ရုရှားထံမှ သိမ်းဆည်းထားတဲ့ငွေကြေးများကို ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးနိုင်ဖို့ အသုံးချမယ်လို့ ဂျာမနီအဓိပတိပြော
ဂျန်ဇက် (NSS) - မတ် ၁၇
ဥရောပသမဂ္ဂအနေနဲ့ သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းအတွကစစ်လက်နက်ပစ္စည်းများ ဝယ်ယူရာမှာ အသုံးပြုသွားမယ်လို့ ဂျာမနီအဓိပတိက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျာမနီအဓိပတိက ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရှိ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူထားပြီး ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရာမှာ အဲဒီပိုင်ဆိုင်မှုတွေကို အသုံးချမယ်လို့ ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ဟာ ၂၀၂၂ ခုနှစ်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားအစိုးရ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃ဝဝ ဘီလျံကျော်ကို သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။ ဂျာမနီအဓိပတိဟာ ပြင်သစ်သမ္မမက်ခရွန်အပြင် ပိုလန်ဝန်ကြီးချုပ်တို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုမျိုးပြောခဲ့တာပါ။
ဂျာမနီအဓိပတိက "ယူကရိန်းကို ကူညီထောက်ပံ့ပေးနိုင်ဖို့ စစ်လက်နက်တွေ ဝယ်ယူနိုင်အောင် ရုရှားအစိုးရထံ ကနေ သိမ်းယူထားတဲ့ ငွေကြေးတွေကို အသုံးချသွားမှာပါ။ ကမ္ဘာ့ဈေးကွက်အားလုံးရှိ တာဝေးပစ်လက်နက်တွေကို အဓိကထား ဝယ်ယူသွားမယ်" လို့ ပြောပါတယ်။
ဂျာမနီအဓိပတိဟာ အသေးစိတ်အခြေနေတွေကို ထုတ်ဖော်ပြောဆိုခြင်းမျိုးတော့ မရှိခဲ့ကြောင်း သိရပါတယ်။ ရုရှားအစိုးရကတော့ ဥရောပသမဂ္ဂနိုင်ငံတွေရှိ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းယူခြင်းဟာ ခိုးယူခြင်းသာဖြစ်ကြောင်း၊ ဥရောပသမဂ္ဂရဲ့လုပ်ရပ်က ကမ္ဘာ့စီးပွားရေးနဲ့ ကမ္ဘာဘဏ္ဍာရေး နဲ့ နိုင်ငံတကာဥပဒေများကို ချိုးဖောက် ထိခိုက်အောင်လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲကာလအတွင်း အသုံးပြုမယ့်စစ်လက်နက်ပစ္စည်းများ ကုန်ခမ်း လိုအပ်မှုတွေရှိနေရာ စစ်ရေးအကူအညီတွေ ထပ်မံကူညီပေးဖို့ အနောက်အုပ်စုနိုင်ငံတွေကို အကူအညီတောင်းခံနေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်လုပ်ရပ်များနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ထိခိုက်ပျက်စီးစေမည့်လုပ်ရပ်များကို နိုင်ငံရေးပါတီ (၂၄)ခုက ကန့်ကွက်ရှုတ်ချ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ