ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို အကြမ်း ဖက်သမားများက မိုင်းခွဲဖျက်ဆီး
Pearl (NSS) – မတ် ၇
ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို အကြမ်း ဖက်သမားများက မိုင်းခွဲဖျက်ဆီးခံကြောင်း ဒေသခံများထံမှ သိရသည်။
KNU၊ PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ (မတ်လ ၆ ရက်)တွင် မွန်ပြည် နယ်၊ ဘီလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး၊ ဘီးလင်း-ဖာပွန် ကားလမ်းပေါ်ရှိ ပျဉ်သာတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ဘီးလင်း-နတ်ကြီး-ဖာပွန်လမ်းပေါ့။ နတ်ကြီး၊ ပျဉ်သာရွာပေါ့။ အဲဒီရွာက။ ပျဉ်သာတံတားပဲပြောရမှာပေါ့။ ဘီးလင်းနဲ့က (၁၈) မိုင်လောက်ဝေးတယ်။ မနေ့ကဖျက်ဆီးခံရတာပေါ့။ အချိန်တော့ တိတိကျကျမသိဘူး။ နယ်ခံတွေပဲ အဓိက အသုံးပြုတဲ့ တံတားပါ” ဒေသခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ပျဉ်သာတံတားသည် အကျယ် (၂၄)ပေ နှင့် အရှည်ပေ(၁၂၀)ရှိသော သံကူကွန်ကရစ်အမျိုးအစားတံတားတစ်စင်းဖြစ်ပြီး ယင်းကဲ့သို့ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတားကျိုးကျပျက်စီးသွားသဖြင့် လူ နှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွား လာ၍ မရတော့ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမရှိ တံတားတစ်စင်းကို KNU၊ PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း၌ ဖျက်ဆီးခံခဲ့ရသော လမ်းတံတားနှင့် တိုးဂိတ်အဆောက်အဦးပေါင်း (၁၄၈၇)ခုရှိကြောင်း နစကဘက်က ထုတ်ဖော်ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် ထမင်းချက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး မီးလောင်သေဆုံး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ