Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒရုန်းများကို ထပ်မံဖျက်ဆီးပစ်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော

Pika (NSS) - မတ် ၁၇ 

အမေရိကန်စစ်တပ်က ၎င်းတို့သည် မတ်လ(၁၆)ရက်တွင် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ် လိုက်သောဒရုန်းတစ်စင်းကို ဖျက်ဆီးခဲ့ပြီး အခြားတစ်စင်းမှာ ပင်လယ်နီထဲသို့ ပျက်ကျသွားခဲ့ပုံပေါ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း အနီးပတ်ဝန်းကျင်ရှိ သင်္ဘောများ ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်သည့် အစီရင်ခံစာများ ကို လက်ရှိအချိန်အထိ မတွေ့ရှိရသေးကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ထုတ်ပြန် ပြောကြားခဲ့သည်။ ထို့အပြင် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားသောနေရာများတွင် ရေအောက် သုံး ဒရုန်း(၅)စင်းနှင့် ဝေဟင်သုံးဒရုန်းတစ်စင်းတို့ကို ဖျက်ဆီးပစ်ခဲ့ကြောင်းလည်း (CENTCOM) က ပြောကြားခဲ့သည်။


CENTCOM က "ဒီဒရုန်းတွေဟာ ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်တာကြောင့် ယခုလိုမျိုးဖျက်ဆီးပစ်ခဲ့တာပါ" ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် သင်္ဘောကုမ္ပဏီများသည် ၎င်းတို့၏သင်္ဘောများကို ရှည်လျား သောရေကြောင်းလမ်းဖြစ်သည့် အာဖရိကတောင်ပိုင်းတစ်ဝိုက်သို့ လမ်းကြောင်းပြောင်းခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနှင့် ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့ ကြောင်း သိရသည်။

ထို့အပြင် အစ္စရေး-ဟားမက်စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်စေသည်အထိ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများမြင့်တက်နေကြောင်းလည်း သိရသည်။ ဟူသီလက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများ ကို ပစ်မှတ်ထားတိုက်ခိုက်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့်ဗြိတိန်တပ်ဖွဲ့တို့သည် ယီမင်နိုင်ငံ ရှိ ဟူသီလက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တစ်မျိုးသားလုံးလိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းချည်မျှင်ထုတ်လုပ်နိုင်ခြင်းကြောင့် ချည်မျှင်ထုတ်လုပ်သည့်စက်ရုံများ တိုးချဲ့တည်ဆောက်ရန် စီစဥ်နေ

RECENT POSTS
မန္တလေးတွင် အုတ်တံတိုင်းပြိုကျကာ အဖီဆွဲနေထိုင်သူများအပေါ် ပိမိသောကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရ
24 Sep 2024
ဝန်ကြီးချုပ်နေတန်ရာဟု နှင့် အစ္စရေးအစိုးရထိပ်တန်း အရာရှိကြီးများကို လုပ်ကြံမည့် ဂျူးလူမျိုးတစ်ဦး ဖမ်းဆီးခံရ
24 Sep 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေပိုမိုမြင့်တက်လာတာက ဘယ်နိုင်ငံအတွက်မှ အကျိုးအမြတ်မရှိဘူးလို့ G7 အဖွဲ့ပြော
24 Sep 2024
ယူကရိန်းသမ္မတက အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်တွေကို အနိုင်ရစေလိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော
24 Sep 2024
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved