ထားဝယ်တွင် လွန်ခဲ့သော(၆)ရက်ခန့်က ပျောက်ဆုံးနေသည့်အမျိုးသမီးငယ်ကို သေဆုံးလျက်တွေ့ရှိ
သန့်ဇင် (NSS) - မတ် ၁၇
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် (၆)ရက်ခန့်အကြာ ပျောက်ဆုံးနေသော အသက်(၁၈)နှစ်အရွယ် အမျိုးသမီးကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးငယ်၏အလောင်းကို ယမန်နေ့(မတ်လ ၁၆ ရက်)၊ နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်၊ ပဒိုင်းချောင်း ကျေးရွာ၊ စိုက်ပျိုးရေးခြံတစ်ခုအတွင်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသမီးမှာ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု ပဒိုင်းချောင်းကျေးရွာတွင်နေထိုင်သည့် အသက်(၁၈)နှစ်အရွယ်ရှိ မပန်းအိဖြိုး ဆိုသူဖြစ်ကြောင်း သိရသည်။
အဆိုပါသေဆုံးသူအမျိုးသမီးသည် ပြီးခဲ့သည့် မတ်လ ၁၁ ရက်၊ နံနက် ၁ဝ နာရီအချိန်ခန့်က ဖုန်းဆက်ရန်အတွက် မိခင်အားခွင့်တောင်း၍ နေအိမ်မှထွက်သွားစဉ် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး (၆)ရက်ခန့်အကြာတွင် နေအိမ်နှင့် တစ်မိုင်ခန့်အကွာ အထက်ပါစိုက်ပျိုးရေးခြံအတွင်း၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါအမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ မိသာစုဝင်များက စုံစမ်းစစ်ဆေးရန် အမှုဖွင့်ထားရှိပြီး ရုပ်အလောင်းကို သင်္ဂြိုလ်ရန်အတွက် စီစဉ်လျက်ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံတစ်ဝှမ်း၌ လူပျောက်မှုဖြစ်စဉ်များ ခကြာခဏဖြစ်ပွားလျှက်ရှိရာ အကောင်းပကတိအတိုင်း ပြန်လည်တွေ့ရှိသူများရှိသကဲ့သို့ အလားတူသေဆုံးလျက်ပြန်လည်တွေ့ရှိမှုဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်ရက်ပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလ အသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ