Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်မီးတွေကြားက မြို့ပျက်ကြီးသဖွယ်ဖြစ်သွားတဲ့ ကော့ကရိတ်မြို့ပေါ်က ရင်နင့်ဖွယ်ဖြစ်ရပ်တချို့

ကျော်နု၊ Pearl (NSS) - မတ် ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ တပ်မတော် လုံခြုံရေးစခန်းများကို  KNU၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့်  တိုက်ပွဲပြင်ထန်နေခဲ့ပြီး မြို့ပေါ်ရှိလူနေအိမ်အများအပြားသည်လည်း မီးလောင်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ် နေလျက်ရှိသည်။ ထို့ကြောင့် လက်ရှိကော့ကရိတ်မြို့အခြေ အနေများနှင့်ပတ်သက်၍ ကော့ကရိတ်ဒေသခံတစ်ဦးအား NP News က ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။


မေး - ကော့ကရိတ်မြို့၊ ရပ်ကွက် (၆)မှာ မီးလောင်တယ်လို့ကြားတယ်။ ကော့ကရိတ်မြို့ရဲ့လက်ရှိအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ - လက်ရှိအနေအထားကတော့ ငြိမ်တယ်။ မနေ့ကထိတော့ မီးလောင်တယ်။ မီးလောင်တယ်ဆိုတဲ့ အနေအထားကိုမေးတော့ Drop Bomb လို့လည်း ကြားတယ်။ မနေ့က လောင်တာကတော့ အဲဒါလည်း PDF တွေ ကြီးစိုးတဲ့နေရာပဲ။ ကော့ကရိတ်ဖြစ်စဉ်က ဘာဖြစ်လဲဆိုတော့ တပ်ကုန်းကလူတွေက အောက်ကိုမဆင်းတော့ ဘူး။ မိသားစုတွေရော ဘာတွေရော မဆင်းတော့ဘူး။ မဆင်းတော့ဘဲနဲ့ အဲဒီအမှတ် (၃) ရပ်ကွက်ကတော့ လောလောဆယ် အေးချမ်းသေးတယ်။ မီးသတ်ကားကလည်း လောင်တဲ့အနေအထားကို မသွားရဲသေးဘူး။ သွားရင်တော့ ပြောလို့မရဘူး။ သူတို့နယ်မြေဖြစ်သွားတဲ့အတွက်ကြောင့် ပစ်တာပြုတာဖြစ်မှာစိုးလို့လေ။ မီး လောင်တဲ့ ကိစ္စကိုမီးသတ်က သွားလို့မရဘူး။ ဆင်းလို့မရဘူး။ 


မေး -  ဒါဆို ကော့ကရိတ်မှာ မီးလောင်တာက Drop Bomb ကျတာပေါ့။ ဘယ်သူလုပ်မှန်းမသိဘူး။ အဲဒီလိုပေါ့။ 

ဖြေ - ဘယ်သူက ဘာမှန်းကို မသိဘူး။ မသိတာက လူမရှိကြဘူး။ လူမရှိတော့ ဘာကြောင့်လောင်လဲ ဆိုတာ ကို မသိဘူး။ သတင်းတွေက အတည်ပြုလို့ ဘယ်လိုမှမရဘူး ။အဲဒီမှာ တပ်လည်းမရှိဘူး။ ရဲလည်း မရှိဘူး။ မြို့ခံတွေလည်း မရှိဘူး။ တစ်ယောက်စ၊ နှစ် ယောက်စတွေကလည်း အင်တာနက်၊ ဖုန်းအဆက် အသွယ်က အကုန်လုံးဖြတ်ထားတာလေ။ အဲဒီတော့ သတင်းသည် မငြိမ်ဘူး။ အခု ကျွန်တော်လာတွေ့တဲ့ အဖွဲ့တွေဆိုရင် အနီအားပေးမိသားစုပေါ့။ သူတို့ဆို လည်း အခုပြောပြီ။ လုပ်ချင်လုပ်သွား သူငယ်ချင်းရာ တဲ့။ မြို့ပြင်မှာ (၂)မိုင်လောက်ပဲ ဝေးတယ်လေ။ အဲဒီမှာ ဗျူဟာရှိတယ်။ ခြေလျင်တပ်ရင်းက (၂)ခုရှိတယ်။ လှိုင်ဝတံတား အကျော်မှာလေ။ အဲဒီလွင်ထီးခေါင်ကြီးမှာ လမ်းဘေးမိန်းလမ်းမကြီးပဲမှာ ရှိတဲ့ ဟာကြီးကိုပဲ သူတို့မတိုက် ဘဲနဲ့။ မြို့ထဲကို ဝင်တိုက်တယ်ပေါ့။ ဝင်တိုက်တော့ မြို့ခံလူတွေကလည်း သိပ်အစာမကျေဖြစ်တာပေါ့။ အဲဒီလို အနေအထား။ 


မေး - ဟိုနေ့က သင်္ဃန်းညီနောင်မှာ တိုက်ပွဲဖြစ်ပြီးတော့ ကော့ကရိတ်ထဲမှာကော PDF တွေက ရှိနေသေးတဲ့ သဘောလား။ 

ဖြေ - သင်္ဃန်းညီနောင်မှာသွားပြီးတော့ သွားကူတဲ့ အဖွဲ့က သွားကူတယ်။ ဒီမှာက အနည်းငယ်ပဲ ကျန်တယ်။ ချောင်းသောင်ဆိုတာက အာရှလမ်းဘေးပေါ့။ အမှတ် (၁) ရပ်ကွက်လို့ခေါ်တာပေါ့။ အဲဒီမှာလည်းရှိတယ်။ အနည်းအကျဉ်း ကျန်တာပေါ့။ တပ်ကလည်း အောက်မဆင်းတာပေါ့။ တပ်ကုန်းကနေ အောက်မဆင်းတော့ ဘူး။ သင်္ဃန်းညီနောင်ကို သွားကူတဲ့အဖွဲ့ကလည်းသွားတယ်။ ဒီအာရှလမ်းကြီးက သူတို့ပဲ သွားလာလှုပ်ရှား လို့ ရတဲ့သဘောကိုဖြစ်နေတယ်။ တပ်က ကိုယ့်စခန်း၊ ကိုယ့်တပ်ကို မကျရေး ဦးစားပေးပြီး လုပ်တဲ့အတွက် ကြောင့်မို့ ဒီအာရှလမ်းက သူတို့ပဲ သွားနေကြတာ။ ဟိုရက်ကတောင် ရဲမင်း ဆိုတဲ့ကောင်သွားနေတာပဲ။ သတင်းအမှန်ကို ယူဖို့က ဖုန်းလိုင်းတွေရော၊ အင်တာနက်လိုင်းတွေရောပြတ်။ အဲဒီမှာ နောက်တစ်ခုက ကော့ကရိတ်မှာ ခါတိုင်း စာစစ်ဌာနက (၅) ခုရှိတယ်။ (၁၀)တန်း။ ဒီနှစ်မှာ တစ်ခုပဲလုပ်နိုင်တယ်။ စာစစ်ဌာနက နဘူးဆိုတဲ့ ကျောင်းကပဲ ကော့ကရိတ်တစ်မြို့နယ်တစ်ခုလုံးကို စာစစ်ဌာန တစ်ခုတည်း ကျင်းပရတယ်။ ကျောင်းသား အင်အားစုပေါင်းတော့ (၅၀ဝ)ပေါ့။ အဲဒီ နဘူးကတော့ ကော့ကရိတ်နဲ့ မဝေးဘူး။ အေးအေးချမ်းချမ်းစာမေးပွဲ ဖြေလို့ရသေးတယ်။ အဲဒီမှာလည်း အဖွဲ့စုံပဲရှိတယ်။ KNLA  ရော၊ ဘာရော PC ရော အားလုံးအဲဒီမှာရှိတယ်။ နဘူးမှာတော့ စာစစ်ဌာနတစ်ခုရှိတယ်။ စာစစ်ဌာန (၅)ခုလုံးမှာ တစ်ခုပဲ စုပေါင်း ကျင်းပရတယ်။ ကျင်းပတော့ စစ်ရှောင်တဲ့ကလေးတွေက ဖောင်တင်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ ကျောင်း ပြောင်းကိစ္စလေးတွေနဲ့ တချို့ကျောင်းမှာ ဖြေတာရှိတယ်။ ဥပမာ ဘားအံကနေဖြေတာရှိတယ်။ အဲဒီမှာ ပညာရေး ကိစ္စလေးမှာလည်း ဖြေတော့ဖြေကြတယ်။ တချို့ကလေးတွေက ကြောက်လန့်ပြီး မဖြေကြတော့ တစ်မြို့နယ်‌လုံးပေါင်းမှ (၅၀ဝ)လောက်ပဲရှိတယ်။ စာစစ်ဌာနကလည်း တစ်ခုပဲကျင်းပရတဲ့သဘောပေါ့။ ကျန်တဲ့အပိုင်းတော့ သတင်းဆက်သွယ်မှု ဖုန်းလိုင်းတွေ အကုန်ပြတ်သွားတော့ မရတော့ဘူး။ ဒါပေမဲ့ အဖြစ်မှန်ကို လူထု အမှန်သိရ‌အောင် နည်းနည်းလေး သွားလာဆက်သွယ်နေတာ။  စစ်ရှောင်တွေက မော်လမြိုင်၊ ဘားအံ၊ သာမည၊ မြဝတီဆိုတဲ့ ဒေသတွေကို အကုန်ပြောင်းရွှေ့ကြတာပေါ့။ (၂)လကျော်ပြီ။ ကော့ကရိတ်မှာက အားလုံး မြို့ပေါ်ရပ်ကွက်က (၇)ရပ်ကွက် ရှိတယ်။ အမှတ် (၃)ရယ်၊ အမှတ် (၅) ရယ် ၊ အမှတ် (၆)ရယ်ကတော့ လောလောဆယ်မှာ လွတ်ကင်းနေတယ်။ 


မေး - လွတ်ကင်းတယ်ဆိုတာ တိုက်ပွဲ မဖြစ်ဘူး။ PDF တွေ မရှိဘူး ။ အဲဒီလိုလား။ 

ဖြေ - အင်း ဟုတ်တယ်။ တိုက်ပွဲမဖြစ်ဘူး။ PDF တွေ မရှိဘူး။  (၉၇)က မြို့လယ်ကောင်လောက်ကျတယ်။ ၉၇ တပ်ကုန်းက။ ခုနက ဖြစ်စဉ်လေး ပြောတာက တံတားဦးဆိုတာက ကော့ကရိတ်- မြဝတီလမ်းဟောင်း ဝင်ပေါက်ပေါ့။ အဲဒီမှာက ခင်နှင်းမူတို့၊ သီးသန့်တို့၊ ရေနံဆီကုန်းတို့၊ တံတားဦးတို့ဆိုတာ အမှတ် (၇) ရပ်ကွက်ထဲမှာပါတယ်။ သူတို့ကဝင်လာခဲ့တယ်။ အဲဒီနေရာတွေကမြို့ရဲ့ဆင်ခြေဖုံးပုံစံလေး တွေရှိတယ်ပေါ့။ ကော့ကရိတ်မြို့ဆိုတာလည်း ဆီးရွက်လောက်ပဲရှိတယ်။ သိပ်အကြီးကြီး မဟုတ်ဘူး။ အဲဒီလို ပတ်လည် ဝိုင်းထားတော့ ကြာပန်းဝိုင်းဆိုတာက ကော့ကရိတ်ကို ဘားအံ၊ ရန်ကုန်ဘက်ကနေ ဝင်လာရင် ကြာပန်းအဝိုင်းကို အရင်ဆုံးတွေ့တယ်။ အဲဒီကြာပန်းအဝိုင်းကနေ ခွဲထွက်သွားမှ မြဝတီလမ်း အသစ် အာရှလမ်းကြီးကို ရောက်မှာပေါ့။ အာရှလမ်းရဲ့အစပေါ့။ ကော့ကရိတ်မြို့ဝင်ပေါ့။ အဲဒီဘက်ခြမ်းမှာ အထူးအားဖြင့် ပြောချင်တာကတော့  သီးသန့်ဆိုတဲ့ အမှတ် (၇)ရပ်ကွက်မှာက သီးသန့် အ.ထ.က ဆိုတဲ့ အမှတ် (၂) အ.ထ.ကပေါ့။ အဲဒါက ကျောင်းမီးလောင်သွားတယ်။ ပြီးခဲ့တဲ့လက။ စာသင်ကျောင်းကြီး မီးလောင်တယ်။ အဲဒီ တစ်ကျောမှာက လဝက ရုံးကို ဝင်စီးလိုက်၊ စရဖရုံးကို ဝင်ပစ်လိုက်နဲ့ ဆော်နေ ကြတယ်ပေါ့။ ဒီကောင်တွေက အဲဒီအထိပါ အခုလည်း အဲဒီမှာ ရှိနေသေးတယ်။ အဲဒါနဲ့ ၉၇ တပ်နဲ့က ဝေးလားဆိုရင် မဝေးဘူး၊ ကြည့်လိုက်ရင် မြင်နေရတယ်။ စရဖရုံးတို့၊ ရေနံဆီကုန်းတို့က အဲဒီသီးသန့် ဆိုတဲ့ ရပ်ကွက်ပေါ့။ အဲဒီကနေကြည့်ရင် ၉၇ တပ် ဆိုတာ မြင်နေရတယ်။ ကော့ကရိတ်ရဲ့ လက်ရှိအနေအထား သည် ဘယ်လိုဖြစ်နေလဲဆိုတော့ လူသူတွေ က မရှိတော့ဘူး။ လူသူတွေ မရှိတော့ဘဲနဲ့ စိတ်မနှံ့တဲ့ လူနည်းနည်း၊ ဂျလေဘီလေးတွေနဲ့ တချို့အိမ်စောင့်လေးတွေပေါ့နော်။ နည်းနည်း အားကောင်းမောင်းသန် အိမ်စောင့်လေးတွေ ကျန်ခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာရှိတဲ့ တိရစ္ဆာန်တွေက အဓိကအားဖြင့် ခွေးတွေပေါ့။ ခွေးတွေက အစာရေစာငတ်တယ်။ သခင်တွေလည်း မရှိဘူး၊ ကျွေးမွေးတဲ့လူလည်းမရှိတော့ အခုက ခွေးတွေက ဘာဖြစ်နေလဲဆိုတော့ တွေ့တဲ့အကောင်တွေကို ဆိတ်တွေ့ဆိတ်၊ လူသေအလောင်းတွေ့ အလောင်း အကုန်လုံးလိုက်ပြီးတော့ ကိုက်ဖြတ်ပြီးတော့ စားသောက်နေကြတာ။ အစာရေစာ သူတို့မှာ ငတ်သွားတာကို။ သီးသန့်ဆိုတဲ့ အမှတ် (၇) ရပ်ကွက် မှာက ရေတွင်းတွေမှာ အလောင်းတွေ ပစ်ချတာတွေ ရှိတယ်။ နောက် လောက်တွေတွယ်ပြီးတော့ ပုပ်ပွနေ တာတွေရှိတယ်။ သူတို့က ဘာလုပ်လဲဆိုတော့ တကယ့် KNU တွေဆိုတော့ မျိုးချစ်တွေ။ KNU တွေဆိုရင် အလောင်းကို မရမကကို သယ်သွားတာ။ ဗမာ PDF လေးတွေကိုဆိုရင် မသယ်တော့ဘဲနဲ့ အိမ်နည်းနည်း မကောင်းဘူးဆိုတဲ့ တဲအိမ်တို့ဘာအိမ်တို့ ဆိုတဲ့ပုံစံမျိုးဆို အဲဒီအလောင်းတင်ပြီးတော့ မီးရှို့သွားကြတာ။ မီးရှို့သွားတော့ အိမ်တွေကူးတာပေါ့။ အဲဒီလိုလေးတွေ ဖြစ်နေ တာ။ ကော့ကရိတ်မှာက အားလုံးမြို့ပေါ်ရပ်ကွက်က (၇) ရပ်ကွက်ရှိတယ်။ အမှတ် (၃)ရယ်၊ အမှတ် (၅) ရယ် ၊ (၆)ရယ်ပဲ ကောင်းကောင်း လွတ်ကင်းသေးတယ်။ မီးလောင်မှု က (၅) ရပ်ကွက် နည်းနည်း ဖြစ်သေး တယ်။ အဓိက လုံးဝရှင်းတာက အမှတ် (၃) ရပ်ကွက်။ ၉၇ နဲ့ပတ်ချာ လည်မှာ ရှိတယ်ပေါ့။ ၉၇ က လက်လှမ်းမှီတဲ့ နေရာမှာပေါ့။ နောက်ရပ်ကွက်ဆိုတာလည်း တခြားနယ်မြို့တွေက ရပ်ကွက်တွေလိုပေါ့။ ရပ်ကွက်တစ်ခုနဲ့ တစ်ခုက လမ်းပဲခြားတာလေ။ သီးခြားကြီး တစ်ရွာစီ ရှိတာမဟုတ်ဘူး။ ဆိုးတာတော့ (၂)ရယ် (၇)ရယ်။ (၂)ကတော့ ဝန်းကြီးဆိုတာက ကော့နွယ်တံတားဘက် ကိုသွားတာ (၂)ရပ်ကွက် ဝန်းကြီး ရပ်ကွက်လို့ ကျွန်တော်တို့ကခေါ်တယ်။ အရပ်ခေါ်တော့ ဝန်းကြီး အရပ်လို့ခေါ်တယ်။ ဝန်းကြီးအမှတ် (၁) ရပ်ကွက်ဆို တာ ချောင်းတောင်။ ချောင်းတောင်လည်း အာရှလမ်းပေါ်မှာရှိတယ်။ ဝင်လမ်းထွက်လမ်း သာတယ်ပေါ့။ အာရှလမ်းနဲ့ အနီးကပ်ဆုံးရှိတာက ဘာရပ်ကွက်လည်းဆိုတော့ (၆)ရပ်ကွက်ရယ်၊ (၅)ရပ်ကွက်ရယ်၊ (၁)ရပ် ကွက်ရယ်ရှိတယ်။ အာရှလမ်းပေါ်မှာ။ မြဝတီလမ်းဟောင်းအထွက်က အဲဒီ (၇) ရပ်ကွက်ပေါ့။ အဓိကက တစ်ခုပြောချင်တာက ကော့ကရိတ်အကြောင်းပြောကြမယ်၊ ကော့ကရိတ်သူ/သားများ တွေ့ဆုံကြမယ်ဆိုတဲ့ Group မှာ အားလုံးက အနီကြောင်တွေကြီးပဲ။ ကော့ကရိတ်ဆိုတာက ဘာသာခြားတွေများတယ်။ မွတ်ဆလင် တွေ အရမ်းများတဲ့မြို့။ တစ်ချို့ဆိုရင် ပို့စ်တွေကို အကောင့်တုတွေနဲ့ တင်တယ် လုံးဝသူတို့မချပေးဘူး။ လူထု တွေက အဖြစ်မှန်သိချင်လို့ ကော့ကရိတ်အခြေအနေလေး Group မှာမေးကြည့်လိုက်တယ် အားလုံးက ရယ်သလိုမောသလိုပြန်ဖြေကြတယ်။ လူတွေက သတင်းအမှန်တွေကို မရဖြစ်နေတယ်။ ကိုယ့်မြို့ကို ပြန်ချင် ကြတယ် သတင်းမှန်တွေကိုမရဖြစ်နေတာ။ သူများအိမ်မှာနေတာတစ်ပတ်၊ ဆယ်ရက်လောက်ပဲ ကောင်း တယ်။ ကြာကြာလာတော့ အလုပ် အကိုင်မရှိ ဘာမရှိနဲ့ အားလုံးက ဒုက္ခရောက်နေတဲ့အနေအထားတစ်ခုမှာ သူတို့က ပြန်ချင်ကြပြီ။ သတင်းမှန်ကို မရဘူးဖြစ်နေတယ်။ ဝါဒမှိုင်းကဘာလဲဆိုတော့ စစ်တပ်ကပဲ ပစ်သလို လိုဘာလိုလိုပုံစံဖြစ်နေတယ်။ နှစ်ဖက်မျှပြောရင်တော့လည်း မြို့ပြင်ဆိုတဲ့ အမှတ်(၆)ရပ်ကွက်၊ (၇)ရပ်ကွက် တို့မှာသည် PDF တွေက ကြီးစိုးနေတဲ့အတွက်ကြောင့် တပ်ကပစ်ရင်လည်းပစ်မယ်။ နောက်တစ်ခုက ချို့ယွင်း ချက်အနေနဲ့ဘာရှိလဲဆိုတော့ မီးသတ်ကားက ၉၇ တပ်ထဲမှာရှိတယ်။ မီးလောင်မှုတစ်ခုဖြစ်တယ်ဆိုရင် ခုနပြောတဲ့ (၇)ရပ်ကွက်တို့၊ (၁)ရပ်ကွက်တို့၊ (၂)ရပ်ကွက်တို့ကြတော့ မီးသတ်ကားထွက်လို့မရဘူး။ ဟိုကောင် တွေကြီးစိုးနေတာကို။ အဲဒီလိုအနေအထားဖြစ်နေတယ်။ ပြောရရင်တော့ ကော့ကရိတ်ရဲ့ တစ်ဝက်နီးပါး လောက်ကို ဟိုဘက်ကောင်တွေက ကြီးစိုးနေတဲ့သဘောပေါ့။ ၉၇ ကလည်း သူ့တပ်ကုန်းမှာပဲ။ ဒါပေမဲ့ ဖွဲ့စည်း ပုံက ပြောမယ်ဆိုရင် ၉၇ က မြို့ထဲမှာ ရှိတယ်။ သို့သော်ရန်ကုန်ကနေ၊ ဘားအံကနေလာပြီဆို ကော့ကရိတ် ဝင်တဲ့ အချိန်မှာ အဲဒီမှာဗျူဟာကုန်းတစ်ကုန်းရှိတယ်။ အာရှလမ်းဘေးမှာပဲ။ ဗျူဟာရှိတယ်။ ၂၃၀ ရှိတယ်။ ၂၃၁ ခြေလျင်တပ်ရင်း နှစ်ရင်းကလည်း ကော့ကရိတ်နဲ့ (၂)မိုင်သာသာလေးမှာပဲ အဲဒီတပ်က ဗျူဟာတစ်ခု ထိုင်တယ်။ ၂၃၀၊ ၂၃၁ ဆိုတဲ့ ခြေလျင်တပ်ရင်းနှစ်ခုနဲ့ ဗျူဟာတစ်ခု ကော့ကရိတ်မြို့ပြင်နဲ့ (၂)မိုင်လောက်ပဲ ဝေးတဲ့နေရာမှာ ကော့ကရိတ်-ဘားအံပေါ့ ၊ တံတားကျိုးဆိုတဲ့ရွာမှာ အဲဒီတပ်ကထိုင်တယ်။ အဲဒီတပ်သည် အိမ်ခြေနဲ့လည်းလှမ်းတယ်။ ကုန်းကလည်း ကုန်းမြင့်ကြီးမဟုတ်ဘူး။ အဲဒီနေရာမှာစခန်းထိုင်တယ်။ အဲဒီတပ် ကိုတော့ သူတို့ဘာမှမလုပ်ကြပဲနဲ့ ၉၇ ပဲလာပြီးတော့မဲတယ်။ ၉၇ ကိုမဲတော့ မြို့နာတာပေါ့။ အဲဒီလို အနေ အထားဖြစ်တာ။ 


မေး - အခု မြို့ထဲမှာတော့ PDF အဖွဲ့အစည်းတွေ အများအပြားရှိနေသေးတယ်ပေါ့။ သူတို့က ဘာနဲ့ရှင်သန် နေထိုင်လဲ။ စားနပ်ရိက္ခာတို့ ဘာတို့စသည်ဖြင့်ပေါ့လေ ဘာနဲ့ရှင်သန်နေထိုင်လဲ။

ဖြေ - မြို့ပေါ်မှာတော့ သူတို့တွေကျင်လည် ကျက်စားနေတာပေါ့။ ဘယ်လိုရှင်သန်လဲတော့ မသိဘူး။ ဒါပေမဲ့ မြေပုံကြည့်လိုက်တယ်ဆိုရင် အာရှလမ်း တစ်ခွင်မှာ သူတို့ကပဲကြီးစိုးနေတာ။ ကျုံဒိုး- ဘားအံ ဘက်က လာတယ်ဆိုလည်း ကျုံဒိုးရဲ့ဟိုဘက်ခြမ်းသည် ထီပိုးစံတို့ဘာတို့ရှိတယ်။ ထီပိုးစံကျတော့  DKBA ကြီးစိုးနေတာ။ အေး‌အေးချမ်းချမ်းပဲ အဲဒီရွာက ဘာမှမဖြစ်ဘူး။ ဖြစ်တာက ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ် အစပ်မှာ တောင်ကြာအင်းတို့၊ မြောက်ကြာအင်းတို့ တစ်လောတုန်းကဖြစ်ကြတယ်။ အဲဒီကောင်က ဘယ် ပေါက်လဲဆိုတော့ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ခွင်ကို ဒဲ့ပေါက်တယ်။ အဲဒီတစ်ကြောကနေဝင်တယ်။ ပြီးရင် လမ်းဟောင်းကနေဝင်တယ်။ အာရှလမ်းကနေ ဝင်တယ်။ သုံးဖက်သုံးတန် ဝင်တဲ့သဘော။


မေး - အစ်ကိုရှေ့ကပြောတဲ့အထဲမှာ စိတ်ဝင်စားတာ တစ်ခုရှိတယ်။ အလောင်းတွေကို ရေကန်တွေထဲကို ချပစ်တယ်။ ရေတွင်းတွေထဲကို ချပစ်တယ်။ ကြုံရာနေရာမှာ အိမ်လေးတွေနဲ့ မီးရှို့ပစ်တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ အခုထိဖြစ်နေတုန်းလား။ ကြာပြီလား။ အဲဒါကိုအသေအချာလေး အကျယ်ချဲ့ပြီး ပြောပြပေးလို့ရမလား။

ဖြေ - Confirmed ဖြစ်တယ်ပေါ့နော်။ အဓိက တံတားဦးရပ်ကွက်ဆိုတဲ့ (၇)ရပ်ကွက်မှာက အဖြစ်များတာက လူနေအိမ်ခြေလူတွေမရှိကြဘူး။ ပထမအကြိမ်စဖြစ်ကတည်းက လူတွေကတော်တော် ရွှေ့ကြပြီ။ ဒုတိယ အကြိမ်မှာတော့ လူတွေဘယ်သူမှမနေရဲကြတော့ဘူး။ အားလုံးရွှေ့ကြပြီ။ အဲဒီရပ်ကွက်မှာတွေ အားလုံး ဘယ် သူမှမရှိကြတော့ဘူး။ မီးလောင်တဲ့အိမ်တွေ၊ ကျောင်းဆရာမတွေဆို အဝတ်အထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေး ရတယ်။ ဆိုတော့ အဲဒီအိမ်တွေမှာ ကော့ကရိတ်မှာက အိမ်တိုင်းနီးပါးကို ရေတွင်းတွေနဲ့ သုံးကြတယ်။ စည်ပင် ရေပေးရေး မရှိဘူး။ရေတွင်းတွေနဲ့ပဲ သုံးကြတယ်။ တပ်ကနေပစ်တယ်ဆိုရင် သူတို့ထိတယ်။ ထိပြီဆိုရင် သူတို့သယ်တယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ရေတွင်းထဲကို၊ နီးစပ်ရာ ရေတွင်းတို့ ကြုံသလိုပစ်ချတယ်ပေါ့။ လမ်းဘေးမှာတင်။ လူသူမှမရှိတော့တဲ့ဟာကိုး။ မြို့ခံတွေ၊ လူထု တွေ၊ လူသူတွေက မရှိကြတော့ဘူးလေ။ မရှိကြတော့ သူတို့စိတ်ကြိုက်ကို ဖြစ်နေတယ်ပေါ့။ ရိက္ခာတွေဆိုလည်း ဒီအတိုင်းပဲ။ ဆန်၊ ဆီ ၊ ဆေး ၊ ဆား ဆိုတာက ရှိတယ်လေ။ လူတွေက ကိုယ်လွတ်ရုန်းထွက်ပြေးလာတဲ့အတွက်ကြောင့်မို့ အိမ်တိုင်းကိုမွှေတာတို့။ အိမ်တွေကို မွှေတာတို့။ ဆိုတော့ မီးလောင်တဲ့ရပ်‌ကွက်တွေ သူတို့မွှေသွားတဲ့ရပ်ကွက်တွေကို တပ် လုပ်တယ် ဆိုတဲ့ အနေအထားမျိုးပြောတယ်ဆိုတာ တပ်က အပြင်မထွက်ကြဘူး။ အပြင်မှာ သွားလာလှုပ်ရှားနေတာ သူတို့အုပ်စုပဲရှိတယ်။ ကောက်ချက်ချရင် မြို့ထဲကို တပ်ကမလာဘူး။ မီးသတ်တောင် သူနဲ့နီးစပ်ရာ ကွပ်ကဲလို့ ရတဲ့နေရာကိုပဲသွားတယ်။ ကျန်တဲ့နေရာတွေမှာ၊ မြို့ရဲ့ရပ်ကွက်တော်တော်များများမှာ ဒီကောင်တွေက ကြီး စိုးနေတယ်။ မြို့ခံတွေကလည်း မရှိတော့ဘူး။ မြို့ခံတွေမရှိတဲ့အိမ်တွေကို သူတို့စိတ်ကြိုက်ပဲလုပ်လို့ရတယ်။

 

မေး - ‌ကော့ကရိတ်မြို့ရဲ့ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကပျက်စီးသွားပြီပေါ့။ လမ်းပေါ်မှာ KNLA၊ PDFအဖွဲ့တွေကပဲ ထင်တိုင်းကျဲသွားလာနေထိုင်တာပေါ့။

ဖြေ - ပျက်စီးသွားပြီ။ ဟုတ်တယ်။ သွားလာနေထိုင်နေတာ။ အဲဒီလိုဖြစ်နေတာ။ 


မေး - အဲဒီတော့ မြို့ခံတွေကကော အခြေအနေမှန်ကို သိလား။ ထွက်ပြေးသွားတဲ့ မြို့ခံတွေက အခြေအနေ မှန်ကိုသိလား။ 

ဖြေ - သိတယ်။ သိတယ်။ အခြေအနေမှန်ကို သိကြတယ်။ ဒါပေမဲ့ အားလုံးဟာ အနီကြောင်တွေ ဖြစ်တယ်။ 


မေး - ပြန်လာချင်တာကို လာလို့မရဘူး ဖြစ်နေတာကိုကော သိလား အခြေအနေကို။ 

ဖြေ - သူတို့ကတော့ Facebook  Group မှာ ကော့ကရိတ်အကြောင်းပြောကြမယ်တို့၊ ကော့ကရိတ် သူ/သားများ ဆုံဆည်းရာတို့ Group ကိုပဲ အားကိုးရတယ်။ အားကိုးရတော့ အဲဒီမှာလည်း ဖြစ်စဉ်သတင်း မှန်တွေ ထည့် ရင်လည်း သူတို့က ဘောမဆိုတဲ့ ပုံစံမျိုးနဲ့ ဒါကို သူတို့က လုံးဝအကန်တွေလုပ်ပစ်တာ။ ဆိုတော့ သတင်းအမှန် တွေကို လူထုကမရဘူး။ ပြန်ချင်တယ် ကိုယ့်ဒေသမှာကိုယ်သေလည်း သေတော့ဆိုတဲ့ပုံစံမျိုးနဲ့ လူတွေ တော် တော်များများက နေချင်ကြတယ်။ ဒါပေမဲ့ သတင်းအမှန်ကိုမသိကြတဲ့အတွက်ကြောင့်မို့ အဝေးရောက်တွေက မြှောက်ထိုးပင့်ကော်တွေ နင်တို့သေချင်လည်းသွားကြ၊ ဘာညာဆိုတဲ့ ပုံစံမျိုးတွေဆိုတော့ လူတွေက သတင်း အမှန်ကို ပိတ်နေတာ။ ဒါကြောင့်မို့လို့ ကော့ကရိတ်မြို့ရဲ့ သတင်းအမှန်ကို နိုင်ငံတော် အဆင့်မဟုတ်ရင်တော့ ပြည်နယ်အဆင့်ကနေပြီးတော့ သတင်းအမှန်လေးတွေကို ထုတ်ပြန်မှလူထုတွေက မြဝတီရယ်၊ သင်္ဃန်း ညီနောင်ရယ်၊ ဘားအံရယ်၊ မော်လမြိုင်ရယ်၊ သာမည ရယ် အဲဒီ‌ဒေသ (၄)ခုမှ နေကြတယ်ဗျာ။ အဲဒါကြောင့် သတင်းအမှန်လေးတွေကို ဖြန့်ချိပေးရင် လူထုတွေက ကိုယ့်အိမ်ကိုယ့်ရွာမှာ သေရင်လည်းသေပါစေတော့ ပြန်တော့မယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာမယ်။ အခုက လူတွေက မျက်စိပိတ်နားပိတ်ဖြစ်နေတော့ သနားဖို့လည်း တော်တော်ကောင်းတယ်။ 


မေး - ဟုတ်ကဲ့။ အခု ကော့ကရိတ်တိုက်ပွဲစဖြစ် လာတဲ့ကာလကနေ စုစုပေါင်းထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေက ပျမ်းမျှဘယ်လောက်လောက်ရှိလဲ။ ရက်ပေါင်းက ဘယ်လောက်လောက် ကြာလာပြီလဲ။ စစ်ဘေးရှောင်နေရတာ။ 

ဖြေ -  (၂)လကျော်ပြီ။ မြို့ပေါ်လူဦးရေက ကောက်သင်းကောက်ဖို့တော့ခက်တယ်။ ဘယ် လောက်လောက်ရှိလဲဆိုတာကို။ 


မေး - အရင်က မြို့မှာ လူဦးရေ ဘယ်လောက်ရှိခဲ့လဲ ခန့်မှန်းခြေ။ 

ဖြေ - တကယ်တော့ အဲဒါက မြို့ပေါ် (၇)ရပ်ကွက်ကဆိုတဲ့ အနေအထားမှာ သိန်းဂဏန်းတော့ ရှိတယ်။ မီဒီယာမှာကျတော့ စစ်ရှောင်တွေ (၂)သောင်းကျော် ဆိုတာ မကဘူး။ 


မေး - အဲဒီတော့ ကော့ကရိတ်က ၉၇ က ခုထိတော့ မကျဘူး အထဲမှာပဲရှိနေတာပေါ့။ မြို့နယ်ရဲစခန်းက ကော ရှိသေးလား။ ရဲစခန်းက ရဲစခန်းနေရာမှာရှိတာ လား။ ၉၇ ကို သွားပေါင်းတာလား။ 

ဖြေ - မကျဘူး။  ရဲစခန်းလည်းရှိသေးတယ်။ အမှတ် (၃)ရပ်ကွက်မှာဆိုတော့ အခြေအနေကောင်းသေးတယ်။ 


မေး - သူ့ကိုကျတော့ PDF တွေက ဘာမှမတိုက် ဘူးလား။ 

ဖြေ - PDF တွေ မတိုက်ဘူးဆိုတာက ပြောရင်တော့ ဝင်ရမဝင်ရ မလွယ်လားဆိုတာတော့မြို့ထဲမှာပဲ။ ဝင်ရ တာ လွယ်တယ်။ တပ်နဲ့လည်းလက်တစ်ကမ်းမှာ ရှိတယ်။ မြို့မစခန်းက ဘယ်နားရှိလဲဆိုတော့ ကော့ကရိတ် ဈေးကြီး ၊ အဲဒီဈေးကြီးဘေးမှာကပ်လျက်၊ မီးသတ်ရုံးရဲ့ဘေးမှာ ကပ်လျက်ရှိတယ်။ အဲဒီလိုအနေအထား။ 


မေး - အဓိက နားမလည်တာက ရဲစခန်းက ဒီအတိုင်းရှိသေးတယ်။ ရပ်ကွက်တချို့တွေလည်း အကောင်းအတိုင်းရှိသေးတယ်။ ဒီ KNLA ? PDF တွေ တိုက်ပွဲဖော်တဲ့ပုံစံက နည်းနည်းတော့ စဉ်းစားစရာတော့ ကောင်းတယ်။ ရဲစခန်းကျတော့ မတိုက်ဘူး။  နည်းနည်း စဉ်းစားစရာတော့ ဖြစ်တယ်ပေါ့နော်။ 

ဖြေ - Facebook သုံးတယ်ဆိုရင် ကော့ကရိတ်အကြောင်းပြောကြမယ်ဆိုတဲ့ Group  ထဲဝင်ကြည့်လိုက်။ အဲဒီမှာ လူထုအသံတွေ ကောင်းကောင်းညံလာလိမ့်မယ်။ ဒါတောင်သူတို့က လုံးဝပိတ်ထားတယ်ဆိုတဲ့ အနေအထား မှာတောင် KNU ကို သူတို့တွေ ဆဲနေကြပြီ။ တိုက်မယ်ဆိုလည်းတိုက်တော့။ တို့ရှောင်ပေးလာတာ နှစ်လကျော်နေပြီ။ အခုချိန်ထိမတိုက်သေးဘူး။ ကောင်းကောင်းဆဲနေကြတယ်။ လူထုတွေက နည်းနည်း တင်း ပြီး တပ်ကိုလည်း ကြိုက်လို့တော့ မဟုတ်ဘူး။ နင်တို့သိမ်းမယ်ဆိုလည်းသိမ်း။ ငါတို့ ရှောင်ပေးလာခဲ့တယ်။ ကော့ကရိတ်မြို့ဟာ စီးပွားရေးအချက်အချာဟာလည်းမကျ။ မြဝတီလိုနေရာမျိုး၊ KK Park လိုနေရာမျိုး ကျတော့ မင်းတို့အခွန်တွေရနေလို့ မလုပ်တာလားဆိုတဲ့ ပုံစံမျိုးနဲ့ချနေကြပြီ။ တကယ်တော့ ကော့ကရိတ်က မဖွင့်ချင်ဘူး။ 


မေး - သဘောကတော့ ရင်ထဲမှာတော့ အဲဒီလို အသိတရားရှိနေပြီပေါ့။ 

ဖြေ - အသိတရားရှိနေပြီ။ တော်‌တော်များများရှိနေပြီ။ ရာခိုင်နှုန်းတော်‌တော်များများရှိနေကြပြီ။ 


မေး - တိုက်ပွဲဖော်တုန်းကတော့ ကော့ကရိတ်မြို့ခံတွေကအစ ရလိမ့်မယ်လို့ထင်လို့ သူတို့လည်း ရှောင် ပေးတာလား။ 

ဖြေ - ‌ရှောင်ပေးတာထက်စာရင် ထမင်းတွေကို ကျွေးမယ်။ ထမင်းဆိုင်ကိုလာခဲ့။ ဘာညာ အဲဒီလိုမျိုး ဖိတ်ခေါ်ကြတာ။ တကယ်လည်း တိုက်လည်းတိုက်ရော မဖြစ်လာတဲ့ အနေအထားတစ်ခုမှာ (၁)ပတ်၊ (၁၀)ရက်မဟုတ်ဘဲ၊ (၂)လ (၃)လဖြစ်လာတဲ့အတွက် ကြောင့်မို့ စီးပွားရေးအချက်အချာမကျတဲ့ ဒီနယ်မြို့ လေးကို ဘာကြောင့်မင်းတို့တွေမက်နေကြလဲ။ မြဝတီ လို နေရာမျိုးလုပ်ကြပါလား။ အဲဒီလို ချကြတာ။ တော် တော်များများ။ ဒါတောင် သူတို့ကန့်သတ်ပိတ်ဆို့တဲ့ ကြားကနေပြီးတော့ ကော့မန့်တွေမှာ မရမကကို ရေး ကြတာ။ ဒီကောင်တွေက ဖျက်ကြတယ်လေ။ ပြန်ဖျက် ကြတယ်။ အဲဒီလို အနေအထားတွေ ဖြစ်နေတာ။ ခုနကပြောတဲ့ အ‌လောင်းတွေကို လုပ်တယ်။ ကရင်ပ ဒက်၊ KNU တွေပဲ အဓိကမဖြစ်မနေသယ်ကြတယ်။ မြန်မာလူငယ်လေးတွေကျတော့ မသယ်ဘူး။ ဒါကတော့ Confirmed  ဖြစ်တယ်။ လောက်တွေ၊ အနံ့တွေ တထောင်းထောင်းနဲ့ မြို့ပြင်တွေမှာဖြစ်တယ်။ တစ်ခါတလေကျရင် သူတို့ပြန်ရင်လည်း မသယ်နိုင်ဘူးဆိုရင် အိမ်တွေကို ရောကြိတ်ပြီးတော့ မီးရှို့သွားတယ်။ တပ်ကရှို့တယ်ဆိုတဲ့ ပုံစံဖြစ်အောင်လုပ်တယ်။ တပ်က လည်း သူ့တပ်ကို မကျရေးပဲလုပ်ပြီးတော့ ကျန်တဲ့ အနေအထားကို လျစ်လျူရှုထားတဲ့သဘောပေါ့။ ၉၇ ရဲ့ ဖွဲ့စည်းပုံသဏ္ဌာန်က ကောကရိတ်မြို့လယ်ကောင်မှာရှိပြီးတော့ သူကကုန်းမြင့်မှာရှိတာ။ ဗျူဟာအရ တော် တော်ကောင်းတဲ့နေရာပေါ့။ ကော့ကရိတ် တစ်မြို့လုံးကို စီးပြီးတော့မြင်ရတဲ့ အနေအထား။


ပြည့်ပြည့်စုံစုံကြိုးစားပြီး ပြောကြားပေးတာ ကျေးဇူးတင်ပါတယ်။  


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှား၏ရေနံအခြေခံအဆောက်အဦးများကို တိုက်ခိုက်နေခြင်းအား ရပ်တန့်ရန် ယူကရိန်းကို အမေရိကန်အစိုးရသတိပေး

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved