြားလာတာကို တွေ့ရပါတယ်။


ခါးပတ်လမ်း ပမာဏစီမံကိန်း ( BRI ) ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် နှစ်နိုင်ငံအကြား ငွေကြေးလဲလှယ် ခြင်းဆိုင်ရာ သဘောတူညီချက်ကိုလည်း နိုင်ငံပေါင်း ၂၂ နိုင်ငံနဲ့ တရုတ်က လက်မှတ်ထိုးခဲ့ပါတယ်။ တရုတ် ယွမ်ငွေနဲ့ စာရင်းရှင်းဖို့က နိုင်ငံ (၈) နိုင်ငံနဲ့ သဘောတူထားပါတယ်။ တရုတ်က ရုရှားနဲ့  ကုန်သွယ်ရေးကိုလည်း ပိုမိုတိုးချဲ့လာ ခဲ့ပါတယ်။ အဲဒီကုန်သွယ်မှုရဲ့ ကြီးမားတဲ့ ပမာဏတစိတ်တပိုင်းဟာ တရုတ်ယွမ်ငွေနဲ့ စာရင်းရှင်းလင်းကြမှာဖြစ်ပါ တယ်။ 


တရုတ်ပြည်အနေနဲ့ ရေနံဒေါ်လာ ( petrodollar ) လက်ဝါးကြီးအုပ်မှုကို ချိုးဖျက်ဖို့အတွက် ဆော်ဒီအာရေ ဗျနဲ့လည်း ဆွေးနွေးနေပါတယ်။ တချို့ ရေနံအဝယ် ကန်ထရိုက်စာချုပ်တွေမှာ ယွမ်ငွေနဲ့ စျေးနှုန်းသတ် မှတ် ရောင်းဝယ်ကြဖို့ ချုပ်ဆိုထားပါတယ်။ တရုတ်ဟာ အခုချိန်မှာ ဆော်ဒီအာရေဗျရဲ့ အကြီးဆုံးရေနံဝယ် လက်ဖြစ်နေတဲ့အတွက် ရေနံဖိုးကို အမေရိကန်ဒေါ်လာနဲ့ ပေးချေရတာက လုံးဝမဆီလျော်တဲ့ကိစ္စပါဘဲ။


BRICS အဖွဲ့ကလည်း ဒေါ်လာအပေါ်မှီခိုနေရမှု လျှော့ချဖို့အတွက် အရန်ငွေကြေးအသစ်တခု တီထွင်ဖို့ အလွန်စိတ်အားထက်သန်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


၂ဝ၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ BRICS နိုင်ငံတွေရဲ့ ၁၄ ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာ ဗလာဒီမာ ပူတင်က ၎င်းတို့အနေနဲ့ မျှတတဲ့ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ အရန်ငွေကြေးသစ်တစ် မျိုးကို ပေါ်ထွန်းလာစေဖို့ ပြင်ဆင်နေပြီလို့ ကြေညာပါတယ်။


တကယ်လို့ BRICS က ငွေကြေးအသစ်ထုတ်ဝေမယ်၊ အဖွဲ့ဝင်သစ်တွေကိုလည်း တိုးချဲ့မယ်ဆိုရင် ဒီငွေကြေး အသစ်ဟာ မုချဘဲ ဒေါ်လာကို စိန်ခေါ်လာတော့မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိ BRICS အဖွဲ့ဝင်တွေနဲ့ နောက်တိုးချဲ့လာမဲ့ နိုင်ငံတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ကြီးမားတဲ့ အစိတ်အပိုင်းနဲ့ ကမ္ဘာ့သယံဇာတအများပိုင်းကို ပိုင်ဆိုင်ကြလို့ဖြစ်ပါတယ်။


သူတို့အချင်းချင်းကြားမှာ ဒီငွေကြေးသစ်ကို သုံးစွဲကြမယ်ဆိုတာ အလွန်ကျိုးကြောင်းဆီလျော်ပါတယ်။ ဒီလို သာလုပ်နိုင်မယ်ဆိုရင် သူတို့အုပ်စုဝင်နိုင်ငံအချင်းချင်းအကြားကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ရှိဖို့လိုအပ်တော့မှာမဟုတ်ပါ။ 


တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ဟာ သူ့ကို ဝိုင်းပယ်ဖို့ လုပ်နေတယ်ဆိုတာ ခပ်စောစောကဘဲ သတိပြုမိပါ တယ်။ ဒါကြောင့်လည်း တရုတ်အစိုးရက သူတို့ကိုသူတို့ အမေရိကန်စီးပွားရေးနဲ့ ချိတ်ဖြုတ်ဖို့ ကြိုးစားခဲ့ ပါတယ်။ ဒီလိုကြိုးစားနေမှုဟာ အမေရိကန်ရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေစတင်လာခဲ့တဲ့ သမ္မတထရမ့် လက်ထက်က ပိုမိုအရှိန် မြင့်လာခဲ့ပါတယ်။ ရလဒ်ကတော့ တရုတ်ဝယ်ယူထားတဲ့ အမေရိကန် ငွေချေးစာချုပ်တွေရဲ့ ပမာဏကို ၂ဝ၂၁ ခုနှစ်ဇွန်လလောက်ကစပြီး အလျင် အမြန်လျှော့ချပစ်လိုက်တာ ဘဲဖြစ်ပါတယ်။ ဒေါ်လာနယ်ပယ်ကိုစွန့်ခွာရတာဟာ နေ့ချင်းညချင်းလုပ်လို့ရတဲ့ကိစ္စမဟုတ်ပေမဲ့ ဒီဖြစ်စဉ် ကတော့ ရပ်တန့်လို့မရအောင် ဆက်လက်လှုပ်ရှားနေပြီ ဆိုတာကတော့ သေချာပါတယ်။


အမေရိကန်က ဒေါ်လာကိုလက်နက်သဘွယ်အသုံးချတာက ကိုယ့်ကိုကိုယ်လည်း ပြန်ထိပါတယ်။ ဒေါ်လာကို မယုံကြည်တော့လို့ ကမ္ဘာ့အရန်ငွေကြေးအဖြစ်ကနေ သူ့အခန်းကဏ္ဍလျော့ကျသွားမယ်ဆို ရင် အမေရိကန်စီးပွားရေးဟာလည်း ပူညံပူညံ မငြိမ်သက်မှုတွေဖြစ်လာနိုင်ပါတယ်။ 


အမေရိကန်ဟာ လက်ရှိအချိန် (၂ဝ၂၃ ခုနှစ်ဖေဖော်ဝါရီ) မှာ အကြွေး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅ ထရီလျံ တင်နေပါတယ်။ ဒီအဓိပ္ပာယ်က ၃၃၆ သန်းရှိတဲ့ အမေရိကန်ပြည်သူတစ်ယောက်စီတိုင်း အပေါ်မှာ အကြွေးအမေရိကန်ဒေါ်လာ ၉၃၇၅ဝ  တင်ရှိနေတဲ့သဘောပါ။ ဒေါ်လာဟာ ကမ္ဘာ့အရန် ငွေကြေးဘဝက နေရာဖယ်ပေးရတော့မယ်ဆိုရင်၊ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ အမေရိကန် သြဇာကို ထောက်ကန်ထားတဲ့ စစ်အခြေ စိုက်စခန်းပေါင်း ၈ဝဝ ကျော်ရဲ့ တနှစ် တနှစ် အသုံး စားရိတ် အမေရိကန် ဒေါ်လာ တစ်ထရီလျံယံနီးပါးကိုလည်း ပေးနိုင်တော့မှာ မဟုတ်ပါ။ စစ်စခန်းတွေဆက် လက်မထားနိုင်တော့တာနဲ့အမျှ သူ့ရဲ့သြဇာပါဝါဟာလည်း ယုတ်လျော့ကျဆင်း လာတော့မှာဖြစ်ပါတယ်။


အမေရိကန်ဒေါ်လာ ကမ္ဘာ့အရန်ငွေကြေးနေရာက ဆင်းပေးလိုက်ရမယ်ဆိုရင် ဖြစ်ပေါ်လာမဲ့ အကျိုးဆက် တွေဟာ အမေရိကန်အတွက် အရင်က မကြုံဘူးတဲ့ အလွန်ဆိုးဝါးတဲ့သက်ရောက်မှုတွေရှိလာမှာ ဖြစ်ပါတယ်။


ဒါကြောင့် အမေရိကန်ဟာ တရုတ်ကို အဲဒီနေရာ မတက်ရောက်နိုင်အောင် တတ်နိုင်သမျှနည်းလမ်းတွေ သုံးပြီး ပိတ်ဆို့ဟန့်တားမှုတွေလုပ်နေတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။


ကိုးကား- Why the US Wants a War with China by Barrett                                                                                                       


zawgyi version
 “ဘာေၾကာင့္ အေမရိကန္က တ႐ုတ္ကို မလိုမုန္းထား ပိတ္ဆို႔တိုက္ခိုက္ေနတာလဲ” (ဘာသာျပန္ေဆာင္းပါး)
ပရမတၱ ကိုေမာင္ဘ (NP News) - မတ္ ၃၁

ဒုတိယကမာၻစစ္ပြဲႀကီးၿပီးဆုံးသြားတဲ့ ေနာက္ပိုင္းမွာ အေမရိကန္ဟာ တစ္ကမာၻလုံးထုတ္လုပ္ေရး ပမာဏရဲ႕ တစ္ဝက္ေလာက္ကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ပါတယ္။ ကမာၻစစ္ပြဲႀကီးမွာ ပါဝင္တိုက္ခိုက္ခဲ့ရတာ ေၾကာင့္ မြဲျပာက်ေနတဲ့ အေမရိကန္ရဲ႕ မဟာမိတ္ေတြေရာ၊ စစ္ရႈံးႏိုင္ငံ ( ဂ်ာမနီနဲ႔ ဂ်ပန္) ေတြပါ အေမရိကန္ပို႔ကုန္ေတြအတြက္ ေငြေပးေခ်ဖို႔ အခက္အခဲႀကဳံၾကရပါတယ္။ အဲဒီျပႆနာကို ေျဖရွင္းဖို႔အတြက္ အေမရိကန္ဟာ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ ( IMF) နဲ႔ ကမာၻ႔ဘဏ္ ( World Bank ) ဆိုတာကိုတည္ေထာင္ၿပီး အရင္းအႏွီးလိုအပ္တဲ့ႏိုင္ငံေတြကို ေငြေခ်းေပးကာ ကမာၻလုံးဆိုင္ရာ ဘ႑ာေရးအုတ္ျမစ္ကို တည္ေဆာက္ပါတယ္။ ဒီလိုနည္းအားျဖင့္ အေမရိကန္ ဟာ အမ်ားအက်ိဳးေဆာင္ဝါဒ မ်က္ႏွာဖုံးေအာက္မွာ ကမာၻ႔ၿမီရွင္ႏိုင္ငံႀကီးတစ္ခုျဖစ္လာခဲ့ၿပီး၊ သူ႔ အတြက္အလြန္ႀကီးမားတဲ့ ၾသဇာပါဝါကိုလည္း တည္ေဆာက္ခဲ့ပါတယ္။ ဒီလို ဘဏ္ႀကီးႏွစ္ခုတည္ေထာင္တဲ့တစ္ခ်ိန္တည္းမွာ အေမရိကန္ ေဒၚလာကိုလည္း ကမာၻလုံးဆိုင္ရာ အရန္ေငြေၾကးအျဖစ္ပုံေဖာ္လိုက္ပါတယ္။

အဲဒီေနာက္ပိုင္းႏွစ္ေတြမွာေတာ့ အေမရိကန္ဟာ သူ႔ၾသဇာမခံတဲ့ ႏိုင္ငံေတြကိုစစ္ျပဳဖို႔အတြက္ စစ္ဖက္ဆိုင္ရာမွာ ေငြအေျမာက္အမ်ားသုံးခဲ့တာေၾကာင့္ ဘတ္ဂ်က္လိုေငြျပမႈ တေန႔တျခားႀကီးထြားလာ ပါတယ္။ ဒီလို အႀကီးအက်ယ္ ဘတ္ဂ်က္လိုေငြျပမႈေတြေၾကာင့္ အေမရိကန္အစိုးရအဆက္ဆက္က ေခ်းငွားသုံးၾကရပါတယ္။ အဲဒီ အခါ ေဒၚလာနဲ႔ ခ်ိတ္ဆက္ထားတဲ့ ေ႐ႊေတြဟာ ဥေရာပႏိုင္ငံေတြဆီကို ျပန္လည္စီးဆင္းသြားပါတယ္။ ဒါေၾကာင့္ သမၼတနစ္ဆင္လက္ထက္ ၁၉၇၁ ခုႏွစ္ ၾသဂုတ္လမွာ အေမရိကန္ ေဒၚလာနဲ႔ ေ႐ႊခ်ိတ္ဆက္ထားတာကို ဖ်က္သိမ္း လိုက္ပါေတာ့တယ္။ အဲဒီအခ်ိန္မွာ အေမရိကန္ရဲ႕ အဲဒီလိုတဖက္သတ္လုပ္ရပ္ကို ဘယ္ႏိုင္ငံကမွ် စိန္မေခၚရဲၾကပါ။ အေၾကာင္းကေတာ့ အေမရိကန္ေဒၚလာၿပိဳလဲသြားရင္ သူနဲ႔ကုန္သြယ္ေနၾကၿပီး ေဒၚလာကိုအရန္ေငြေၾကး အျဖစ္ကိုင္ထားတဲ့ ႏိုင္ငံေတြအားလုံး ထိခိုက္နစ္နာၾကေတာ့မွာျဖစ္လို႔ပါဘဲ။ အဲဒါနဲ႔ တခ်ိန္တည္းလိုမွာဘဲ အေမရိကန္ဟာ ေဆာ္ဒီအာေရဗ်နဲ႔ ေရနံထုတ္လုပ္တဲ့ အိုပက္ႏိုင္ငံေတြကို စစ္လက္နက္ပစၥည္းေတြေထာက္ပံ့ပါတယ္။ အဲဒီစစ္လက္နက္ပစၥည္းေတြအတြက္ အေမရိကန္ေဒၚလာနဲ႔ တန္ဖိုးသတ္မွတ္ထားတဲ့ ေရနံေတြ ျပန္ဝယ္ပါတယ္။ ဒီလိုနည္းနဲ႔ ေဒၚလာဟာ ကမာၻ႔ဘ႑ာေရးေလာကကိုလႊမ္းမိုးတဲ့ ေငြေၾကးအျဖစ္ ေရာက္ရွိလာပါတယ္။

ဂ်ပန္၊ ဂ်ာမနီနဲ႔ ယူေက (ၿဗိတိသွ်) လိုႏိုင္ငံေတြဟာ အေမရိကန္နဲ႔ ကုန္သြယ္ရာမွာ ရရွိလာတဲ့ ကုန္သြယ္ေရး ပိုေငြ (အျမတ္ေငြ) ေတြကို အေမရိကန္ရဲ႕ အစိုးရေငြေခ်းစာခ်ဳပ္ေတြျပန္ဝယ္ယူတာကို မလႊဲမေရွာင္သာ လုပ္ၾကရပါေတာ့တယ္။ ( ေ႐ႊနဲ႔လဲယူလို႔ မရေတာ့ အတိုးရတဲ့ ေငြေခ်းစာခ်ဳပ္ဘဲ ဝယ္ထားရတာေပါ့) ဒီလိုနည္းနဲ႔ အေမရိကန္ ေဒၚလာကို ကမာၻ႔ အရန္ေငြေၾကးအျဖစ္ ခိုင္မာေအာင္ ထပ္မံက်ားကန္ေပးသလို ျဖစ္သြားပါေတာ့တယ္။

အေမရိကန္ရဲ႕ ကုန္သြယ္ဖက္ႏိုင္ငံေတြက သူတို႔ရတဲ့ ကုန္သြယ္ေရးပိုေငြေတြကို အေမရိကန္ေငြတိုက္စာခ်ဳပ္ေတြျပန္ဝယ္ယူျခင္းအားျဖင့္ အေမရိကန္ဗဟိုဘဏ္ရဲ႕ အတိုးႏႈန္းကို အနိမ့္မွာ တန႔္ေနေအာင္ ထိန္းထားေပးပါတယ္။ ဘဏ္အတိုးႏႈန္းနိမ့္တဲ့အတြက္ အေမရိကန္ ရင္းႏွီးျမႇဳပ္ႏွံသူေတြက ဘဏ္ကေငြေခ်းငွားၿပီး ရင္းႏွီးျမႇဳပ္ႏွံ ေငြလိုအပ္ေနတဲ့ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြဆီ သြားေရာက္ေခ်းေပး ျမႇဳပ္ႏွံၾကပါတယ္။ ဒီလို ေငြေခ်းေပးတဲ့အတြက္ ၿမီရွင္အျဖစ္နဲ႔ လက္ဝါးႀကီးအုပ္ခြင့္ရရွိေအာင္လည္း ဖိအားေတြ ေပးပါတယ္။

ဒီလို အေမရိကန္‌ ေဒၚလာကလႊမ္းမိုးတဲ့အေနအထားက ဘယ္လိုအဓိပၸါယ္ေဆာင္ေနသလဲဆိုရင္ က်န္ဖြံ႕ၿဖိဳးဆဲ ကမာၻတစ္ခုလုံးဟာ အေမရိကန္ရဲ႕လက္ေအာက္ခံလိုျဖစ္လာပါတယ္၊ တစ္ခ်ိန္တည္းမွာဘဲ အဲဒီႏိုင္ငံေတြက သဘာဝသယံဇာတေတြကို အမ်ားအျပားထုတ္ယူသုံးစြဲၿပီး အနည္းအက်ဥ္းေလာက္သာ ျပန္ေပးပါတယ္။

ဒီလိုအေနအထားက တ႐ုတ္ျပည္နဲ႔ ဘာဆိုင္သလဲ၊ အေမရိကန္က တ႐ုတ္ကို ဘာေၾကာင့္ ၿခိမ္းေျခာက္မႈလို႔ ျမင္တာလဲ ဆိုတာကို ရွင္းျပပါ့မယ္။

တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးဟာ လြန္ခဲ့တဲ့ဆယ္စုႏွစ္ ေလးခုေလာက္ကစၿပီး တျဖည္းျဖည္းတိုးတက္ လာခဲ့တာ အခုခ်ိန္မွာ ကမာၻ႔နံပါတ္ႏွစ္ စီးပြားေရးအင္အားႀကီးႏိုင္ငံျဖစ္လို႔လာပါၿပီ။ ဒါေၾကာင့္ မဖြံ႕ၿဖိဳးေသး တဲ့ ႏိုင္ငံေတြကို ေခ်းငွားေပးၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ႏိုင္လာပါတယ္။ တ႐ုတ္က ေခ်းေပးတဲ့ ဒီေငြပင္ေငြ ရင္းေတြအတြက္ အိုင္အမ္အက္ဖ္နဲ႔ ကမာၻ႔ဘဏ္တို႔က ေတာင္းဆိုသလို စနစ္အေျပာင္းအလဲေတြလုပ္ဖို႔ မလိုပါဘူး။ ဒီလိုေငြေခ်းယူႏိုင္တဲ့ ပင္ရင္းေနရာေ႐ြးခ်ယ္ခြင့္ရွိလာျခင္းက ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအေနနဲ႔ အေမရိကန္ရဲ႕ ၾသဇာခံစရာ မလိုေတာ့သလို အေမရိကန္ရဲ႕ ၿခိမ္းေျခာက္မႈကိုလည္း ေၾကာက္စရာ မလိုေတာ့ပါဘူး။ 

တကယ္လို႔ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြက သူတို႔ဖာသာဖူလုံတဲ့ အေျခခံ level တစ္ခုကို တည္ေဆာက္ႏိုင္ၿပီး တျခား ႏိုင္ငံေတြနဲ႔ ကုန္သြယ္ရာမွာ သူတို႔ကိုယ္ပိုင္ေငြေၾကးနဲ႔ ေဆာင္႐ြက္ႏိုင္ၿပီဆိုရင္ အေမရိကန္ေဒၚလာ လႊမ္းမိုးမႈဟာ တျဖည္းျဖည္းေမွးမွိန္သြားမွာျဖစ္ပါတယ္။ ဒါဟာ အေမရိကန္အေနနဲ႔ တ႐ုတ္ကို ၿခိမ္းေျခာက္မႈတစ္ခုလို႔ ရႈျမင္တဲ့ အရင္းခံအေၾကာင္းရင္းျဖစ္ပါတယ္။

တ႐ုတ္ရဲ႕ စစ္ေရးအင္အား ေတာင့္တင္းလာတာေၾကာင့္မဟုတ္သလို၊ တ႐ုတ္မွာ အေနာက္တိုင္း ဒီမိုကေရစီ စနစ္ကို မက်င့္သုံးလို႔လည္းမဟုတ္ပါဘူး။ တ႐ုတ္က ထိုင္ဝမ္ကို က်ဴးေက်ာ္တိုက္ခိုက္မွာကို စိုးရိမ္တာေၾကာင့္လည္းမဟုတ္ပါဘူး။ 

အေမရိကန္ေဒၚလာ လႊမ္းမိုးမႈနဲ႔ အေမရိကန္ ဘ႑ာေရးလက္ဝါးႀကီးအုပ္မႈကို တ႐ုတ္က ၿခိမ္းေျခာက္ေနတဲ့ အတြက္ေၾကာင့္သာျဖစ္ပါတယ္။ အေမရိကန္ဟာ တ႐ုတ္ကို အထီးက်န္ ဝိုင္းပယ္ထားဖို႔ လြန္ခဲ့တဲ့ ႏွစ္မ်ားစြာကတည္းက လုပ္ေဆာင္ေနခဲ့တာပါ။ အထူးသျဖင့္ တ႐ုတ္ဦးေဆာင္တဲ့ စီးပြားေရးဟာ  ေ႐ြးခ်ယ္စရာတစ္ခုအေနနဲ႔  ထင္ထင္ရွားရွားေပၚထြက္လာခဲ့တဲ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ပတ္ဝန္းက်င္ေလာက္က စခဲ့ၾကတာလို႔ဆိုႏိုင္ပါတယ္။

ဘာဘဲေျပာေျပာ မၾကာေသးခင္ကျဖစ္ပြားခဲ့တဲ့ အျဖစ္အပ်က္ေတြက စစ္ျဖစ္ဖို႔ အလားအလာေတြ ပိုမိုမ်ား ျပားလာေနတယ္ဆိုတာကို ျပေနပါတယ္။

ပထမအခ်က္အေနနဲ႔ ၂ဝ၁၆ ခုႏွစ္မွာ တ႐ုတ္ဟာ (ဝယ္ယူသုံးစြဲႏႈိင္အားနဲ႔ တြက္ခ်က္ထားတဲ့) ဂ်ီဒီပီအရ ကမာၻ႔အႀကီးဆုံးစီးပြားေရးအျဖစ္ အေမရိကန္ကို ‌ေက်ာ္တက္သြားပါၿပီ။ ပုံမွန္တြက္ခ်က္တဲ့ ဂ်ီဒီပီ အ ရလည္း ေနာက္ဆယ္စုႏွစ္ အနည္းငယ္အတြင္းမွာ ေက်ာ္တက္သြားဖြယ္ရွိေနပါတယ္။ 

ဒုတိယအခ်က္အေနနဲ႔ အေမရိကန္က ျဖစ္လည္းမျဖစ္ေစခ်င္၊ ေမွ်ာ္လင့္လည္းမထားတဲ့ ကိစၥတစ္ခုျဖစ္တဲ့ တ႐ုတ္နဲ႔ ႐ုရွားဆက္ဆံေရးဟာ ပိုမိုအားေကာင္းလာေနတာပါ။  

တတိယအခ်က္အေနနဲ႔ တ႐ုတ္ရဲ႕ စစ္အင္အားဟာ အေမရိကန္နဲ႔ ဗိန္မသာလိန္မသာ အဆင့္အထိ အလ်င္ အျမန္ ႀကီးထြားလာေနပါတယ္။ အေမရိကန္တိုက္ခိုက္မႈကို ႀကီးႀကီးမားမား ခုခံကာကြယ္ႏိုင္တဲ့ အားသာခ်က္ေတြ  တ႐ုတ္မွာရွိေနပါၿပီ။ ဒီအခ်က္က အေမရိကန္ေရတပ္ကို ပစိဖိတ္သမုဒၵရာတဝွမ္းလုံး ျဖန႔္က်က္ဖို႔ ဖိအားေပးေနပါတယ္။

စတုတၳအားျဖင့္ BRIC ( ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ ႀကီးေလးႀကီးအဖြဲ႕)၊ SCO ( ရွန္ဟိုင္း ပူးေပါင္း ေဆာင္႐ြက္ေရးအဖြဲ႕) BRI ( ခါးပတ္လမ္း ပဏာမေျခလွမ္း) စတာေတြဟာ စက္မႈလုပ္ငန္းနဲ႔ အေျခခံ အေဆာက္အအုံတည္ေဆာက္ေရး ရင္းႏွီးျမႇဳပ္ႏွံမႈေတြအျဖစ္၊  ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြရဲ႕ စိတ္ဝင္တစား အားေပးမႈကို အလ်င္အျမန္ ရရွိေနပါတယ္။

အေမရိကန္အေနနဲ႔ ပိုသတိထားေစာင့္ၾကည့္ေနတာက BRICS အဖြဲ႕အစည္းပါ။ ဒီအဖြဲ႕ဟာ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္နဲ႔ ေတာင္အာဖရိကတို႔ပါဝင္တဲ့ စီးပြားေရးမဟာမိတ္အဖြဲ႕ပါ။

ဒီႏိုင္ငံေတြရဲ႕ စုစုေပါင္းလူဦးေရက သန္းေပါင္း (၃၂ဝဝ) ရွိေလေတာ့ တစ္ကမာၻလုံးလူဦးေရရဲ႕ ၄၂ ရာခိုင္ႏႈန္းရွိသလို၊ စီးပြားေရးအရလည္း တစ္ကမာၻလုံး ဂ်ီဒီပီရဲ႕ ၃ဝ ရာခိုင္ႏႈန္းရွိပါတယ္။ ဒါ့ျပင္ ဒီအဖြဲ႕ကို အာဂ်င္တီးနား၊ အင္ဒိုနီးရွား၊ မကၠဆီကို၊ ေဆာ္ဒီအာေရဗ်၊ အီရန္၊ အီဂ်စ္၊ ႏိုက္ဂ်ီးရီးယား၊ ဆူဒန္နဲ႔ တျခားႏိုင္ငံအေတာ္မ်ားမ်ား ဝင္ေရာက္လာၾကဖို႔ တန္းစီေနပါတယ္။ ဒီအထဲက ႏိုင္ငံတစ္ခ်ိဳ႕ဟာ BRICS မွာဝင္ခြင့္ရဖို႔ ေလွ်ာက္ထားၿပီးျဖစ္ပါတယ္။ ဒါေပမဲ့ ဒီအဖြဲ႕အေနနဲ႔ အဖြဲ႕ဝင္ျဖစ္ဖို႔ အရည္အခ်င္း သတ္မွတ္ခ်က္ေတြ ေၾကျငာထားတာမရွိသလို၊ ဘယ္ႏိုင္ငံေတြ ကေလွ်ာက္လႊာတင္ထားၿပီး ျဖစ္တယ္ဆိုတာလည္း ထုတ္ေဖၚေျပာထားတာမရွိေသးပါဘူး။ ဒီ BRICS မဟာမိတ္ အဖြဲ႕က ၂ဝ၁၅ ခုႏွစ္ကတည္းက ရွန္ဟိုင္းမွာ အေျခစိုက္တဲ့ NDB- new development Bank ဖြံ႕ၿဖိဳးေရးသစ္ ဘဏ္ ဆိုတာကို တည္ေထာင္ထား ၿပီးျဖစ္ပါတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္က BRICS အဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ တျခားဖြံ႕ၿဖိဳးဆဲ ႏိုင္ငံေတြမွာ အေျခခံအေဆာက္အအုံတည္ေဆာက္ေရးနဲ႔ ဘ႑ာေရးေထာက္ပံ့မႈေတြကို ေပးဖို႔ျဖစ္ပါတယ္။ ဒါေၾကာင့္ အဲဒီႏိုင္ငံေတြအေနနဲ႔ ေငြေခ်းငွားရာမွာ အိုင္အမ္အက္ဖ္တို႔ ကမာၻ႔ဘဏ္တို႔နဲ႔ အၿပိဳင္ ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ရွိလာေနပါတယ္။ 

BRICS အဖြဲ႕ကိုစတင္တည္ေထာင္တဲ့ ႏိုင္ငံေတြအေနနဲ႔ ညီတူမွ်တူ ရွယ္ယာထည့္ဝင္ၾကၿပီး၊ တူညီတဲ့ မဲေပးခြင့္ရရွိၾကပါတယ္။ ဒီအခ်က္ကလည္း အိုင္အမ္အက္ဖ္တို႔ ကမာၻ႔ဘဏ္တို႔မွာ ေပၚလစီခ်မွတ္တဲ့ေနရာ နဲ႔ ဆုံးျဖတ္ခ်က္ ခ်မွတ္တဲ့ေနရာေတြမွာ အေမရိကန္က သိပ္ဗိုလ္က်လြန္းလို႔ ေဝဖန္သံေတြဆူညံေနတာနဲ႔ ႏႈိင္းယွဥ္ၾကည့္ႏိုင္ပါတယ္။

အေမရိကန္ေဒၚလာကို ကမာၻ႔အရန္ေငြေၾကးအျဖစ္အသုံးျပဳၾကရတဲ့အတြက္ အေမရိကန္ႏိုင္ငံအေနနဲ႔ အျခား ႏိုင္ငံေတြအေပၚ အမ်ားႀကီး အသာစီးရမႈေတြရွိပါတယ္။ အေမရိကန္က ေဒၚလာကို လက္နက္အျဖစ္ အသုံးခ် တိုက္ခိုက္ရမွာကိုလည္း ဝန္မေလးဘဲ အီရန္၊ ဗင္နီဇြဲလား၊ ဆီးရီးယားနဲ႔ တျခားႏိုင္ငံေတြကို ဆန႔္ရွင္ခ် ပိတ္ဆို႔ အေရးယူတာမ်ိဳးလုပ္ပါတယ္။ ၂ဝ၂၂ ခုႏွစ္မွာ ႐ုရွား-ယူကရိန္း စစ္ပြဲျဖစ္လာေတာ့ အေမရိကန္က ေဒၚလာကိုလက္နက္အျဖစ္အသုံးခ်ၿပီးတိုက္ခိုက္တာကို အဆင့္သစ္ တရပ္ျမႇင့္တင္ၿပီး လုပ္ခဲ့ပါတယ္။ အဲဒါက အေမရိကန္ႏိုင္ငံ ဘဏ္ေတြထဲမွာထားတဲ့ ႐ုရွားရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ ႏိုင္ငံျခားအရန္ေငြေတြကို ထုတ္ယူခြင့္ပိတ္ပင္တာပါ။ ဒီလိုလုပ္တာဟာ ႏိုင္ငံတကာ ဥပေဒေတြ စံခ်ိန္စံႏႈန္းေတြနဲ႔ မညီၫြတ္တဲ့ ေျဗာင္က်က် ေစာ္ကားမႈတစ္ခုပါဘဲ။ ဘာျဖစ္လို႔လည္းဆို ေတာ့ အခ်ဳပ္အျခာအာဏာပိုင္ ဓနဥစၥာေတြဟာ တျခားႏိုင္ငံတစ္ခုရဲ႕ သိမ္းပိုက္မႈ၊ စြက္ဖက္မႈ ကင္းလြတ္ခြင့္ရွိလို႔ျဖစ္ပါတယ္။ အေမရိကန္က ဒီလိုလုပ္လိုက္တဲ့အတြက္ ေဒၚလာအေပၚ ကမာၻ႔အရန္ ေငြေၾကး အျဖစ္လက္ခံ ယုံၾကည္မႈနဲ႔ တည္ၿငိမ္မႈကို ဖ်က္ဆီးလိုက္သလိုျဖစ္သြားပါတယ္။

ဒီလုပ္ရပ္က တျခားႏိုင္ငံေတြကိုပါ သတိေပးေခါင္းေလာင္းထိုးလိုက္သလိုပါဘဲ။ အဲဒီႏိုင္ငံေတြက သူတို႔ကိုင္ထားတဲ့ ေဒၚလာေတြကို တျခားအစားထိုးစရာ ဓနဥစၥာေတြနဲ႔ အစားထိုးဖို႔ ႀကံစည္ေတြးေတာ လာၾကပါေတာ့တယ္။ မၾကာေသးတဲ့ ႏွစ္ေတြအတြင္းမွာ တ႐ုတ္ယြမ္ေငြဟာ ကမာၻ႔ကုန္သြယ္ေရးမွာ ေနရာယူမႈ ပိုမိုမ်ားျပားလာတာကို ေတြ႕ရပါတယ္။

ခါးပတ္လမ္း ပမာဏစီမံကိန္း ( BRI ) ရဲ႕ အစိတ္အပိုင္းတရပ္အျဖစ္ ႏွစ္ႏိုင္ငံအၾကား ေငြေၾကးလဲလွယ္ ျခင္းဆိုင္ရာ သေဘာတူညီခ်က္ကိုလည္း ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံနဲ႔ တ႐ုတ္က လက္မွတ္ထိုးခဲ့ပါတယ္။ တ႐ုတ္ ယြမ္ေငြနဲ႔ စာရင္းရွင္းဖို႔က ႏိုင္ငံ (၈) ႏိုင္ငံနဲ႔ သေဘာတူထားပါတယ္။ တ႐ုတ္က ႐ုရွားနဲ႔  ကုန္သြယ္ေရးကိုလည္း ပိုမိုတိုးခ်ဲ႕လာ ခဲ့ပါတယ္။ အဲဒီကုန္သြယ္မႈရဲ႕ ႀကီးမားတဲ့ ပမာဏတစိတ္တပိုင္းဟာ တ႐ုတ္ယြမ္ေငြနဲ႔ စာရင္းရွင္းလင္းၾကမွာျဖစ္ပါ တယ္။ 

တ႐ုတ္ျပည္အေနနဲ႔ ေရနံေဒၚလာ ( petrodollar ) လက္ဝါးႀကီးအုပ္မႈကို ခ်ိဳးဖ်က္ဖို႔အတြက္ ေဆာ္ဒီအာေရ ဗ်နဲ႔လည္း ေဆြးေႏြးေနပါတယ္။ တခ်ိဳ႕ ေရနံအဝယ္ ကန္ထ႐ိုက္စာခ်ဳပ္ေတြမွာ ယြမ္ေငြနဲ႔ ေစ်းႏႈန္းသတ္ မွတ္ ေရာင္းဝယ္ၾကဖို႔ ခ်ဳပ္ဆိုထားပါတယ္။ တ႐ုတ္ဟာ အခုခ်ိန္မွာ ေဆာ္ဒီအာေရဗ်ရဲ႕ အႀကီးဆုံးေရနံဝယ္ လက္ျဖစ္ေနတဲ့အတြက္ ေရနံဖိုးကို အေမရိကန္ေဒၚလာနဲ႔ ေပးေခ်ရတာက လုံးဝမဆီေလ်ာ္တဲ့ကိစၥပါဘဲ။

BRICS အဖြဲ႕ကလည္း ေဒၚလာအေပၚမွီခိုေနရမႈ ေလွ်ာ့ခ်ဖို႔အတြက္ အရန္ေငြေၾကးအသစ္တခု တီထြင္ဖို႔ အလြန္စိတ္အားထက္သန္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။

၂ဝ၂၂ ခုႏွစ္က က်င္းပခဲ့တဲ့ BRICS ႏိုင္ငံေတြရဲ႕ ၁၄ ႀကိမ္ေျမာက္ထိပ္သီးအစည္းအေဝးမွာ ဗလာဒီမာ ပူတင္က ၎တို႔အေနနဲ႔ မွ်တတဲ့ လုပ္ေဖၚကိုင္ဖက္ေတြနဲ႔အတူ ကမာၻလုံးဆိုင္ရာ အရန္ေငြေၾကးသစ္တစ္ မ်ိဳးကို ေပၚထြန္းလာေစဖို႔ ျပင္ဆင္ေနၿပီလို႔ ေၾကညာပါတယ္။

တကယ္လို႔ BRICS က ေငြေၾကးအသစ္ထုတ္ေဝမယ္၊ အဖြဲ႕ဝင္သစ္ေတြကိုလည္း တိုးခ်ဲ႕မယ္ဆိုရင္ ဒီေငြေၾကး အသစ္ဟာ မုခ်ဘဲ ေဒၚလာကို စိန္ေခၚလာေတာ့မွာပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့ လက္ရွိ BRICS အဖြဲ႕ဝင္ေတြနဲ႔ ေနာက္တိုးခ်ဲ႕လာမဲ့ ႏိုင္ငံေတြဟာ ကမာၻ႔ကုန္သြယ္ေရးရဲ႕ႀကီးမားတဲ့ အစိတ္အပိုင္းနဲ႔ ကမာၻ႔သယံဇာတအမ်ားပိုင္းကို ပိုင္ဆိုင္ၾကလို႔ျဖစ္ပါတယ္။

သူတို႔အခ်င္းခ်င္းၾကားမွာ ဒီေငြေၾကးသစ္ကို သုံးစြဲၾကမယ္ဆိုတာ အလြန္က်ိဳးေၾကာင္းဆီေလ်ာ္ပါတယ္။ ဒီလို သာလုပ္ႏိုင္မယ္ဆိုရင္ သူတို႔အုပ္စုဝင္ႏိုင္ငံအခ်င္းခ်င္းအၾကားကုန္သြယ္မႈမွာ အေမရိကန္ေဒၚလာ ရွိဖို႔လိုအပ္ေတာ့မွာမဟုတ္ပါ။ 

တ႐ုတ္ႏိုင္ငံအေနနဲ႔ အေမရိကန္ဟာ သူ႔ကို ဝိုင္းပယ္ဖို႔ လုပ္ေနတယ္ဆိုတာ ခပ္ေစာေစာကဘဲ သတိျပဳမိပါ တယ္။ ဒါေၾကာင့္လည္း တ႐ုတ္အစိုးရက သူတို႔ကိုသူတို႔ အေမရိကန္စီးပြားေရးနဲ႔ ခ်ိတ္ျဖဳတ္ဖို႔ ႀကိဳးစားခဲ့ ပါတယ္။ ဒီလိုႀကိဳးစားေနမႈဟာ အေမရိကန္ရဲ႕ ကန႔္သတ္ပိတ္ဆို႔မႈေတြစတင္လာခဲ့တဲ့ သမၼတထရမ့္ လက္ထက္က ပိုမိုအရွိန္ ျမင့္လာခဲ့ပါတယ္။ ရလဒ္ကေတာ့ တ႐ုတ္ဝယ္ယူထားတဲ့ အေမရိကန္ ေငြေခ်းစာခ်ဳပ္ေတြရဲ႕ ပမာဏကို ၂ဝ၂၁ ခုႏွစ္ဇြန္လေလာက္ကစၿပီး အလ်င္ အျမန္ေလွ်ာ့ခ်ပစ္လိုက္တာ ဘဲျဖစ္ပါတယ္။ ေဒၚလာနယ္ပယ္ကိုစြန႔္ခြာရတာဟာ ေန႔ခ်င္းညခ်င္းလုပ္လို႔ရတဲ့ကိစၥမဟုတ္ေပမဲ့ ဒီျဖစ္စဥ္ ကေတာ့

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်ကြီးမြို့နယ်တွင် ဒေသန္တရကားမိုင်းပေါက်ကွဲမှုကြောင့် (၁)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ဟု နစကဆို

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved