ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်တွေ စေလွှတ်မယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်ကြောင်း အီတလီအစိုးရ သတိပေး
ဂျန်ဇက် (NSS) - မတ် ၁၇
ယူကရိန်းစစ်ပွဲမှာ ပါဝင်ဖို့ အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုတွေက တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့မယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာဖွယ်ရှိတယ်လို့ အီတလီအစိုးရက သတိပေးပြောဆိုလိုက်ပါတယ်။
နေတိုးတပ်ဖွဲ့ဝင်တွေကို ယူကရိန်းနိုင်ငံထံ စေလွှတ်ပေးသင့်တယ်လို့ ပြင်သစ်သမ္မတ က ထုတ်ဖော်ပြောဆို လိုက်ပြီးနောက် နေတိုးအဖွဲ့ဝင်နိုင်ငံများကြား အငြင်းပွားမှုတွေရှိလာခဲ့ကြောင်း သိရပါတယ်။ ရုရှားအစိုးရကလည်း နေတိုးအဖွဲ့ကို သတိပေးပြောဆိုမှုတွေရှိလာခဲ့ပြီး အမေရိကန် အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံအချို့က တပ်ဖွဲ့ဝင် တွေ စေလွှတ်မှာ မဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
အီတလီနိုင်ငံခြားရေးဝန်ကြီးက "နေတိုးအုပ်စုဟာ ယူကရိန်းကို တပ်ဖွဲ့ဝင်တွေ မစေလွှတ်သင့်ဘူးလို့ ထင်ပါတယ်။ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့မယ်ဆိုရင်တော့ ကြီးမားတဲ့မှားယွင်းမှုတွေဖြစ်လာမှာပါ။ ကျွန်တော်တို့ဟာ ယူကရိန်းကို ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် ကူညီပေးဖို့ လိုအပ်တယ်။ ရုရှားနိုင်ငံနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲထဲကို ပါဝင်ခဲ့မယ် ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်တဲ့အထိ ကြီးမားတဲ့အန္တရာယ်ရှိလာနိုင်တယ်" လို့ ပြောပါတယ်။
အီတလီနိုင်ငံခြားရေးဝန်ကြီးက အီတလီနိုင်ငံအနေနဲ့လည်း ယူကရိန်းကိုတပ်ဖွဲ့ဝင်တွေ စေလွှတ်မှာမဟုတ်ကြောင်း ပြောပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လည်း ယူကရိန်းကို ပြင်သစ်တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြင်သစ်သမ္မတမက်ခရွန်ရဲ့ပြောစကားတွေဟာ အငြင်းပွားမှုတွေဖြစ်လာခဲ့ပေမယ့် ၎င်းနိုင်ငံကိုယ်တိုင် တပ်ဖွဲ့ဝင် တွေ လက်တွေ့စေလွှတ်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုကြပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲက သုံးနှစ်အတွင်းကို ဝင်ရောက်လာပြီး အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အနောက်ဘက်နယ်စပ်ကျွန်းများအနီးတွင် ကြီးမားသောစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်ပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ