YBS 58 ယာဉ်ပေါ်တွင် ဖုန်းလုယက်သူကိုဖုန်း ၂ လုံးနှင့်အတူဖမ်းမိ
NSS - မတ် ၁၄
ရန်ကုန်မြို့ပတ်ဘတ်စကားဖြစ်သည့် YBS 58 ယာဉ်တစ်စီးပေါ်၌ မတ်လ ၁၂ ရက်က ဖုန်းလုယက်မှုကျူးလွန်သူကိုဖုန်း ၂ လုံးနဲ့အတူ မတ် ၁၃ ရက် ည ၈ နာရီမိနစ် ၂၀ အချိန်တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။
"ကျူးလွန်သူကို လမ်းမတော်မြို့နယ် မော်တင်(၄)လမ်းထိပ်မှာဖမ်းဆီးရမိခဲ့တာပါ။ ကျူးလွန်သူကယခင် YBS 58 ယာဉ်မောင်းတာဝန်ကနေ အနားပေးထားသူဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ရဲတပ်ဖွဲ့ကစစ်ဆေးမှုတွေပြုလုပ်နေပါတယ်"လို့ YRTC မှ တာဝန်ရှိသူက ပြောသည်။
ယင်းဖြစ်စဉ်အရ ဖုန်းလုယက်ခံရသူမှာ ပုဇွန်တောင်မြို့နယ်၊ သီတာဆိပ်မှတ်တိုင်အနီးရှိ အဆောင်နေသူ ဦးမြတ်ကို ဆိုသူဖြစ်ပြီးကျူးလွန်သူမှာ အောင်သူ(ခေါ်)ဂျိုကုတ်ဆိုသူဖြစ်ကာ ၎င်းကိုဖုန်း ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အောင်သူ(ခေါ်) ဂျိုကုတ်ကို ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်ကာ ပထမသတင်းပေးတိုင်တန်းချက် (ပ)၆၅/၂၀၂၄ ၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်သည် YBS 58 ယာဉ်တစ်စီးပေါ်၌ မတ် ၁၂ ရက် ညနေ ၃ နာရီ ၃၄ မိနစ် အချိန်ခန့်က ပုဇွန်တောင်မြို့နယ်၊ ညောင်တန်းအိမ်ရာအကျော် ၆၃ မှတ်တိုင် (သီတာဆိပ်) ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်လမြိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် Hijet ကားမှ ရပ်ထားသည့်ကားကိုဝင်တိုက်မိခဲ့ရာ တစ်ဦးဒဏ်ရာပြင်းထန်ရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ