ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ TikTok’ အသုံးပြုခြင်းကို ပိတ်ပင်ဖို့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ဆုံးဖြတ်
ဂျန်ဇက် (NSS) - မတ် ၁၄
အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ TikTok’ ကို နိုင်ငံတဝှမ်း သုံးစွဲခွင့်ပိတ်ပင်ခြင်း ဒါမှမဟုတ် TikTok’ ပလက်ဖောင်းကိုရောင်းချစေဖို့ ပိုင်ရှင်ဖြစ်သူကို ဖိအားပေးနိုင်မယ့် ဥပဒေမူကြမ်းကို ခွင့်ပြုပေးလိုက်ကြောင်း သိရပါတယ်။
တရုတ်အစိုးရက ကန့်ကွက်မှုများရှိနေပေမယ့် အမေရိကန်လွှတ်တော်ကိုယ်စားလှယ် TikTok’ ကို ပိတ်ပင်မယ့် ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ပြီးနောက် မဲပေးဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၃၅၂ ဦးက ထောက်ခံမဲပေးခဲ့ ပြီး ၆၅ ဦးက ကန့်ကွက်မဲပေးကြောင်း သိရပါတယ်။
အမေရိကန် ရီပတ်ဘလီကန်ပါတီအမတ်တစ်ဦးဖြစ်တဲ့ Cathy McMorris Rodgers က "ကျွန်တော်တို့ဟာ TikTok နဲ့ပတ်သက်ပြီး လွတ်လပ်စွာရွေးချယ်ခဲ့တယ်" လို့ ပြောပါတယ်။ ByteDance ဟာ တရုတ်နိုင်ငံနဲ့ ဆက်နွယ်နေတဲ့ အတွက် TikTok’ လူမှုကွန်ရက်ဟာလည်း နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ပြောပါတယ်။
အမေရိကန်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Cathy McMorris Rodgers က " TikTok လူမူကွန်ရက်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကုမ္ပဏီကို တရုတ်ကွန်မြူနစ်ပါတီ ထိန်းချုပ်ထားပြီး အမေရိကန်နိုင်ငံအတွင်း လုပ်ငန်းတွေ လုပ်ကိုင်နေတယ်" လို့ ပြောပါတယ်။
TikTok လူမှုကွန်ရက်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Alex Haurek ကတော့ အမေရိကန်လွှတ်တော်အနေနဲ့ အချက်အလက်တွေနဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်စဉ်းစားပေးဖို့ မျှော်လင့်ကြောင်း၊ အမေရိကန်နိုင်ငံသား သန်း ၁၇ဝ ကျော်ဟာ TikTok လူမှုကွန်ရက်ကို သုံးစွဲနေဆဲဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံသား ၇ သန်း ကျော်ဟာ TikTok လူမှုကွန်ရက်ကိုအသုံးပြုကာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေဆဲဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပပါလီမန်က မီဒီယာဥပဒေသစ်တစ်ခု ပြဋ္ဌာန်း
RELATED POSTS
18 Sep 2024 | နည်းပညာ,နိုင်ငံတကာ
12 Sep 2024 | နည်းပညာ,နိုင်ငံတကာ
31 Aug 2024 | နည်းပညာ,နိုင်ငံတကာ
29 Aug 2024 | နည်းပညာ,နိုင်ငံတကာ