အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ယူကရိန်းငြိမ်းချမ်းရေးအတွက် အကောင်းဆုံးမျှော်လင့်ချက်တစ်ခုဖြစ်ကြောင်း ဟန်ဂေရီအစိုးရပြော
Pika (NSS) - မတ် ၇
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်သည့် တစ်ဦးတည်းသော လူပုဂ္ဂိုလ်ဖြစ်နိုင်သည်ဟု ဟန်ဂေရီနိုင်ငံက ယုံကြည်နေကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ပြောခဲ့သည်။
ထို့အပြင် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်သည် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ယူကရိန်း ပဋိပက္ခကိုဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့် နှင့် ဗစ်တာအော်ဗန်တို့ သည် မတ်လ(၈)ရက်တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ တွေ့ဆုံမည်ဖြစ်ကြောင်း Peter Szijjarto က ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်နှင့် ဗစ်တာအော်ဗန်တို့သည် နယ်စပ်လုံခြုံရေး၊ တရားမဝင် လူဝင်မှုကြီးကြပ်ရေး နှင့် ယူကရိန်း ပဋိပက္ခတို့အပေါ်တူညီသောအမြင်များကို မျှဝေခဲ့ကြပြီး နီးကပ်သောဆက်ဆံရေးများကို နှစ်ပေါင်းများစွာကြာ အောင် ထိန်းသိမ်းထားခဲ့ကြသည်။ Peter Szijjarto က "ယူကရိန်းနဲ့ ဥရောပအရှေ့ပိုင်းမှာ ငြိမ်းချမ်းရေး ဘယ်လို ရရှိနိုင်မလဲဆိုတာကို ဒေါ်နယ်ထရမ့်နဲ့ ကျွန်တော်တို့ ဆွေးနွေးချင်ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်အစား ဒေါ်နယ်ထရမ့်သာရွေးချယ်ခံခဲ့ရမယ်ဆိုရင် ယူကရိန်းပဋိပက္ခကဖြစ်ပွားလာမှာ မဟုတ်သလို အရှေ့အလယ်ပိုင်းဒေသမှာ လုံခြုံရေးအခြေအနေတွေက ဆိုးရွားလာမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
ထို့အပြင် ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် မရွေးချယ်ခံခဲ့ရပါက ယူကရိန်းတွင် ငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်လင့်ချက်များ နည်းပါးသွားလိမ့်မည်ဟု ဟန်ဂေရီနိုင်ငံက အပြည့်အဝ နားလည်ထားကြောင်း Peter Szijjarto က ပြောခဲ့သည်။ သို့သော်လည်း အဆိုပါအမြင်ကို ဥရောပသမဂ္ဂ၏ နိုင်ငံရေးသမားများက ဆန့်ကျင်ကြကြောင်း Peter Szijjarto က မှတ်ချက်ပြုပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်းကို အကြမ်း ဖက်သမားများက မိုင်းခွဲဖျက်ဆီး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ