ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘယ်ဂိုရော့မြို့ရှိ ကျောင်းတွေ၊ ဈေးဆိုင်တွေကို ပိတ်ထားခဲ့ရဟု ရုရှားအစိုးရပြော
ဂျန်ဇက် (NSS) - မတ် ၁၇
ရုရှားနိုင်ငံ ဘယ်ဂိုရော့မြို့မှာ မတ်လ ၁၆ ရက်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီးနောက် စာသင် ကျောင်းတွေနဲ့ ဈေးဆိုင်တွေ ပိတ်သိမ်းခဲ့ရကြောင်း သိရပါတယ်။
ရုရှားအာဏာပိုင်တွေဟာ ဘယ်ဂိုရော့မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ယူကရိန်းအစိုးရကို ဝေဖန်ပြစ်တင်ထားကြောင်း သိရပါတယ်။ ရုရှားနိုင်ငံမှာသမ္မတရွေးကောက်ပွဲ ကျင်းပနေချိန်ကာလအတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေဖြစ်လာခဲ့ခြင်းဖြစ်ပေမယ့် ဘယ်လ်ဂိုရောဗ့်မြို့မှာ သမ္မတရွေးကောက်ပွဲကို ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရပါတယ်။
ဘယ်လ်ဂိုရော့မြို့အုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ၂ ဦးသေဆုံးခဲ့ကြောင်း ယူကရိန်းဒုံးကျည် ၈ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ပြောပါတယ်။ ရုရှားသမ္မတပူတင်က ယူကရိန်းဟာ ၎င်းရဲ့သမ္မတ အဖြစ် နောက်ထပ် ခြောက်နှစ်ကြာတာဝန်ယူခွင့် ရမယ့်အခွင့်အရေးကို ဟန့်တားခြင်းမျိုးဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
ဘယ်လ်ဂိုရော့မြို့ဟာ ယူကရိန်းနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ ရုရှားပိုင်နက်ဖြစ်ပြီး မတ်လ ၁၈ ရက် နဲ့ ၁၉ ရက်တို့မှာ ကျောင်းတွေကို ပိတ်ထားခဲ့ဖူးကြောင်း သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူကရိန်းရဲ့တိုက်ခိုက် မှုတွေကြောင့် ရုရှားနယ်စပ်ဒေသမြို့တွေ ထိခိုက်တာတွေရှိခဲ့ကြောင်း ပြောပါတယ်။ ယူကရိန်းအစိုးရကတော့ ဘယ်လ်ဂိုရော့မြို့တိုက်ခိုက်ခံရခြင်းနဲ့ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရပါ တယ်။
ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၂ နှစ်ကျော်ကြာလာပြီး ယူကရိန်းက ရုရှားနယ်စပ်မြို့တွေကို ဒုံးကျည်တွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲနိုင်ရေးအတွက် အစ္စရေးအစိုးရအဖွဲ့ ဆွေးနွေးမှုပြုလုပ်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ