မော်လမြိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် Hijet ကားမှ ရပ်ထားသည့်ကားကိုဝင်တိုက်မိခဲ့ရာ တစ်ဦးဒဏ်ရာပြင်းထန်ရ
သန့်ဇင် (NSS) - မတ် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသည့် Hijet ကားမှ ရပ်ထားသည့်ကားကိုဝင်တိုက်မိခဲ့ရာ တစ်ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(မတ်လ ၁၄ ရက်)၊ နံနက် ၁၁နာရီ ၁၅ မိနစ်အချိန်တွင် မော်လမြိုင် ကျိုက်ခမီအဝေးပြေးလမ်းမကြီး၊ ရွှေနတ်တောင် ဘောလုံကွင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိရတာတော့ အမျိုးသမီးကြီးတစ်ဦးမောင်းလာတဲ့ ကားက ရှေ့မှာရပ်ထားတဲ့ကားကို ဝင်တိုက်တာ။ ဘယ်လိုဖြစ်ပြီးဝင်တိုက်လဲတော့ သေချာမသိရဘူး။ ယာဉ်မောင်းအမျိုးသမီးတော့ ကားခေါင်းခန်းမှာညပ်နေတာ။ ပြီးတော့ သူ့ပေါင်ကိုလည်း ကားကတစ်ခုခုနဲ့ထိုးမိသွားလို့ ဒဏ်ရာရသွားတယ်”ဟု ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Hijet ကားပေါ်မှ အသက် (၃၅)နှစ်အရွယ် ယာဉ်မောင်းအမျိုးသမီးတွင် ပေါင်၌ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းထိခိုက်ဒဏ်ရာရအမျိုးသမီကို ရွှေနတ်တောင်လူမှုကူညီရေးအသင်းမှ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၈၈ အရေးအခင်းသည် ဆူပူအကြမ်းဖက်မှုသာဖြစ်ပြီး အရေးတော်ပုံမဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီဝေဖန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ