Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကလေးတက္ကသိုလ်ကို ဝင်စီးသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံရေးလောကမှ အမြင်များ (အင်တာဗျူး)

သုတကျော် (NSS) - မတ် ၇

ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက ကလေးတက္ကသိုလ်အတွင်းသို့ င်္ဏီ များ ဝင်ရောက်ကာ စာသင်ဆောင်များရှိ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများကို ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် တပ်မတော်နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ရာ ၂၈၅ ဦးကို အချိန်မီ ပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန်ရှိသူများကို ဆက်လက်စုံစမ်းနေဆဲ အနေအထားဖြစ်ရာ အဆိုပါ ဖမ်းဆီးသွားသည့်လုပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များအား မေးမြန်းထားသည်များကိုး စုစည်းကောက်နုတ် ဖော်ပြအပ်ပါသည်။ 

ဒေါက်တာ အေးမောင် (ဥက္ကဋ္ဌ)

ရခိုင့်ဦးဆောင်ပါတီ

ပညာရေး၊ ကျန်းမာရေးက အရေးကြီးပါတယ်။ အနာဂတ်မျိုးဆက်အတွက်ရော လူထုကျန်းမာရေး အတွက်ပါပေါ့။ ပြီးရင် ကမ္ဘာကကို ဘေးမဲ့ပေးထား ရတဲ့ အလွန်လိုအပ်တဲ့ စွမ်းအားစုတွေပါ။ စစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်ကနေ လွတ်ကင်းစေချင်တာပေါ့။ ကြက်ခြေနီတို့၊ ဘာတို့ ဒါတွေက လူမှုရေးအဖွဲ့ အစည်းတွေ စစ်ဘေးဒဏ်က ကင်းစေချင်တယ်။ ဒီလိုဖြစ်နေတော့ အနာဂတ်အတွက်လည်း မကောင်း ဘူးပေါ့ဗျာ။ လွိုင်ကော်ကတည်းက ပြောကြဆိုကြ ကျွန်တော်တို့လည်း အဲဒီလို သဘောထားရှိတာ ပေါ့ဗျာ။ ဒီလို ထပ်ဖြစ်တယ်ဆိုတော့ စိတ်မကောင်း ဘူးပေါ့။ အဲဒီတော့ အတတ်နိုင်ဆုံး ပညာရေးဝန် ထမ်းတွေကို လွှတ်ပေးစေချင်တယ်။ အနာဂတ်မျိုး ဆက်အားလုံးအတွက်ပါ။ ပညာရေးကို ဆုံးခန်းတိုင် သင်ကြားခွင့်ရစေချင်တယ်။ ဒါလေးကိုတော့ အားလုံး ဘက်က သဘောထားကြီးစေချင်တယ်ဆိုတာ ပြော ချင်ပါတယ်။ တစ်နိုင်ငံလုံးကို ခြုံကြည့်ရင်တော့ နိုင်ငံတော် အေးချမ်းအောင်လုပ်ရမယ့် တာဝန်က အစိုးရမှာ အလွန်တရာတာဝန်ကြီးတာပေါ့။ တည်ငြိမ် အေးချမ်းတဲ့ အခင်းအကျင်းဖြစ်အောင် ဆောင်ရွက် ပေးရမယ်လေ။ အဲဒီလို မဆောင်ရွက်နိုင်တဲ့အခါကျ တော့ မတည်ငြိမ်ရတဲ့ အကြောင်းတရားတွေကြောင့် အကျိုးတရားအဖြစ်ကတော့ ခုနကလို ကဏ္ဍတွေ ပေါ်လာတာပေါ့။ ဒါကြောင့်မို့လို့ အနာဂတ်ကို တွေးပြီး စိတ်ပူကြတာပေါ့။ ဒါက ဖြစ်စဉ်ကို ပြောပြ တာပါ။ ဒီဟာမတိုင်ခင် နဝတခေတ်ဘက်ကို နောက်ကြောင်းပြန်ကြည့်ရင်လေ တက္ကသိုလ်တွေ ဆိုတာ အထူးသဖြင့် မြို့ပြနဲ့နီးတဲ့ နေရာဘက်မှာ တည်ထားခဲ့ကြတာကိုး။ သွားလာရ ဆက်သွယ်ရ လွယ်တာပေါ့။ တစ်နည်းအား ဖြင့် တက္ကသိုလ် ကျောင်း သားဖြစ်ဖြစ် သွားရလာရလွယ်တဲ့နေရာမှာပဲ ပညာရှာ ရအောင် လုပ်ကြတယ်လေ။ စာကြည့်တိုက်က အစ ပေါ့။ ဒါလေးတွေက မြို့ပြရဲ့ပြင်ပကို ထွက်လိုက်တဲ့ အခါကျတော့အနာဂတ်ကို မတွက်လိုက်ဘူးလို့ ပြော လို့ရတာပေါ့။ ဒါပေမဲ့ ဒီခေတ်ကို ရောက်တဲ့အခါ တည်ဆောက်ခဲ့တဲ့ မြို့ပြရဲ့ဇနပုဒ်တွေက အခု မြို့ တွင်း ပြန်ဖြစ်လာတာပေါ့။ အဲဒါကြောင့် အနာဂတ်ကို ကြိုတွေးပြီးများ မြို့ပြဖွံ့ဖြိုးအောင် လုပ်ခဲ့သလားလို့ တွေးလို့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီကာလက ကတော့ ဘတ်စကားမရှိ၊ လိုင်းကားမရှိတဲ့ တော်တော် ဒုက္ခရောက်ပါတယ်။ အဲဒီလို ပညာရေး ကဏ္ဍတွေမှာ ဒုက္ခဖြစ်တော့ လူငယ်တွေဘက်က တုံ့ပြန်မှုက မကောင်းဘူးပေါ့ဗျာ။ အစိုးရဆီသွားပြီး ရောင်ပြန် ဟပ်တာပေါ့။ သူပုန်ပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ မည်သည့် အဖွဲ့အစည်းဖြစ်ဖြစ် လက်နက်ကိုင်တယ်ဆိုတာ နိုင်ငံရေးအားဖြင့်မရလို့ လက်နက်ကိုင်တယ် ဆိုတာ က သူတို့ကလည်းပဲ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ လိုပေါ့။ 

နိုင်ငံရေးအာဏာလိုချင်လို့ နိုင်ငံရေး ပါတီ ထောင်ပြီး လူထုကို စည်းရုံးမယ်။ လက်နက်ကိုင်တဲ့ နည်းနဲ့ အာဏာလိုချင်တယ်။ လူထုကို စည်းရုံးတယ် ဆိုတဲ့ ဥစ္စာလေးသွားကြတာပေါ့။ အစိုးရ လုပ်ချင် တယ်ပေါ့။ အစိုးလုပ်ချင်တဲ့သူတိုင်း လူထုကို အခြေခံ ရမယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေက ကိုယ်ရဲ့ အဓိကအင်အားစုတွေပေါ့။ ကိုယ့်အင်အား ဖြစ်အောင် ဖန်တီးရမှာ။ အဲဒီကို သွားပြီး ထိခိုက်တယ် ဆိုရင် ကိုယ့်ရဲ့ဦးတည်ချက်ကမှားပြီ။ ကိုယ့်ရဲ့ လမ်း ကြောင်းက မှားပြီဆိုတာ သိသင့်တာပေါ့။ ဆိုတော့ ရှောင်ကြဉ် သင့်ပါတယ်။ နောက် တခြားကျောင်းတွေ မဖြစ်ဖို့ ကျွန်တော်တို့ လိုလားတယ်။ ဖမ်းဆီးထားပြီး သားပုဂ္ဂိုလ် တွေကိုလည်း ပြန်လွှတ်စေချင်တယ်။ လူထု နဲ့ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေကို လုပ်တယ်ဆိုတာ မည်သည့်အဖွဲ့အစည်းကမှ မလုပ်သင့်တဲ့ လုပ်ငန်းဖြစ်တော့ ဒါမျိုးမလုပ်ဖို့ တိုက်တွန်းပါတယ်။

 ဒေါ်စန္ဒာမင်း 

လွှတ်တော်ကိုယ်စားလှယ်ဟောင်း 

ဘယ်ဘက်ကိုမှလိုက်ပြီးပြောတာတော့မဟုတ်ပါဘူး။ အထူးသဖြင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ် သားတွေပေါ့။အဲဒီအရပ်သားပစ်မှတ်မှာအထူးသဖြင့်ပညာရေးအခန်းကဏ္ဍပေါ့။ ပညာရေးအခန်း ကဏ္ဍကို လာထိတဲ့အခါမှာ ကျွန်မဘယ်တော့မှ Facebook ပေါ်မှာတက်မရေးတဲ့လူတောင် ခံစားရတယ်။ ကျွန်မက ပညာရေးအခန်းကဏ္ဍနဲ့ ကျန်းမာရေး အခန်းကဏ္ဍတွေကို ထိလာရင် စိတ်မကောင်း အလွန်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့နိုင်ငံ မှာ ပညာတတ်တွေမရှိတာမဟုတ်ဘူး။ပညာတတ်တွေ ရှားပါးတယ်လို့ပြောရမှာပေါ့။ နိုင်ငံက စိစိ ညက်ညက်ကြေပြီးတော့ ပြန်လည်ထူ‌ထောင်ရမယ် ဆိုတဲ့ကာလမှာ ပညာတတ်တွေ ရှားပါးနေတဲ့ခေတ်မှာ ပညာသင်ဖို့အခွင့်အရေးလေးတောင် မပေးနိုင် ဘူးလား။ ကလေးတွေစာမေးပွဲဖြေနေတဲ့ အချိန်လည်း ဖြစ်တဲ့အတွက် ကျွန်မအလွန်စိတ်မကောင်းဖြစ်မိ တယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပညာရေးအခန်း ကဏ္ဍမှာ ဒါကိုတော့လာရောက်မထိဖို့ကို မေတ္တာရပ်ခံ ချင်တယ်။ အခုနိုင်ငံခြားကို ထွက်ပြေးသွားတဲ့သူတွေ ဆိုရင် သူတို့သားသမီးတွေအားလုံးကို ဘယ်နိုင်ငံ ရောက်‌ရောက် စပြီးတော့ ကျောင်းထားကျတာပဲလေ။ သူတို့သားသမီးတွေကိုကြတော့ ပညာတတ်တွေ ဖြစ် စေချင်တယ်။ ကောင်းတဲ့ပညာတွေကို သင်စေချင်ရင် ကျွန်မတို့နိုင်ငံက ကလေးတွေက ပညာသင် ခွင့်မရှိဘူးလား။ ပညာသင်ခွင့်တောင်မရနိုင်တဲ့ အခြေအနေ ကို ဖန်တီးတာတော့ တော်တော် လွန်လွန်းတယ်။ တော်တော်စိတ်မကောင်းဖြစ်လို့လည်း ရေးခဲ့တာဖြစ်တယ်။ ပညာရေးအခန်းကဏ္ဍကို လုပ်လိုက်တာကတော့ တော်တော်ဆိုးတယ်။ ဒါက သတင်းအမှန်ဆိုလို့ရှိရင် ကျွန်မတို့ဆက်သွယ်ထားသလောက်သိသလောက်ဆိုရင် လူ(၁၀ဝ)ကျော်က အရင်အဖမ်းခံရတာဖြစ်တယ်။ ပြီးတော့ ရွာတစ်ရွာ မှာထားထားတယ်။ ပြီးရင်သူတို့မှာရှိတဲ့ ဖုန်းတွေ ဘာတွေအကုန်လုံးကိုလည်း သိမ်းထားတယ်။ အဲဒီ တော့ သူတို့ဆက်သွယ်လို့မရဘူး။ သူတို့နဲ့ ပတ်သက်တဲ့ မိသားစုတွေကလည်း ကျွန်မတို့ကို ဆက်သွယ်တယ်။ မိသားစုတွေကလည်း အရမ်းစိတ်ပူနေတယ်။ အထူးသဖြင့် ကလေးတက္ကသိုလ်ဆိုတာက အနီးပတ် ဝန်းကျင်မှာရှိတဲ့ မြို့တွေပေါ့နော်။ အထူးသဖြင့် ခန္တီးတို့၊ နာဂတို့ကအစ ဒီကလေးတက္ကသိုလ်မှာ လာ တက်ကြရတာ။ အဲဒီတော့ ဒီတက္ကသိုလ် လာတက် တယ်ဆိုတဲ့သူတွေက ပြောပလောက်အောင် ချမ်းသာ တဲ့ သူတွေမဟုတ်ဘူး။ ငွေတွေပေါနေတဲ့သူတွေ မဟုတ်ဘူး။ ဒါပေမဲ့ အခုလို ခေတ်ပျက်ကာလ စီးပွား ပျက်ကာလမှာရှိတဲ့ ပိုက်ဆံကလေးနဲ့ သားသမီး တွေကို တက္ကသိုလ်ထားရတာလေ။ ဒီလို အခြေအနေမှာ အဲဒီလို ဖြစ်သွားတယ်ဆိုတာ ကျွန်မတို့က  တော်တော် စိတ်မကောင်းစရာဖြစ်တယ်။ ဟုတ်ပြီ စစ်တိုက်ချင်တဲ့သူတွေနဲ့ တိုက်ကြပါ။ ဒါပေမဲ့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ ပညာရေးအခန်းကဏ္ဍ နဲ့ ကျန်းမာရေး အခန်းကဏ္ဍကို မထိခိုက်စေဖို့ မေတ္တာရပ်ခံချင်တယ်။ ဒါဟာ တော်တော်ဆိုးရွားတဲ့အပြင် ဂျနီဗာ   ကွန်ဗန်းရှင်းနဲ့ငြိတယ်ဆိုတာကိုလည်း ငြင်းလို့မရဘူး။ ပြောချင်တာက ဒီလူတွေကို ဘေးလွတ် ရာကို ကယ် သွားတယ်ဆိုတာက အမှန်တကယ်ဖြစ်ရင်တော့ ဟုတ်တာပေါ့။ ဒီစကားတွေက မှန်လား၊ မမှန်ဘူး လားပြန်ပြီး သိရမှာပဲလေ။ လူပေါင်း ၂၈၀ ကျော်ရဲ့ ပါးစပ်ပေါက်တွေက ထွက်လာမှာ။ အခု လွတ် သွားတဲ့ သူတွေဆီက ထွက်လာမှာပဲ။ အထူးသဖြင့် ကျွန်မ ထောက်ပြချင်တာက ဂျနီဗာ ကွန်ဗန်းရှင်း နဲ့ ငြိလား မငြိလား ဆိုတာက အဖြေပေါ်လာမှာပဲ။ 


ဦးကျော်ဇေယျ 

လွှတ်တော်ကိုယ်စားလှယ်ဟောင်း

ကလေးတက္ကသိုလ်ဖြစ်စဉ်ကတော့ ဒါကြီးက တက္ကသိုလ်ကို လုပ်တာ မကောင်းဘူးပေါ့။ လုံခြုံရေး ကလည်း ပေါ့တယ်လို့ ယူဆရမှာပေါ့။ တက္ကသိုလ် နောက်ကနေ ဝင်တယ်ဆိုတော့လေ။ အမှန်တော့ ကလေးဆိုတာ က ဒကစ (ကလေး) ဆိုတာတောင် ရှိတာပဲလေ။ အဲဒါကတော့ ကျွန်တော်တို့က ဒီလောက် တပ်မအဆင့်ရှိတဲ့ ဌာနချုပ်ကြီး ရှိပါလျက်နဲ့ ဒီဖြစ်စဉ်ဖြစ်သွားတယ် ဆိုတာကတော့ လွိုင်ကော် လည်း အတူတူပါပဲ။ ဒကစ ရှိတာပါပဲ။ လွိုင်ကော် ရော၊ ကလေးရော အမှန်က ကျွန်တော်ပြောချင်တာ လွိုင်ကော် တက္ကသိုလ်ဖြစ်ပြီး နောက်ပိုင်းမှာ စီမံချက် ကို မရေးဆွဲခဲ့တာ။ တက္ကသိုလ် စီမံချက်ဆိုတာက တက္ကသိုလ်များရဲ့ လုံခြုံရေးစီမံချက်ကို အလေးထား ပြီးတော့ မလုပ်ခဲ့တာဟာ ပညာရေးဝန်ကြီးဌာနရော၊ ကာကွယ်ရေး ဝန်ကြီးဌာနရော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရော အလွန့် အလွန် ညံ့တယ်လို့ ကျွန်တော်ကတော့ မှတ်ချက်ပေးချင်တယ်။ လွိုင်ကော်ကတော့ ဖြစ်သွား တယ်ကွာထားပါ။ ကလေးလိုနေရာမျိုးမှာ ထပ်ဖြစ်တယ်ဆိုတာ က မကောင်းဘူး။ ကျွန်တော် ဒီလောက်ပဲ ပြောချင်တယ်။ 

ဦးတင်ဆွေ (ဒုတိယ ဥက္ကဋ္ဌ) 

ဒီမိုကရက်တစ်ပါတီ (မြန်မာ) 

သူတို့လုပ်တာတော့ ကျွန်တော်ကတော့ သူတို့ ကို လူသိများအောင်လုပ်တယ်လို့ မြင်တယ်လေ။ ဘာလို့ဆိုတော့ အရှေ့အလယ်ပိုင်းမှာလည်း ဒီလိုပဲ အကြမ်းဖက်အုပ်စုတွေက သူတို့ကို လူသိများအောင်၊ လူသတ်တာကို  Video  ရိုက်တယ်။ ရိုက်ပြီးတော့ ကမ္ဘာကိုလွှင့်တယ်။ သူတို့ကို လူသိများလာတယ်။ အာရုံစိုက်တယ်။အခုလည်း သူတို့လုပ်နည်းက အကြမ်းဖက်အဖွဲ့လုပ်နည်းပဲ လုပ်သွားတယ်။ တကယ်တော့ သူတို့က မူဝါဒရှိတဲ့ လက်နက်ကိုင် ဆိုရင် ဒီလိုလုပ်မှာမဟုတ်ဘူးလို့ မြင်တယ်လေ။ ဥပမာ EAOs နယ်တွေမှာ တပ်မတော်က ကရင် ပြည်နယ်မှာ သွားတိုက်ရင် တပ်မတော်က ဆေးကုတဲ့ အဖွဲ့တွေပါတယ်။ အဲဒီမှာရှိတဲ့ ကျေးရွာအခြေပြု ပြီးတော့ အဲဒီမှာရှိတဲ့ တိုင်းရင်းသားတွေကို ဆေးကု ပေးရင် တိုင်းရင်းသားတွေက ဘာလုပ်လဲဆိုတော့  အဲဒီတပ်ကိုမှတ်ထားပြီးတော့ EAOs တွေက သူတို့ အမျိုးတွေပဲနော်။ အဲဒီတပ်လာရင် မလာနဲ့မတိုက်နဲ့ အဲဒီလိုပြောတာ။ နောက်တစ်ခါ စာတတ်မြောက်မှု အတွက်ကို နိုင်ငံတော်ကမှ မူလတန်းကျောင်းတွေ အများကြီး လုပ်ထားတယ်။ EAOs တွေရဲ့ သားသမီး တွေကို မြန်မာစာတို့ အင်္ဂလိပ်စာတို့ အခြေခံပညာ တက်ဖို့လုပ်ပေးတဲ့အတွက် သူတို့က ရန်မပြုဘူး။ သူတို့အဖွဲ့အစည်းတွေက အဲဒီလို ခိုင်ခိုင်မာမာ မလုပ်တဲ့အတွက် နိုင်ငံတော်ကလုပ်ပေးတဲ့ ကျောင်း တွေ၊ ဆရာမတွေကို မလုပ်ဘူး။ ဒီလို လုပ်တယ်ဆို တာ စဉ်းစားကြည့် အကြမ်းဖက်လုပ်ရပ်လို့ မြင်တယ်။ ပါတီ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှုတ်ချတယ်။ ကျန်းမာရေး ဝန်ထမ်းတို့ ၊ ပညာရေးဝန်ထမ်းတွေကို လုပ်တယ်ဆိုတာက ကမ္ဘာက အာရုံစိုက်အောင်၊ လူတွေ အာရုံစိုက်အောင် လုပ်တယ်လို့ မြင်တယ်။ သူတို့အဖွဲ့တွေက အစိုးရကျောင်းတက်တာကို ကန့်ကွက်တယ်။ ဆရာမတွေလည်း ဆက်လုပ်ရင် သတ်နေတယ်ဆိုတော့ ဒါက အဲဒီလိုမျိုး ဖြစ်နေတယ်။ ဒီလိုအစိုးရကျောင်းတွေကို စိန်ခေါ်ပြီး နောင်မတက် ရဲအောင်လုပ်တာလို့ မြင်တယ်။ တော်တော်ကြီးတဲ့ ဘေးထွက်ဆိုးကျိုးပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ မြေပေါ် မြေအောက်ရတနာတွေ ဘယ်လောက် ထွက် ထွက် အကန့်အသတ်နဲ့ပဲ ထွက်တယ်။ စည်းကမ်းမဲ့ လုပ်ရင် အဲဒီရတနာတွေက ကုန်သွားတာပဲ။ ပညာ ရေးဆိုတာက ဘယ်တော့မှ မကုန်သွားနိုင်တဲ့ ရတနာ လေ။ ပါတီစုံဒီမိုကရေစီတို့ ဖက်ဒရယ်တို့ ပြောနေ တယ် အဲဒါကို သွားဖို့အတွက် ပညာရေးက စတာပဲ။ တို့တိုင်းပြည်ရဲ့ လူညွန့်ကို တုံးစေတဲ့ အလုပ်ပဲလေ။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အေဒင်ပင်လယ်ကွေ့ရှိ ကုန်တင်သင်္ဘောတစ်စီးကို ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်လွှတ်လိုက်သော ဒုံးကျည် ထိမှန်ခဲ့ခြင်းကြောင့် သင်္ဘောသား(၃)ဦးသေဆုံး

RECENT POSTS
ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်
16 Sep 2024
တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ
16 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် ဧရာဝတီဘဏ်က ငွေကျပ်သိန်းတစ်သောင်းတန်ဖိုးရှိ စားနပ်ရိက္ခာများလှူဒါန်း
16 Sep 2024
ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ
16 Sep 2024
ကမ္ဘောဇဘဏ်မှ ရေဘေးသင့်ပြည်သူများအတွက် သိန်းပေါင်း (၁)သိန်း မတည် လှူဒါန်းမည်
16 Sep 2024
"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"
16 Sep 2024
မြေကမ္ဘာက လအသေးစားတစ်စင်းကို ရက်(၅၀)ကျော်ခန့်ကြာမျှ ပိုင်ဆိုင်မည်
16 Sep 2024
“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ
16 Sep 2024
အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်
16 Sep 2024
ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံး၌ သေဆုံးသူ (၁၁၃)ဦးရှိခဲ့ပြီး ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြောင်း နစကပြောခွင့်ရဆို
16 Sep 2024
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား
16 Sep 2024
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အကြား ခရီးသွားလာမှု သိသာစွာ လျော့ကျ
16 Sep 2024
"တေလာဆွစ်ဖ် ကို ကျွန်တော်မုန်းတယ်" ဆိုပြီး ပို့စ်တင်ခဲ့တဲ့ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်
16 Sep 2024
တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ
16 Sep 2024
ကစဥ့်ကလျားဖြစ်နေတဲ့ ရေဘေးကူညီမှုတွေကို စနစ်တကျဖြစ်အောင် စီမံခန့်ခွဲပါ၊ သမ္မတ​(ငြိမ်း) ဦးသိန်းစိန်ရဲ့ရေဘေးအလှူ၊ ပအိုဝ်း ခွဲထွက်အဖွဲ့တို့ ထပ်ကွဲပြန်ပြီ ၊ တရုတ်သံရုံး ထုတ်ပြန်ချက် (၁၅.၉.၂၀၂၄)
16 Sep 2024
ရေဘေးအလွန် နောက်ဆက်တွဲလုပ်ရမယ့်အရာများ ၊ ရေဘေးကို နိုင်ငံရေးနဲ့ ရောချတဲ့ ဒေါက်တာ ဝင်းမြတ်အေး ၊ ဧရာဝတီ အောင်ဇော်နဲ့ သတင်းအဆိပ်ဖြန့်သူများ ၊ ကရင်လက်နက်ကိုင်(၃ဝ) ထိုင်းမှာ ဖမ်းဆီးခံရ (၁၄-၉-၂ဝ၂၄)
15 Sep 2024
မဲခေါင်မြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ထိုင်းတွင် ရေကြီးမှုများဖြစ်ပွားနေပြီး လူပေါင်းထောင်ချီ အခက်ခဲများစွာကြုံတွေ့
14 Sep 2024
ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော
14 Sep 2024
တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်
14 Sep 2024
ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား
14 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved