ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့သံအမတ်ကြီးအားလုံးကို နိုင်ငံအတွင်းက နှင်ထုတ်ဖို့ ရုရှားသမ္မတဟောင်း တောင်းဆို
ဂျန်ဇက် (NSS) - မတ် ၅
ရုရှား သမ္မတဟောင်းမက်ဗီဒက်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့သံအမတ်ကြီးတွေကို ရုရှားနိုင်ငံအတွင်းကနေ နှင်ထုတ်သင့်ကြောင်း ထုတ်ဖော်ဝေဖန်လိုက်ပါတယ်။
၎င်းက "ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့သံတမန်တွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့တွေ့ဆုံဆွေးနွေးဖို့ ငြင်းဆန်ခဲ့တယ်။ ဒါဟာ ဥရောပသမဂ္ဂရဲ့အကြံဉာဏ်တွေကြောင့်ဖြစ်တယ်။ အဲဒီလုပ်ရပ်ဟာ ရုရှားနိုင်ငံအတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့သံတမန်တွေထားရှိမှုနဲ့ သံရုံးတွေ ဖွင့်လှစ်ခွင့်ပေးထားခြင်းကို ဆန့်ကျင်မှုဖြစ် အောင် လုပ်ဆောင်လာတာမျိုးဖြစ်တယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့သံတမန်အားလုံးကို ထုတ်ပယ်သင့် တယ်။ သံတမန်ဆက်ဆံရေးတွေကို အဆင့်နိမ့်လျော့ချသင့်တယ်" လို့ ပြောပါတယ်။
မက်ဗီဒက်ဟာ ရုရှားနိုင်ငံရဲ့လုံခြုံရေးကောင်စီအဖွဲ့မှာ ဒုတိယအကြီးအကဲအဖြစ် တာဝန်ယူထားကြောင်း သိရပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ရုရှားသမ္မတရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်တာတွေမလုပ်ဖို့ သတိပေးနိုင်အောင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့သံတမန်တွေကို ဖိတ်ခေါ်ခဲ့ကြောင်း ဒါပေမယ့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့သံတမန်တွေတက်ရောက်ဖို့ မှတ်ချက်ပြုခြင်းမျိုးမရှိခဲ့ကြောင်း ပြောပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားအတိုက်ခံအုပ်စုတွေကို ကူညီထောက်ပံ့ပေးပြီး ရုရှားနိုင်ငံမှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောထားပါ တယ်။ ရုရှားသမ္မတဟောင်းကလည်း အနောက်အုပ်စုနိုင်ငံတွေရဲ့သံတမန်တွေဟာ ၎င်းတို့ရဲ့စစ်မှန်တဲ့အလုပ်ကို အမှန်တကယ်နားမလည်တဲ့ နိုင်ငံရေးယုတ်ညံ့သူတွေသာဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ်လ ၅ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ