Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကြမ်းဖက်လုပ်ရပ်များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များကို နိုင်ငံရေးပါတီ (၂၄)ခုက ကန့်ကွက်ရှုတ်ချ

Pearl (NSS) – မတ် ၁၇

အကြမ်းဖက်လုပ်ရပ်များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ (၂၄)ခုက သဘောထားထုတ်ပြန်ထားသည်။ 

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊  မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ၊ ရခိုင်ဦးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ နှင့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ ပါတီ) တို့ အပါအဝင် စုစုပေါင်း နိုင်ငံရေးပါတီ (၂၄) ခုက ယမန်နေ့ (မတ်လ ၁၆ ရက်) တွင်အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။


အကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံတော်၏ အနာဂတ်ခရီးအား မှေးမှိန်ပျက်စီးစေသည်သာမက နိုင်ငံ့ဘဏ္ဍာငွေ များဖြင့် နှစ်ကာလကြာရှည်စွာ တည်ဆောက်ပေးခဲ့ရသော အခြေခံအဆောက်အဦများကို ပြန်လည်တည်ဆောက် ပြုပြင်ပေးရမည့်လုပ်ငန်းများသည် နိုင်ငံ့အနာဂတ်အတွက် အခက်အခဲများစွာ ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ထည့်သွင်း‌ပြောကြားထားသည်။ 

အလားတူ ရုပ်ပိုင်းဆိုင်ရာထိခိုက်ဆုံးရှုံးမှုများအပြင် စိတ်ပိုင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ် ထိခိုက် ပျက်စီးမှုများ ရှိနေပြီး ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများကိုလည်း နားလည်စာနာကြောင်းလည်း ထုတ်ပြန်ထားသည်။

နိုင်ငံရေးပါတီများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် လွတ်လပ်ပြီးတရားမျှတ သည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။ 

အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ (၂)နှစ်တာကာလ အတွင်း အတည်ပြုရရှိသော စာရင်းဇယားများအရ  လူနေအိမ်၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ မီးရှို့ဖျက်ဆီးမှု (၁၆၆၁)ကြိမ်၊ စက်ရုံ/ အလုပ်ရုံ/ စူပါမားကတ်များ မီးရှို့ ဖျက်ဆီးမှု (၄၄)ကြိမ်၊  ရုံး/ အဆောက်အဦများအား အကြမ်းဖက်တိုက်ခိုက်မှု (၁၀၉)ကြိမ် နှင့် လမ်း/တံတားများအား ဖောက်ခွဲဖျက်ဆီးမှု (၈၅၆)ကြိမ် ကျူးလွန်ခဲ့ ကြောင်း နိုင်ငံရေးပါတီ (၂၄)ခု၏ ပူးတွဲသဘောထားထုတ်ပြန်ချက်အရသိရသည်။ 

ထို့ပြင်ဌာနဆိုင်ရာရုံး/ အဆောက်အဦများ မီးရှို့ဖျက်ဆီးမှု (၉၇၆)ကြိမ်၊ လက်ပစ်ဗုံး/ လက်လုပ်ဗုံး ပစ်ခတ်မှု/ တွေ့ရှိမှု (၁၉၄၆)ကြိမ်၊ ကျောင်း/ ရုံး/ အခြားနေရာများ လက်ပစ်ဗုံး ပစ်ခတ်မှု (ကွဲ/ မကွဲ/ တွေ့ရှိ) (၆၈၄၅) ကြိမ် နှင့် အရပ်သားပြည်သူ (၈၉၂၈)ဦး အား အနိုင်ကျင့်မှု၊ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထားဝယ်တွင် လွန်ခဲ့သော(၆)ရက်ခန့်က ပျောက်ဆုံးနေသည့်အမျိုးသမီးငယ်ကို သေဆုံးလျက်တွေ့ရှိ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved