မုံရွာမြို့နယ် လဝကရုံးမှ ဦးစီးအရာရှိတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးသွား
Pearl (NSS) - မတ် ၁၄
မုံရွာမြို့နယ် လဝကရုံးမှ ဦးစီးအရာရှိတစ်ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (မတ်လ ၁၄ ရက်)၊ နံနက် (၇)နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံ တင်ရေးဦးစီးဌာန(လဝက)၌ တာဝန်ထမ်းဆောင်နေသည့် ဦးစီးအရာရှိတစ်ဦးဖြစ်သူ ဦးအောင်မိုးဝင်းကို PDF အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ဦးအောင်မိုးဝင်းသည် မုံရွာမြို့၊ စက်မှုဇုန်အနီးရှိ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အမျိုးသား (၄)ဦးခန့်က နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ ဒီနေ့ မနက် (၇)နာရီလောက်မှာ လာဖမ်းသွားတာ။ နေအိမ်မှာပဲ လာခေါ်သွားတာ။ ဆိုင်ကယ် (၂)စီးနဲ့လာပြီး ဖမ်းတာ” ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
ယမန်နေ့ (မတ်လ ၁၃ရက်) တွင်လည်း အမျိုးသား (၄)ဦးက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ အင်းဝဘဏ်၌ သေနတ်ပြခြိမ်းခြောက်ကာ ကျပ်သိန်း (၃၀၀)ထက်မနည်းကို လုယက်ယူဆောင်သွားပြီး ဘဏ်မန်နေဂျာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျစွာဖြင့် အလေးထားဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ