F-35s တိုက်လေယာဉ်တွေကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုပျံသန်းတာမျိုးမရှိခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
ဂျန်ဇက် (NSS) - မတ် ၅
အမေရိကန်စစ်ဌာချုပ်က အမေရိကန်ရဲ့နာမည်ကျော် F-35s တိုက်လေယာဉ်တွေဟာ ယူကရိန်းစစ်ပွဲမှာ ပျံသန်းခဲ့တာမျိုးမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen က အမေရိကန်နိုင်ငံဟာ ရုရှားတပ်ဖွဲ့တွေကိုစောင့်ကြည့်ဖို့ F-35s တိုက်လေယာဉ်တွေကို အသုံးပြုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အမေရိကန်စစ်ဘက်က တုံ့ပြန်ခဲ့တာပါ။ စင်ကာပူကာကွယ်ရေးဝန်ကြီးက အမေရိကန်စစ်တပ်ဟာ F-35s တိုက်လေယာဉ်တွေကို အရှေ့အလယ်ပိုင်းဒေသ အတွင်းရှိ ISIS အဖွဲ့တွေကို ပစ်မှတ်ထားချေမှုန်းဖို့သာမက ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားတပ်ဖွဲ့တွေရဲ့မြေပြင်က ဝေဟင်ပစ်ဒုံးကျည်နေရာတွေကို စုံစမ်းထောက်လှမ်းနိုင်ဖို့ စောင့်ကြည့်ခဲ့ကြောင်း ပြောပါတယ်။
ဒါပေမယ့် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဟာ စင်ကာပူကာကွယ်ရေးဝန်ကြီးရဲ့မှတ်ချက်စကားနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမျိုးမရှိခဲ့ပေမယ့် ယူကရိန်းစစ်ပွဲမှာ ပျံသန်းတာမျိုးမရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။ C4ISRNET ကလည်း ဗိုလ်မှူးကြီး ခရစ်အန်ဒရစ်ရဲ့ပြောစကားကိုကိုးကားပြီး အမေရိကန်ဟာ ယူကရိန်းကို ခြိမ်းခြောက်နေတဲ့ ရုရှားရဲ့ခြိမ်းခြောက်မှုတွေကို စုံစမ်းထောက်လှမ်းနိုင်အောင် F-35s တိုက်လေယာဉ်တွေကို အသုံးပြုခဲ့ကြောင်း၊ အဆိုပါတိုက်လေယာဉ်ဟာရုရှားရဲ့အချက်အလက်တွေကို စုံစမ်းနိုင်ဖို့ ရည်ရွယ်တဲ့အတွက် ပစ်ခတ်ခြင်းမျိုးမရှိခဲ့ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။
ယူကရိန်းစစ်ပွဲဟာ အရင်တွေ့မြင်ခဲ့ဖူးတဲ့ပုံစံမျိုးမဟုတ်တဲ့အတွက် F-35s တိုက်လေယာဉ်တွေဟာ ရုရှားရဲ့ S-300 ဒုံးကျည်ကာကွယ်ရေးစနစ်ထားရှိတဲ့နေရာကို စုံစမ်းထောက်လှမ်းနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့သံအမတ်ကြီးအားလုံးကို နိုင်ငံအတွင်းက နှင်ထုတ်ဖို့ ရုရှားသမ္မတဟောင်း တောင်းဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ