ယူကရိန်းတွင် နျူကလီးယားလက်နက်အသုံးပြုရန် ရုရှားက ပြင်ဆင်နေသည့် အရိပ်အယောင်များ မမြင်မိကြောင်း အမေရိကန်အစိုးရပြော
Pika (NSS) – မတ် ၁၄
ရုရှားနိုင်ငံသည် ယူကရိန်းတွင် နျူကလီးယားလက်နက် အသုံးပြုရန် အဆင်သင့်ဖြစ်နေသည့်အရိပ်အယောင်များ မမြင်မိကြောင်း အမေရိကန်အစိုးရက မတ်လ(၁၃)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာခြိမ်းခြောက်ခံလာရမည်ဆိုပါက နျူကလီးယားလက်နက်များကို ဖြန့်ကျက် ချထားရန် အသင့်ရှိနေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အမေရိကန်ဖက်က ယခုကဲ့သို့မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ နျူကလီးယားလက်နက်နှင့်ပတ်သက်သည့် ရုရှား၏ ပြောဆိုချက်များသည် ယူကရိန်း ကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် မဆင်မခြင်ပြောဆိုခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူ Karine Jean-Pierre က ပြောကြားခဲ့သည်။
Karine Jean-Pierre က "ကျွန်မတို့ရဲ့ကိုယ်ပိုင်နျူကလီးယားအနေအထားကို ချိန်ညှိဖို့ အကြောင်းပြချက်တွေမရှိ သလို ယူကရိန်းမှာ ရုရှားကနျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ပြင်ဆင်နေတဲ့အရိပ်အယောင်တွေ မတွေ့မိပါဘူး။ နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ရုရှားရဲ့ပြောဆိုမှုတွေဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ကာလ တစ်လျှောက်လုံး ပထမဆုံးအကြိမ် မဆင်မခြင်ပြောဆိုတာမျိုးဖြစ်ပြီး တာဝန်မဲ့တဲ့ပြောဆိုချက်တစ်ခုပဲ ဖြစ်ပါတယ်။ ရန်စမှု ဒါမှမဟုတ် အကြောင်းပြချက်တွေမရှိဘဲ ယူကရိန်းကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ ရုရှားဖြစ်ပါတယ်။ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကနေ ပြည်သူတွေနဲ့နယ်မြေတွေကို ကာကွယ်နေတဲ့ ယူကရိန်းကို ကျွန်မတို့ ဆက်လက်ထောက်ခံသွားမှာပါ" ဟု ပြောခဲ့သည်။
ရုရှား၏ အချုပ်အခြာအာဏာခြိမ်းခြောက်ခံလာရမည်ဆိုပါက နျူကလီးယားလက်နက်များ ဖြန့်ကျက်ချထားရန် အဆင်သင့်ရှိနေကြောင်း ရုရှားသမ္မတပူတင်က မတ်လ(၁၃)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။ ရုရှားနိုင်ငံတွင် ကျင်းပမည့်ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် သမ္မတပူတင်၏ မှတ်ချက်ပေးပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ TikTok’ အသုံးပြုခြင်းကို ပိတ်ပင်ဖို့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ဆုံးဖြတ်
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ