ဥရောပပါလီမန်က မီဒီယာဥပဒေသစ်တစ်ခု ပြဋ္ဌာန်း
ALynn (NSS) - မတ် ၁၄
ဥရောပပါလီမန်သည် မတ်လ ၁၃ ရက် (ဗုဒ္ဓဟူးနေ့)က မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်သည့် ဥပဒေသစ်တစ်ခုကို ပြဋ္ဌာန်းခဲ့သည်။ ဥရောပမီဒီယာ လွတ်လပ်ခွင့်အက်ဥပဒေသည် စာတည်းမှု လွတ်လပ်ခွင့်များ၊ သတင်းရေးသား ထုတ်ပြန်ခြင်းများနှင့်ပတ်သက်၍ အကာအကွယ်ပေးရန် ရည်ရွယ်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
ထိုဥပဒေကို ပြဋ္ဌာန်းရန်ဦးဆောင်ခဲ့သော ဂျာမန်ကိုယ်စားလှယ် Sabine Verheyen က မော်လ်တာဂျာနယ်လစ် Daphne Caruana Galizia အသတ်ခံရသည့်ဖြစ်ရပ်နှင့် ဟန်ဂေရီတွင် မီဒီယာလွတ်လပ်ခွင့်များ ခြိမ်းခြောက်ခံနေရ ခြင်းတို့ကို ထောက်ပြပြီး မီဒီယာလွတ်လပ်ခွင့်ဥပဒေမှာလိုအပ်နေကြောင်း ဖော်ပြခဲ့သည်။ ဥပဒေသစ်တွင် အာဏာပိုင်များက သတင်းထောက်များနှင့် အယ်ဒီတာများအား ဖမ်းဆီးခြင်း၊ စောင့်ကြည့်ခြင်းနှင့် စီးနင်း ဝင်ရောက်ခြင်းများကို အတင်းအကျပ်တားမြစ်ထားသည်။
ဥပဒေအတွက် ဆွေးနွေးညှိနှိုင်းမှုများအတွင်း ပြင်သစ်က အမျိုးသားလုံခြုံရေးခြွင်းချက်များအတွက် ဆွေးနွေးခဲ့ သည်။ နောက်ဆုံးဥပဒေတွင် အမျိုးသားလုံခြုံရေးနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များ မပါဝင်သော်လည်း အာဏာပိုင်များအနေဖြင့် ပြင်းထန်သောချိုးဖောက်မှုများရှိနိုင်သည့် ဂျာနယ်လစ်များအား တရားရုံး၏ ခွင့်ပြုချက် ဖြင့် ထောက်လှမ်းခွင့်ပေးထားသည်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ဥပဒေတွင် ပွင့်လင်းမြင်သာမှုကိုလည်း အလေးပေးထားသည်။
ပြည်သူ့မီဒီယာ၏ ဘုတ်အဖွဲ့ဝင်များအား ပွင့်လင်းမြင်သာပြီး တရားမျှတသော လုပ်ငန်းစဉ်များဖြင့် ရွေးချယ်ရမည် ဖြစ်ပြီး ပရော်ဖက်ရှင်နယ်စံနှုန်းများနှင့်ပြည့်မီပါက ၎င်းတို့ကို သက်တမ်းမကုန်ဆုံးမီ ရာထူးမှ ဖယ်ရှားခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားဒေတာဘေ့စ်စနစ်တွင် မီဒီယာကုမ္ပဏီများ၏ ပိုင်ရှင်များကို ဖော်ပြရမည်ဖြစ်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။
ဤသို့လုပ်ဆောင်ခြင်းအားဖြင့် မည်သည့်မီဒီယာကို မည်သူက ထိန်းချုပ်ထားသလဲ ဟူသောအချက်များကို အများပြည်သူ အလွယ်တကူသိရှိနိုင်စေရန် ဖြစ်သည်။အဆိုပါဥပဒေသည် Meta နှင့် X ကဲ့သို့သော ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးများအား ၎င်းတို့၏ ပလတ်ဖောင်းရှိ အကြောင်းအရာများကို ဖျက်ရန် (သို့မဟုတ်) ကန့်သတ်ရန်အတွက် သက်ဆိုင်ရာမီဒီယာအဖွဲ့များကို အသိပေးပြီး ၂၄ နာရီကြာအချိန်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ မီဒီယာ အဖွဲ့များသည် ထိုသို့သောအမှုကိစ္စရပ်များကို ခုံသမာဓိအဖွဲ့သို့ တင်သွင်းနိုင်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
YBS 58 ယာဉ်ပေါ်တွင် ဖုန်းလုယက်သူကိုဖုန်း ၂ လုံးနှင့်အတူဖမ်းမိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ