Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NCA ရေးထိုးထားသည့် EAOs (၇) ဖွဲ့က ကိုယ်ပိုင်ထိန်းချုပ်နယ်မြေအသီးသီးတွင် အုပ်ချုပ်ရေးစနစ် စတင်သွားမည် ဟုဆို

Pearl (NSS) - မတ် ၁၇

NCA ရေးထိုးထားသည့် EAOs (၇) ဖွဲ့က ကိုယ်ပိုင်ထိန်းချုပ်နယ်မြေအသီးသီးတွင် အုပ်ချုပ်ရေးစနစ် စတင်သွားမည်ဟု RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

NCA ရေးထိုးထားသည့် EAOs (၇) ဖွဲ့၏ ထိပ်သီးအစည်းအဝေး (7 NCA-S EAO Summit) ကို ယနေ့ (မတ်လ ၁၇ ရက်) တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ စတင်ကျင်းပလျက်ရှိပြီး မတ်လ (၁၉) ရက်အထိ (၃) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါအစည်းအဝေးသည် NCA လက်မှတ်ရေးထိုးထားသည့် KNU/KNLA – PC၊ DKBA၊  PNLO၊  LDU၊   ALP၊  NMSP နှင့်  RCSS တို့၏ ထိပ်သီးအစည်းအဝေးဖြစ်ပြီး  KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးလည်း တတ်ရောက်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ပြင်ဆင်ရေးအလုပ်အဖွဲ့က ပြင်ဆင်ထားသည့် နိုင်ငံရေးဆိုင်ရာအဆိုပြုချက်များ (မူကြမ်း)နှင့် စုဖွဲ့မှုအသစ်၏ ဖွဲ့စည်းပုံစည်းမျဉ်း (မူကြမ်း)တို့ကိုဆွေးနွေး၍ အတည်ပြုနိုင်ရန်ဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြု နိုင်ပါက စုဖွဲ့မှုအသစ်ကိုဖွဲ့စည်းသွားမည်ဟု RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။ 

ထို့ပြင် လက်ရှိနိုင်ငံရေး အခြေအနေသုံးသပ်ခြင်း အပါအဝင် အခြားအရေးပါသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။


“စုဖွဲ့မှုအသစ်ကို ဖွဲ့စည်းပြီးပါက ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း သေချာစွာလိုက်နာဆောင်ရွက်နိုင်မှ သာ အလုပ်ဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံရေး၊ စစ်ရေးအခြေအနေများက နေ့စဉ်နဲ့အမျှပြောင်းလဲနေပြီး မိမိတို့ (၇)ဖွဲ့ထဲ က တချို့အဖွဲ့ဆိုရင် တိုက်ပွဲဝင်နေတာတွေ ရှိခဲ့ပါတယ်။ ဒီအချက်တွေက လက်ရှိအခြေအနေကို မီးမောင်းထိုးပြ တာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေဟာ ထိလွယ်ရှလွယ်တဲ့အနေအထားမှာ ရှိနေပါတယ်။ ယနေ့ကာလမှာ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ရေးဘောင်ကျယ်တဲ့အနေအထားမှာ ရှိနေပါတယ်။ မိမိတို့ (၇)ဖွဲ့အနေနဲ့ EAO (၁၂)ဖွဲ့ လက်ခံထားတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ပြီး ရှေ့ခရီးကို ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။ မိမိတို့ (၇)ဖွဲ့ရဲ့ ထိန်းချုပ် တဲ့နယ်မြေဒေသအသီးသီးတွေမှာ မိမိတို့ကိုယ်ပိုင်ပြဌာန်းခွင့်ရဲ့အုပ်ချုပ်ရေးစနစ်နဲ့ စတင်အုပ်ချုပ်သွားရမှာ ဖြစ်ပါ တယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။ 


ထို့ပြင်  ၎င်းတို့ ဒေသရှိ လူထုအတွက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အပါအဝင် အခြားဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တဆင့်ပြီးတဆင့် တည်ဆောက်မည်ဟု  ၎င်းက ဆက်လက်ပြောသည်။ 

ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင်လည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ NCA - S EAO ထိပ်သီးခေါင်းဆောင်များညီလာခံကို ကျင်းပခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘယ်ဂိုရော့မြို့ရှိ ကျောင်းတွေ၊ ဈေးဆိုင်တွေကို ပိတ်ထားခဲ့ရဟု ရုရှားအစိုးရပြော

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved