မန္တလေးတွင် ထမင်းချက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး မီးလောင်သေဆုံး
သန့်ဇင်(NSS) - မတ် ၇
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ထမင်းချက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်မှုသည် ယနေ့(မတ်လ ၇ ရက်)၊ မွန်းလွဲ ၁နာရီဝန်းကျင်အချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ (၆၆x ၆၇)ကြား (၃၆)လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မဏီစလလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါမီးလောင်မှုမှာ စည်ပင်ပိုင်လိုင်းခန်းအတွင်း၌ ထမင်းချက်ရာမှ စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု ဖြစ်စဉ်အတွင်း အသက်(၃၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည်လည်း မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မီးလောင်ပြီးတော့ အမျိုးသားတစ်ဦးသေတယ်။ လောင်တာကလည်း လိုင်းခန်းပုံစံမျိုးစည်ပင်ဝန်ထမ်းလိုင်းခန်းလောင်တာပေါ့။ မီးကမများပါဘူး။ ဝိုင်ဝန်းပြီးတော့ မီးငြှိမ်းသတ်ခဲ့ရတာပေါ့” ဟု မဏီစလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ထို့ကြောင့် ၎င်းမီးလောင်မှုဖြစ်စဉ်အတွင်း သေဆုံးသူအမျိုးသားကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ပျက်စီး ဆုံးရှုံးမှု တန်ဖိုးကို မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးမြို့၌ မီးလောင်မှုဖြစ်စဉ်များ နေစဉ်နှင့်အမျှဖြစ်ပွားလျက်ရှိပြီး ဒေသခံများအနေဖြင့် မီးဘေးအန္တရာယ်အား အထူးသတိပြုကြရန်နှင့် လျှပ်စစ်မီးများအား ပေါ့ဆ၍အသုံးမပြုကြရန် အထက်ပါလူမှုကူညီရေးအသင်းမှ အကြံပြုပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟန်ချက်ထိန်းခြင်းဖြင့်အလုပ်ဖြစ်နေသည့် ထိုင်းနိုင်ငံခြားရေးမူဝါဒ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ