ဂါဇာစစ်ပွဲ တစ်လခွဲကြာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တွေကို အစ္စရေးနိုင်ငံ အနည်းနဲ့အများလက်ခံဖွယ်ရှိနေလို့ အမေရိကန်အစိုးရပြော
ဂျန်ဇက် (NSS) - မတ် ၃
အစ္စရေးနိုင်ငံဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲကို သီတင်းပတ်ခြောက်ပတ်ကြာ အပစ်ခတ်ရပ်စဲရေးအဆိုပြုချက်တွေကို အနည်းနဲ့အများ လက်ခံသွားဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ အပစ်ခတ်ရပ်စဲနိုင်ဖို့ စေ့စပ်ဆွေးနွေးသူတွေဟာ အရှိန်မြင့်ကြိုးပမ်းနေပြီး မွတ်စလင်တွေအတွက် အဓိကရေးပါတဲ့ကာလတစ်ခုဖြစ်တဲ့ ရာမာဒန် ကာလမတိုင်ခင် အပစ်ခတ်ရပ်စဲနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ ဟာ ငါးလ နီးပါးရှိနေပြီး လူပေါင်းသိန်းချီ နေရပ်စွန့်ခွာနေ ထိုင်နေရကြောင်း သိရပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက "ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး မူဘောင်တွေ ရေးဆွဲနေ တယ်။ အစ္စရေးအစိုးရက အဲဒီအပစ်ခတ်ရပ်စဲရေး အဆိုပြုချက်တွေကို အနည်းနဲ့အများ လက်ခံနိုင်ဖွယ် ရှိနေပါ တယ်။ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး သီတင်းပတ်ခြောက်ပတ်ကြာ လုပ်ဆောင်ဖွယ်ရှိနေပါတယ်။ ဟားမက်စ်အဖွဲ့ ဟာ ပြန်ပေးဆွဲခံထားရသူအားလုံးကိုပြန်လွှတ်ပေးမယ်ဆိုရင် အပစ်ခတ်ရပ်စဲရေးဟာ စတင်နိုင်ဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု ရ/မရ ဆိုတာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် မူတည်သွားတယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူတွေဟာ အစ္စရေး နဲ့ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ရေးအဆိုပြုချက်တွေကို ဆွေးနွေးနိုင်ဖို့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သွားရောက်ဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတွေက အစ္စရေးဟာ ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံဖွယ်ရှိ တယ်လို့ ပြောဆိုထားပေမယ့်အစ္စရေးဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပါဘူး။ အမေရိကန် အစိုးရဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာဘီလျံနဲ့ ချီပြီး အစ္စရေးကို ကူညီထောက်ပံ့ပေးခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးဆွေးနွေးပွဲက နှစ်နိုင်ငံကြား ဆက်ဆံရေးကို သက်ရောက်မှုတွေရှိလာနိုင်ကြောင်း မြန်မာအစိုးရပြော
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ