Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟန်ချက်ထိန်းခြင်းဖြင့်အလုပ်ဖြစ်နေသည့် ထိုင်းနိုင်ငံခြားရေးမူဝါဒ (ဘာသာပြန်ဆောင်းပါး)

သန်းထိုက်စိုး (NSS) - မတ် ၇ 

နိုင်ငံခြားရေးမူဝါဒ နိုင်ငံခြားရေးမူဝါဒဆိုသည်မှာ အခြားနိုင်ငံများနှင့် မည်သို့ဆက်ဆံမည်ဆိုသည်ကို လမ်းညွန်ရန် အစိုးရများက အသုံးပြုသည့် ယန္တရားတစ်ခုဟု ယေဘုယျအဓိပ္ပာယ်ဖွင့်နိုင် သည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် ၎င်း၏ တန်ဖိုးများ၊ ရည်ရွယ်ချက်များကိုထင်ဟပ်ပြီး ကမ္ဘာ့စင်မြင့်တွင် နိုင်ငံရေး၊ စီးပွားရေး ရည်မှန်းချက်များ အောင်မြင်စေရေး အထောက်အကူပြုသည့်ယန္တရားဟုလည်း ခေါ်ဆိုနိုင် သည်။ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒမှာ စိတ်ဝင်စားစရာကောင်းသည်။ ထိုင်းလူမျိုးများသည် စေ့စပ်ညှိ နှိုင်းရာတွင် ကျွမ်းကျင်ကြသူများဖြစ် သည်ဟု ပြောစမှတ်ပြုကြသည်။ သို့ဖြစ်ရာ ယခုတစ်ပတ်အတွက် ထိုင်းနိုင်ငံခြားရေးမူဝါဒအကြောင်း လက်လှမ်းမီသမျှ လေ့လာတင်ပြလိုသည်။

စီးပွားရေးအရ အားလုံးနှင့် ထိတွေ့ဆက်ဆံ

ထိုင်းနိုင်ငံသည် တရုတ်ခရီးသွားများထံမှ ဝင်ငွေအများအပြားရရှိသည်။ ယင်းမှာ သံတမန်ဆက်ဆံရေး တရားဝင်စတင်တည်ထောင်ခဲ့သည့် ၁၉၇၅ ခုနှစ်ကတည်းက နှစ်နိုင်ငံကြားတည်ရှိခဲ့သည့် ခိုင်မာသော စီးပွားရေးဆက်ဆံမှုကို ထင်ဟပ်ဖော်ပြနေခြင်းလည်း ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်စုအတွင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့်စီးပွား ရေးဆက်ဆံမှု မှန်မှန်ကြီး တိုးတက်နေသည်။ တရုတ် နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၅ ဘီလျံအထိ ရှိ သည်။ နှစ်နိုင်ငံကြား စီးပွားရေးအရ မိတ်ဖက်ဖြစ်မှုမှာပထဝီ အရနီးစပ်မှုနှင့် ယဉ်ကျေးမှုအရဆက်စပ်မှု ရှိခြင်းအပေါ်တွင် အခြေတည်ခြင်းကြောင့် ဖြစ်သည်။ 

ထိုင်းနိုင်ငံလူဦးရေ ၇၁ သန်းတွင် အနည်း ဆုံး ၁၁ ရာခိုင်နှုန်းမှာ တရုတ်အနွယ်များဖြစ်ကြသည်။ တရုတ်အနွယ်တို့သည် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းတို့တွင် တရုတ်နိုင်ငံတောင်ပိုင်းမှ ထိုင်း ဘုရင့်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းလာ ကြသူများမှ ဆင်းသက်ပေါက်ဖွားလာကြသူများဖြစ် သည်။ ထိုင်းအစိုးရအနေဖြင့် ကိုဗစ်ကပ်ရောဂါကြောင့် ရုန်းကန်နေရသည့် ထိုင်းစီးပွားရေး ပြန်လည် နာလန် ထူရေးကြိုးပမ်းရာတွင် တရုတ်နိုင်ငံကို ဗဟိုချက် အဖြစ်ရှုမြင်ခဲ့သည်။ ထိုင်းဝန်ကြီးချုပ်သစ် ဆရက်သာ သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ခါးပတ်လမ်း ဖိုရမ်တက်ရောက်ရန် တရုတ်နိုင်ငံသို့သွားရောက် ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံခဲ့ သည်။ ထို့ပြင် ရုရှားသမ္မတပူတင်အပါအဝင် အခြားသော စီးပွားရေးမိတ်ဖက်များနှင့်လည်း တွေ့ဆုံခဲ့ သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ခိုင်မာစေရန် ကြိုးပမ်းခဲ့သည်။ 

အမေရိကန်အစိုးရသည်လည်း ဝန်ကြီးချုပ် ပရာယုချန်အိုချာဦးဆောင်သည့် ထိုင်းတပ်မတော်အစိုးရ အုပ်ချုပ်မှုအပြီးတွင် ထိုင်းနိုင်ငံနှင့်ပုံမှန် ဆက်ဆံရေးတည်ဆောက်ရန် ဆန္ဒပြင်းပြနေချိန်လည်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် တရုတ်၏ဩဇာလွှမ်းမိုးမှု မြင့်တက်နေချိန်မှာပင် အမေရိကန်အစိုးရက ၎င်း၏ ကာလ ရှည်ကြာမိတ်ဖက်ဖြစ်ခဲ့သည့် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးပိုမိုမြှင့်တင်ရန် စိတ်အားထက်သန်နေခြင်းဖြစ်သည်။ ဆရက်သာသည် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်တွင် ထိုင်းစီးပွားရေးကို မြှင့်တင်ရန် ကြိုးပမ်းသည်။ ဝန်ကြီးချုပ် ဆရက်သာ သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက အမေရိကန်ပြည်ထောင်စုသို့သွား ရောက်ခဲ့ပြီး Microsoft ၊ Google ၊ Estee Lauder အပါအဝင် အမေရိကန် ကုမ္ပဏီအများအပြားနှင့်တွေ့ဆုံရာ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။ 

သို့သော် မြင့်တက်လာသည့် ပထဝီနိုင်ငံ ရေးတင်းမာမှုများမှ ဖယ်ခွာရန် အခက်အခဲ ရှိသည်။ တရုတ်နှင့် အမေရိကန်တို့၏ အားပြိုင်မှုမှာ ဆက် လက်မြင့်တက်နေသည်။ အနောက်နိုင်ငံများသည် ရုရှားနှင့်ယူကရိန်း စစ်ပွဲတွင် ယူကရိန်းနိုင်ငံကို ဆက်လက် ထောက်ပံ့ပေးနေသည်။ ထိုင်းနိုင်ငံအနေဖြင့်မူ မှန်ကန်သော ဟန်ချက်ညီရပ်တည်မှု လိုအပ် သည်။ အမေရိကန်၊ တရုတ်နှင့် ရုရှားတို့အားလုံးသည် ထိုင်းနိုင်ငံအတွက် အရေးကြီးသော ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်ကြသည်။ ဝန်ကြီးချုပ်ဆာရက်သာအနေဖြင့် ထိုင်းနိုင်ငံသည် လုပ်ငန်းအားလုံးအတွက် လမ်းဖွင့်ပေးထားသည် ဆိုသည်ကို သတင်းစကား ပါးလိုပုံရသည်။ 


ဟန်ချက်ညီ ရပ်တည်နိုင်ရေး

မကြာသေးမီနှစ်များအတွင်းက ထိုင်းနိုင်ငံသည် အမေရိကန်ဦးဆောင်သည့် ဒေသတွင်း စီးပွားရေးနှင့် လုံခြုံရေးအစီအမံများတွင် လိုက်ပါဆောင်ရွက်ခဲ့သည်။ သို့သော် တစ်ဖက်တွင်လည်း တရုတ်နိုင်ငံ၏ အလားတူအစီအမံမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ လေ့လာသူများကမူ ထိုင်းနိုင်ငံခြားရေး မူဝါဒမှာ လေယူရာယိမ်းသည့် ဝါးပင်ကဲ့သို့ ဖြစ်နေပြီး အမြဲတမ်းခိုင်မာသည့် မူဝါဒတစ်ရပ်ရှိရန် လိုအပ်သည် ဟု အကြံပြုခဲ့ကြသည်။ သို့သော် လေယူရာယိမ်းသည့် ထိုင်းနိုင်ငံခြားရေးမူဝါဒမှာ ယနေ့နိုင်ငံတ ကာ အခြေအနေများနှင့် လိုက်လျောညီထွေရှိနေသည်။ ထိုင်းနိုင်ငံသည် ၎င်း၏ စီးပွားရေးနှင့်လုံခြုံရေး အကျိုးစီးပွား ကိုကြည့်ပြီး အင်ဒို-ပစိဖိတ်ဒေသရှိ အင်အားကြီးနှစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ် နှစ်နိုင်ငံလုံးနှင့် ဂရုတစိုက် ဆက်ဆံမှု ပြုလုပ်နေသည်။ ကုလသမဂ္ဂဆိုင်ရာ ထိုင်းသံအမတ်ကြီးကမူ အမေရိ ကန်၊ တရုတ်တို့နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၏ချဉ်းကပ်မှုမှာ သံတမန်ရေးဟန်ချက်ညီမှု (diplomatic balancing act) ဖြစ်သည်ဟု ပြောဆိုထားဖူးသည်။ 


ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နှင့် လုံခြုံရေးအရ ဆက်ဆံရေးမှာ တရုတ်နိုင်ငံထက် ပို၍ အရင်းကျသကဲ့ သို့ ပို၍လည်း အခြေခိုင်သည်။ ၁၈၃၃ ခုနှစ် ချစ်ကြည် ရေးနှင့် ကုန်သွယ်ရေးစာချုပ် (Treaty of Amity and Commerce)ချုပ်ဆိုပြီးကတည်းက အမေရိ ကန်၏ မဟာမိတ်တစ်ဦး ဖြစ်လာခဲ့သည်။ အမေရိကန် နှင့် ထိုင်းနိုင်ငံတို့သည် ၁၉၅၄ ခုနှစ်တွင် မနီလာ သဘောတူညီချက် (Manila Pact) ခေါ် ၎င်းတို့၏ မဟာမိတ်စာချုပ်ကို ထပ်မံချုပ်ဆိုခဲ့ကြသည်။ အဆိုပါ စာချုပ်အရ ထိုင်းနိုင်ငံသည် ဆီးတိုး(SEATO)အဖွဲ့ သို့ဝင်ရောက်ခဲ့သည်။ အမေရိကန်-ထိုင်းဆက်ဆံရေး အကောင်းဆုံးနှင့် စစ်အေးခေတ် အမြင့်ဆုံးကာလ အတွင်းတွင် အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံကို အင်ဒိုချိုင်းနားဒေသတွင် ကွန်မြူနစ်ဆန့်ကျင်ရေး ကြားခံဇုန်အဖြစ် ရှုမြင်ထားသည်။ ထို့ပြင် အမေရိကန် နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အရှေ့ တောင်ဘက်ရှိ့ U-tapao  လေတပ်အခြေစိုက်စခန်း ကိုလည်း ဗီယက်နမ်စစ်ပွဲအတွက် တိုက်ခိုက်ရေး ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုခဲ့သည်။ 

စစ်အေးခေတ်ကာလအတွင်း အမေရိကန် နှင့် ထိုင်းနိုင်ငံတို့၏ နီးကပ်သည့်ဆက်ဆံရေးရှိခဲ့ခြင်း မှာ အရှေ့တောင်အာရှတွင် ကွန်မြူနစ်ဝါဒ ချဲ့ထွင် လာမည်ကို စိုးရိမ်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ထိုင်း နိုင်ငံ၏ လက်ရှိနိုင်ငံခြားရေးမူဝါဒမှာ ၎င်း၏ အမျိုး သားအကျိုးစီးပွားကို ကာကွယ်နိုင်စွမ်းရှိရန်နှင့် အင်အားကြီး နှစ်နိုင်ငံကြား ကာလရှည်ကြာရှိခဲ့သည့် ဆက်ဆံရေးအား ထိန်းထားရန်ပင်ဖြစ်သည်။ ထိုင်း နိုင်ငံတင်မဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံများ အားလုံးသည် တရုတ်နှင့်သာမက အမေရိကန်နှင့် လည်း ဆက်ဆံရေးကောင်း ရှာဖွေတည်ဆောက်ရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။ 


လုံခြုံရေး၊ စီးပွားရေး အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်

ထိုင်းနှင့် အမေရိကန်တို့ကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ အဆင့်မြင့် လက်နက်များ ရောင်းချခြင်း၊ စစ်ရေး လေ့ကျင့်ခြင်းနှင့် ပညာရေးတို့ပါဝင်သည်။ နှစ်နိုင်ငံ တို့သည် ဒေသတွင်းတွင် အရေးကြီးဆုံးဘက်စုံစစ်ရေး လေ့ကျင့်ခန်းဖြစ်သည့် Cobra Gold ခေါ် ရွှေမြွေ ဟောက် စစ်ရေးလေ့ကျင့်ခန်းကို နှစ်စဉ်တစ်နိုင်ငံဆီက အလှည့်ကျ လက်ခံကျင်းပကြသည်။ ထိုကဲ့သို့ နှစ်နိုင် ငံပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ အပါအဝင်  အခြားသောလေ့ကျင့်မှုများ နှစ်စဉ်ကျင်းပ ပြုလုပ်လာခဲ့ရာ ယနေ့အထိ အကြိမ်ပေါင်း ၄၀ဝ ကျော်ရှိခဲ့ပြီဖြစ်သည်။ ထိုင်းနှင့် အမေရိကန်တို့၏ စီးပွားရေးအရ ဆက်ဆံမှုမှာလည်း ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးသည်။ အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အရင်း အမြစ်လည်း ဖြစ်နေပြန်သည်။ 

သမ္မတဂျိုးဘိုင်ဒန်လက်ထက်တွင် အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးအသစ် ပြန်စခဲ့သည်။ အမေရိကန်နိုင်ငံသည် ၂၀၂၃ ခုနှစ် တွင် ဆယ်စုနှစ်တစ်စုအတွင်းအကြီးမားဆုံးသောရွှေ မြွေဟောက်စစ်ဆင်ရေး ပြုလုပ်မည့်အဖွဲ့ကို စေ လွှတ်ခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသော်လည်း စစ်ရေးလေ့ကျင့်ရာတွင် F-16 နှင့် F-5တိုက်လေ ယာဉ်များ အသုံးပြုမှုကိုတားမြစ်သည့် အမေရိကန် နှင့် သဘောတူညီမှုကို စောင့်စည်းလိုက်နာခဲ့သည်။ ထိုင်းနိုင်ငံသည် အိန္ဒိယ၊ အစ္စရေး၊ ဆွီဒင်နှင့် တောင်ကိုရီးယား စသည့် အခြားသော မိတ်ဖက်များနှင့် ပိုမိုလေးနက်သည့် ကာကွယ်ရေးဆက်ဆံမှုများ ပြုလုပ် နိုင်ရေးကိုလည်း နည်းလမ်းရှာဖွေနေသည့်နိုင်ငံ ဖြစ်သည်။ 


လုံခြုံရေး၊ စီးပွားရေး တရုတ်နှင့် ပူးပေါင်းဆောင်ရွက်

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံကို အမေရိကန်နိုင်ငံ မြင်သကဲ့သို့ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ခြင်း မရှိပါ။ တရုတ်နိုင်ငံနှင့်နယ်မြေအငြင်းပွားမှု လည်းမရှိပါ။ ထိုင်းနှင့်တရုတ်နိုင်ငံတို့သည်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း စစ်ရေးပူးပေါင်းဆောင် ရွက်မှု မြှင့်တင်ခဲ့ကြသည်။ အထူးသ ဖြင့် ၂၀ဝ၆ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်ကာလအတွင်း ထိုင်းနိုင်ငံတွင် တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီး နောက် အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံနှင့်ဆက်ဆံရေးကို အဆင့်လျှော့ခဲ့ရာ ထိုင်းနှင့် တရုတ်နိုင်ငံတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လာခဲ့ခြင်း ဖြစ်သည်။ ထိုင်းနှင့် တရုတ်နိုင်ငံတို့သည် ၂၀၁၅ ခုနှစ် တွင် ၎င်းတို့၏ ပထမဆုံး လေကြောင်း စစ်ရေးလေ့ကျင့် မှု ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ တင့်ကားများနှင့် ရေငုပ် သင်္ဘောများ ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့သည်။ ထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံ၏ လက်နက်တင်ပို့မှုမှာ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်ကြားတွင် လွန်ခဲ့သည့်ငါးနှစ်နှင့် နှိုင်းယှဉ်ပါက လေးဆမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ လက်နက်ဝယ်ယူရာ ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ပြီး နှစ်နိုင်ငံတပ်မတော်တို့ သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ရာ ပုံမှန်ထိ တွေ့မှုများ ရှိလာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် တရုတ် နိုင်ငံထံမှ အမေရိကန်ဒေါ်လာ ၃၆၉ သန်းတန် Yuan-class အမျိုးအစား ရေငုပ်သင်္ဘောဝယ်ယူရန် ကြေညာခဲ့သည်။ နောက်ပိုင်းတွင် သုံးစင်းအထိတိုးချဲ့ မှာယူခဲ့သည်။ သို့သော် ကိုဗစ်ကပ်ရောဂါကြောင့် စီး ပွားရေးအကျပ်အတည်းများဖြစ်လာရာ တစ်စင်းသာ ဝယ်ယူခဲ့ရသည်။ 

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် စီးပွားရေး တိုးချဲ့ဆက်ဆံမှုလည်း ပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံက လည်း တရုတ်နိုင်ငံ၏ပိုးလမ်းမစီမံကိန်းတွင် ပူးပေါင်း ပါဝင်လာခဲ့ပြီး ဘန်ကောက်ကို လာအို-တရုတ်ရထား လမ်းနှင့် ချိတ်ဆက်ပေးမည့် တရုတ်နိုင်ငံ၏ မြန်နှုန်း မြင့်ရထားလမ်းစီမံကိန်းကို ပြီးစီးအောင် ဆောင်ရွက်မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် Huawei  ကုမ္ပဏီကို လည်း 5G မိုဘိုင်းဖုန်း စတင်မိတ်ဆက်ခွင့်ပြုခဲ့သည်။ သို့သော် ထိုင်းနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမှာ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့နောက်တွင် နောက်ကောက် ကျနေဆဲ ဖြစ်သည်။ 


အင်အားအသင့်အတင့်ရှိသည့် နိုင်ငံများနှင့်လည်း ထိတွေ့ဆက်ဆံ

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Thanat Khoman ကမူ ထိုင်းနိုင်ငံအနေဖြင့် အကွာအဝေးတူထားရှိသည့် ဆက်ဆံရေးမူဝါဒကို ဆက်ပြီးထိန်းသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ ကိစ္စရပ်အားလုံး၊ ခေတ်အားလုံးတွင် အမေရိကန်နှင့် တရုတ်ကိုချည်း ကြည့်ပြီး ဆုံးဖြတ်နေခြင်းဟုမဆိုလိုကြောင်း၊ ကိစ္စရပ် တစ်ခုချင်းအလိုက်၊ တစ်နိုင်ငံချင်းစီအလိုက် ချဉ်းကပ်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် အဆိုပါ အင်အားကြီးနှစ်နိုင်ငံထံမှ ဖိအားပေးမှု လျှော့ချရေး နည်းလမ်းတစ်ခုအဖြစ် အခြားသော အင်အားအသင့်အတင့်ရှိ နိုင်ငံများနှင့်ဆက်ဆံရေး ခိုင်မာစေရန် ကြိုးပမ်းသွားမည်ဟု ထုတ်ဖော်ပြောဆိုဖူးသည်။ 

ထိုင်းနိုင်ငံအနေဖြင့် အင်အားကြီးနှစ်နိုင် ငံကြား ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပွားသည်ကို ကျွဲနှစ်ကောင်ခတ် သည့်ကြားက မြေစာပင်ကဲ့သို့ အဖြစ်ခံနိုင်မည် မဟုတ်ပါ။ အမေရိကန်နိုင်ငံက ထိုင်းနိုင်ငံကို U-Tapao တွင် စစ်လေယာဉ်ကွင်းအဖြစ် အသုံးပြုရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန် စသည်ဖြင့် တောင်းဆို ကောင်း တောင်းဆိုနိုင်သည်။ ဝန်ကြီးချုပ် ပရာယုချန်အိုချာလက်ထက် ထိုင်းနိုင်ငံ ခြားရေးမူဝါဒမှာ အာဆီယံ အတွင်းနှင့် ဒေသတွင်းကိစ္စ ရပ်များ အပေါ် မှာပင် ရှေးရိုးစွဲဆန်သည်ဟုဆိုကြသည်။ အစိုးရသစ်လက်ထက် တွင်မူ အာဆီယံနိုင်ငံများအတွင်း အရေးပါသည့် ပလေရာနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် နည်းလမ်းရှာဖွေ ကောင်း ရှာဖွေလာနိုင်သည်။  ချုပ်၍ဆိုရပါမူ ဟန်ချက်ထိန်း ထိုင်းနိုင်ငံ ခြားရေးမူဝါဒမှာ ယနေ့အထိ ကောင်းကောင်းအလုပ်ဖြစ်နေသည်။ လုံခြုံရေးနှင့်စီးပွားရေးအတွက် အမေရိကန်နှင့် ဂရုတစိုက်ဆက်ဆံသည်။ စီးပွားရေးအတွက် တရုတ်နိုင်ငံနှင့် ဂရုတစိုက်ဆက်ဆံသည်။ ဟန်ချက် ထိန်းညှိရန်အတွက် အခြားအင်အားကြီးနိုင်ငံများ၊ အင်အားအသင့်အတင့်ရှိသည့်နိုင်ငံများနှင့်လည်း ဂရုတစိုက် ဆက်ဆံသည်။ မည်သည့်ဘက်ကိုမှ ခြေစုံပစ်မဝင်သလို မည်သူ့ကိုမှလည်း ကျောခိုင်းခြင်းမပြုဘဲ အကျိုးစီးပွားအပေါ်တွင်သာ တစ်စိုက်မတ်မတ် အခြေခံရပ်တည်ကာ ဟန်ချက်ထိန်းပြီး ဆက်ဆံသည်ကို တွေ့ရသည်။ သို့ဖြစ်၍လည်း ထိုင်းလူမျိုးများကိုနိုင်ငံတကာဆက်ဆံရေးနှင့်စေ့စပ် ညှိနှိုင်းခြင်းပညာ တွင် ဆရာကျသူများဟုဆိုပါက လွန်ရာကျမည် မထင်ပါ။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မွတ်ဆလင်ဥပုသ်လမတိုင်မီ ဆူဒန်တွင် အပစ်အခတ်ရပ်စဲရန် ကုသမဂ္ဂက ဆုံးဖြတ်ချက်မူကြမ်း ချမှတ်

RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved