Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၈၈ အရေးအခင်းသည် ဆူပူအကြမ်းဖက်မှုသာဖြစ်ပြီး အရေးတော်ပုံမဟုတ်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီဝေဖန်

မြူနစ် (NSS) - မတ် ၁၄

၈၈ အရေးအခင်းသည် ဆူပူအကြမ်းဖက်မှုသာဖြစ်ပြီး အရေး တော်ပုံမဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက ဝေဖန်ပြောဆိုထားသည်။


၎င်းက ယနေ့(မတ် ၁၄ ရက်)တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်သော ပါတီဝင်အသစ်များအား အဆိုပြုလွှာပေးအပ်ပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းသည် ၈၈ အရေး တော်ပုံ မဟုတ်ကြောင်း နှင့် ၈၈ ဆူပူအကြမ်းဖက်မှုသာဖြစ် ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီကဆိုသည်။

“ကျွန်တော်တို့ နိုင်ငံတော်မှာ ၈ ရက်၊ ၈ လ၊ ၈၈ ဆူပူအကြမ်း ဖက်မှုတွေ ဖြစ်တယ်။ ပုံကြီးချဲ့ချင်တဲ့သူတွေကတော့ ၈၈ အ ရေးတော်ပုံလို့ ပြောတယ်။ အရေးတော်ပုံရဲ့ အဓိပ္ပါယ်က အင်မ တန်နက်နဲပါတယ်။ ဒီနေရာမှာ ရှည်မှာဆိုးလို့ ကျွန်တော်မပြောတော့ပါဘူး။ ၈၈ အရေးတော်ပုံ မဟုတ်ပါဘူး။ ၈၈ ဆူပူအကြမ်း ဖက်မှုသာဖြစ်ပါတယ်။ အရေးတော်ပုံဆိုတဲ့ အဓိပ္ပါယ် ဝေါဟာရကို အသုံးပြုလို့မရတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ အဲဒီတော့ ၈၈ မှာဖြစ်ခဲ့တယ်။ တိုင်းပြည်က ပျက်လုနီးပါးဖြစ်သွားတယ်။ အဲဒီတော့ တိုင်းပြည်ပျက်လုနီးပါးဖြစ်တဲ့အထိ တစ်ယိမ်တစ်ယိုင်ဖြစ်ရတဲ့အထိ နောက်ခံအကြောင်းတွေရော ရှိရဲ့လား။ တကယ်ကော ဒီလိုဖြစ်သင့်ရဲ့လား။ ဒီလိုပြန်စဉ်းစားကြည့်ပေါ့” ဟု ၎င်းက ပြောသည်။

၈၈ အရေးခင်းသည် ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်တွင် အင်းစိန်မြို့၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ကြို့ကုန်းဘူတာအနီးရှိ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်တွင် ကျောင်းသားများနှင့် ရပ်ကွက်နေလူငယ်များ၏ ရန်ပွဲမှစသောကိစ္စရပ်ဖြစ်ကြောင်း ဦးခင်ရီက ဆက်လက်ပြောသည်။

“စကားများတော့ ရန်ဖြစ်တယ်။ ကျောင်းသားတစ်ယောက် အရိုက်ခံရတယ်။ ဒါသာမန်ပဲ။ သာမန်ကိစ္စပဲ။ အဲဒီတော့ ရုန်ရင်း ဆန်ခတ်ဖြစ်တော့ အဲဒီတုန်းကရှိတဲ့ မြို့နယ်ပြည်သူ့ကောင်စီနဲ့ ရဲတပ်ဖွဲ့က ရောက်လာတယ်။ အခြေအနေကို ထိန်းသိမ်းတယ်။ အဲဒီအခင်းဖြစ်ရာမှာ ကျူးလွန်တဲ့ ကိုညီညီအောင်ဆိုတဲ့ ပုဂ္ဂိုလ်ကို ဖမ်းဆီးတယ်။ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းတယ်။ အဲဒါ ၁၂ ရက်နေ့။ နောက်တစ်ရက် ၁၃ ရက်နေ့မှာ အမှုမထင်ရှားဘူးဆို ပြီးတော့ ရဲတပ်ဖွဲ့က ကိုညီညီအောင်ကို ပြန်လွှတ်လိုက်တယ်။ ဒါကို ကျောင်းသားများက မကျေနပ်ဘူး။ မကျေနပ်တော့ ကိုညီညီအောင် အိမ်ကို သွားပြီး ဝိုင်းတယ်။ ရိုက်ကြတယ်။ ပုတ်ကြတယ်။ ဖျက်ကြတယ်။ စီးကြတယ်။ ဒါတွေဖြစ်တယ်။ တစ်ဖက်နဲ့ တစ်ဖက်ပေါ့လေ အတိုချုပ်လို့ရှိရင်။ ရိုက်ကြ၊ ပြုကြရင်းနဲ့ တစ်ဖြည်းဖြည်းနဲ့ ဒါကြီးက ကြီးမားကျယ်ပြန့်လာတယ်။ ထိန်းမနိုင်၊ သိမ်းမရအခြေအနေ ဖြစ်လာတယ်။ အဲဒီအခြေအနေထိ တိုင်းပြည်မှာ ကျောင်းသားကိစ္စကလွဲလို့ ဘာဆူပူမှုမရှိခဲ့ဘူး။ ဘယ်လိုနိုင်ငံရေးအရောင်မှ မဆိုးသေးဘူး” ဟု ဦးခင်ရီက ထပ်မံပြောသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် (၁၇)ရက်အကြာတွင် တပ်မတော်မှ ခွဲထွက်သွားသော အကြီးအကဲတစ်ဦးသည် နိုင်ငံရေးလှုံ့ဆောင်မှုများကို စတင်လုပ်ဆောင်ခဲ့ပြီး (၁၈)ရက်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က တရားဟောပြောမှုများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့နောက် (၁၉)ရက်အကြာ၌ နာယကကြီးဦးတင်ဦးက တရား ဟောပြောမှုများကို စတင်လုပ်ဆောင်ခဲ့သည်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌက ပြောသည်။ “အဲဒီမတိုင်ခင် နိုင်ငံရေးအရောင်ခြယ်မှုတွေ ဘာမှမရှိဘူး။ သူတို့ပဲ စကားပြောတဲ့အခါမှာလည်း နိုင်ငံ ရေးပါတီ မထောင်ပါဘူး။ အာဏာမရယူပါဘူးလို့ဆိုတဲ့ လေသံမျိုးနဲ့ နိုင်ငံရေးကောလထဲကိုစပြီးတော့ သာမန်ဖြစ်စဉ်အပေါ်မှာ သဘောထားမတိုက်ဆိုင်လို့ ရန်ဖြစ်တဲ့ကလေးတွေကို နိုင်ငံရေးပယောဂ ဝင်ပူးခံခဲ့ရတဲ့သဘောဖြစ်တယ်။ အဲဒီတော့ ဒီလိုနဲ့ နိုင်ငံ ရေးသမားတွေ ပါလာတာပေါ့။ အဲဒီတော့ အရေးအခင်းက ပိုကြီးလာတယ်။ ချုပ်ပြောလို့ရှိရင် ထိန်းမနိုင်၊ သိမ်းမရအခြေအနေ ဖြစ်တယ်။ နောက်ဆုံး လုံထိန်းက ဝင်ပြီးတော့ ပစ်ရ၊ ခတ်ရတဲ့အခြေအနေတွေ ဖြစ်လာတယ်” ဟု ဦးခင်ရီက ဆက်လက် ပြောသည်။

ယင်းကဲ့သို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်ရီ၏ ဝေဖန်ပြောဆိုမှုနှင့်ပတ်သက်၍ NSS အနေဖြင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ချို့ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

ရှစ်လေးလုံးအရေးအခင်းတွင် ကန့်ကွက်ဆန္ဒပြသူများကို လုံထိန်းများက လက်နက်ဖြင့် ပစ်ခတ်ဖြိုခွင်မှုများရှိခဲ့ပြီး လူအများအပြားလည်း သေဆုံးခဲ့ရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မုံရွာမြို့နယ် လဝကရုံးမှ ဦးစီးအရာရှိတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးသွား

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved