အနောက်ဘက်နယ်စပ်ကျွန်းများအနီးတွင် ကြီးမားသောစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ပြော
Pika (NSS) - မတ် ၁၇
တောင်ကိုရီးယားစစ်တပ်သည် မြောက်ကိုရီးယား၏ ရန်စမှုများနှင့်ပတ်သက်ပြီး ရန်သူကို လျင်မြန်စွာနှိမ်နှင်းရန် နှင့် တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားရန် လေ့ကျင့်မှုအဖြစ် ပင်လယ်ဝါအတွင်းရှိ နယ်စပ်ကျွန်းများအနီးတွင် ကြီးမားသောစစ်ရေးလေ့ကျင့်မှုများကို မတ်လ(၁၅)ရက်က လုပ်ဆောာင်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယားနှင့်ထိစပ်နေသော အနောက်ရေကြောင်း နယ်စပ်အနီးရှိ Baengnyeong နှင့် Yeonpyeong ကျွန်းများ တစ်ဝိုက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အနောက်မြောက်ကျွန်းစုများ ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်က မတ်လ(၁၇)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုများတွင် မရိန်းတပ်သား နှင့် ရေတပ်တို့၏ အမြန်လေ့ကျင့်ရေးတပ်ဖွဲ့များ၊ LST-II စစ်သင်္ဘော၊ MUH-1 Marineon ရဟတ်ယာဉ် နှင့် Korean Assault Amphibious Vehicle(KAAV) တို့ ပါဝင်ကြောင်း သိရသည်။
တောင်ကိုရီးယားစစ်တပ်၏ အထူးတပ်ဖွဲ့ဝင်များ၊ AH-64 Apache တိုက်ခိုက်ရေးရဟတ်ယာဉ်၊ UH-60 Black Hawk ရဟတ်ယာဉ် နှင့် CH-47 Chinook ရဟတ်ယာဉ်များလည်း အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားတွင် လာမည့် ဧပြီလမှာ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ မြောက်ကိုရီးယားက ရန်စမှုများလုပ်ဆောင်လာမည်ကို စိုးရိမ်မှုများမြင့်တက်နေသည့်အချိန်တွင် အဆိုပါစစ်ရေး လေ့ကျင့်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကြား စာချုပ်ချုပ်ဆိုထားသော တင်းမာမှုလျှော့ချရေး သဘောတူညီချက်များကို ဖျက်သိမ်းခဲ့ကြပြီး နယ်စပ်တစ်လျှောက်လုံခြုံရေးများကို ပိုမိုမြှင့်တင်ကာ စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုများမှာ ပြီးခဲ့သည့်လများအတွင်း ပိုမို မြင့်တက်လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်းများကို ထပ်မံဖျက်ဆီးပစ်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ