ဥရောပသမဂ္ဂက ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ယူရို ၅ ဘီလျံ ကူညီထောက်ပံ့ပေးမယ်
ဂျန်ဇက် (NSS) - မတ် ၁၄
ဥရောပသမဂ္ဂဟာ ယူကရိန်းကို စစ်ရေးအကူညီအဖြစ် ယူရို ၅ ဘီလျံကူညီထောက်ပံ့ပေးသွားဖို့ သဘောတူညီခဲ့ ကြောင်း သိရပါတယ်။ အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ ဥရောပသမဂ္ဂရဲ့ကိုယ်စားလှယ်တွေဟာ ယူကရိန်းကို ကူညီ ထောက်ပံ့ပေးရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယူကရိန်းကို စစ်ရေးအကူအညီပေးနိုင်ရေးနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့ရဲ့အဓိကနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ နဲ့ ပြင်သစ်တို့ အကြိတ်အနှယ်ဆွေးနွေးခဲ့ရကြောင်း သိရပါတယ်။
ဥရောပသမဂ္ဂရဲ့နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲဂျိုးဆပ်ဘော်ရဲလ်ဟာက "ဥရောပသမဂ္ဂဟာ ယူကရိန်းအနိုင်ရ ရေးအတွက် ဘာပဲဖြစ်ဖြစ် ကူညီသွားမယ်ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း မက်ဆေ့ပေးလိုတယ်" လို့ ပြောပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးရေးနဲ့ပတ်သက်ပြီး European Peace Facility ရန်ပုံငွေအစီစဉ်ကို ဆွေးနွေးခဲ့ပြီးနောက်အဆိုပါရန်ပုံငွေအစီအစဉ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးနိုင်ဖို့ European Peace Facility ရန်ပုံငွေအစီအစဉ်မှ ငွေကြေးများကို ထုတ်ယူသုံးစွဲမှာဖြစ်ကြောင်း သိရပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲက ၂ နှစ်ကျော်ကြာလာချိန်မှာ စစ်လက်နက်ပစ္စည်းကုန်ခမ်းမှုတွေဖြစ်ပွားနေရာ စစ်လက်နက်ပစ္စည်းများ ထပ်မံကူညီပေးဖို့ ယူကရိန်းသမ္မတဇီလန်စကီးက တောင်းဆိုနေဆဲဖြစ်ကြောင်း သိရပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးက စစ်လက်နက်ပစ္စည်းများ အကူညီတွေထပ်မံမရတော့ဘူးဆိုရင် စစ်ပွဲက အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ စစ်ရေးအကူအညီများ ထပ်မံကူညီထောက်ပံ့ပေးစေလိုကြောင်း တောင်းဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းတွင် နျူကလီးယားလက်နက်အသုံးပြုရန် ရုရှားက ပြင်ဆင်နေသည့် အရိပ်အယောင်များ မမြင်မိကြောင်း အမေရိကန်အစိုးရပြော
RELATED POSTS
11 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
11 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
11 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ