ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲနိုင်ရေးအတွက် အစ္စရေးအစိုးရအဖွဲ့ ဆွေးနွေးမှုပြုလုပ်
ဂျန်ဇက် (NSS) - မတ် ၁၇
အစ္စရေးအစိုးရအဖွဲ့ဟာ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး မတ်လ ၁၇ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။ ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဒိုဟာမြို့ကို သွားရောက်ဆွေးနွေးရာမှာဖြစ်တဲ့ အတွက် အစ္စရေးအစိုးရအဖွဲ့ကိုယ်စားလှယ်အဖွဲ့ရဲ့လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး အဓိကထားဆွေးနွေးမှာဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်ရုံးက "ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး သွားရောက်ဆွေးနွေးမယ့် အစ္စရေးနိုင်ငံ ကိုယ်စားပြုကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင် ငါးဦး ပါဝင်ပါတယ်။ အဲဒီသူတွေရဲ့လုပ်ပိုင်ခွင့်နဲ့ ဆွေးနွေးရမယ့် အဓိကအကြောင်းကို အစိုးရအဖွဲ့ကြား ဆွေးနွေးမှာပါ" လို့ ပြောပါတယ်။
အစ္စရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒိုဟာမြို့ကို ဘယ်အချိန်ထွက်ခွာမလဲဆိုတဲ့အချက်ကိုအသေးစိတ်ပြောဆိုခြင်းမျိုး မရှိကြောင်း သိရပါတယ်။ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ပြည်တွင်းမှာ နိုင်ငံရေး ဖိအားတွေနဲ့ရင်ဆိုင်နေရကြောင်း သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသူတွေ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် ဖိအားတွေ ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရပါတယ်။
ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း လူပေါင်း ၂၅ဝ ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်မှာ ဟားမက်စ်အဖွဲ့လက်ထဲမှာ လူပေါင်း ၁၃ဝ ကျော် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ဖို့ အီဂျစ်၊ အမေရိကန်၊ ကာတာနိုင်ငံတို့ ကြားဝင်ဆွေးနွေးခဲ့ပြီး လက်ရှိအချိန်အထိ တိုးတက်မှုမရှိသေးဘဲလာမယ့် ရက်ပိုင်းအတွင်း ဒိုဟာ မြို့မှာ ထပ်မံဆွေးနွေးဖို့ စီစဉ်ထားကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားထံမှ သိမ်းဆည်းထားတဲ့ငွေကြေးများကို ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီပေးနိုင်ဖို့ အသုံးချမယ်လို့ ဂျာမနီအဓိပတိပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ