ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျစွာဖြင့် အလေးထားဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုက်တွန်း
ယွန်း (NSS) - မတ် ၁၄
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျစွာဖြင့် အလေးထားဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုထားသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက ပြီးခဲ့သည့် ရက်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်မှုထမ်းရန်ကာလမှာ ၂၄ လဖြစ်ပြီး တပ်မတော်စက်မှုလက်မှု ပညာသည်များအဖြစ် ဆင့်ခေါ်ခံရပါက ၃၆ လထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိတိကျကျ နှင့် မှန်ကန်မှုရှိစေရေးကို အလေးထားဆောင်ရွက်သွားရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းက တိုက်တွန်းထားသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ စစ်မှုထမ်းရန်အတွက် မှတ်ပုံတင်စာရင်းသွင်းခြင်း လုပ်ငန်းစဥ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေလျက်ရှိသည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ် သတ်မှတ်ချက်အနေဖြင့် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ပါဝင်ရမည်ဖြစ်ပြီး အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို သတ်မှတ်ထားသည်။
ထို့ပြင် ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းနှင့် ကျွမ်းကျင်သူအမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းသည် စစ်မှု ထမ်းဥပဒေတွင် ပါဝင်ကြောင်း သိရသည်။
သို့သော် သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီး၊ အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများနှင့် တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က စစ်မှုထမ်းရန် အမြဲတမ်းမသင့်မလျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူ များသည် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွေ့ရာများအတွင်း ဆပ်ပြာခွက်များဖြင့်ထည့်၍ ခရီးသည်တင်ကားဖြင့် သယ်ဆောင်လာသည့် ဘိန်းဖြူများကို မိုးညှင်းမြို့နယ်၌ ဖမ်းဆီးရမိ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း