နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ရန် ထိုင်းရေတပ်၏ စစ်ရေယာဉ်တစ်စီး ရန်ကုန်မြို့သို့ ရောက်ရှိလာ
Pearl (NSS) - မတ် ၂
နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ရန် ထိုင်းရေတပ်၏ စစ်ရေယာဉ်တစ်စီး ရန်ကုန်မြို့သို့ ရောက်ရှိလာ ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Prachuap Khiri Khan (OPV-552) သည် ယမန်နေ့ (မတ်လ ၁ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ရာ တပ်မ တော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းရေတပ် စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Chief of Staff ဖြစ်သူ Rear Admiral Pongmit Narongkul ဦးဆောင်၍ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် မတ်လ ၃ ရက်အထိ သုံးရက်ကြာနေထိုင်၍ အထင်ကရနေရာများသို့ သွားရောက်လေ့လာလည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း နစကက အသိပေးထုတ်ပြန်ထားသည်။ ပြီးခဲ့သော ကာလများအတွင်းက တရုတ်နိုင်ငံ၏ ဖရီးဂိတ်စစ်ရေယာဉ်အပါအဝင် စစ်သင်္ဘော (၃)စင်း ရန်ကုန်မြို့သို့ လာရောက်၍ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့် ခန်းများဆောင်ရွက်ခဲ့ဖူးသည်။
ထို့ပြင် ရုရှားစစ်သင်္ဘော(၃)စင်းသည်လည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ-ရုရှားရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန် မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး အက်ဒမန်ပင် လယ်အတွင်း၌ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူရန် G7 အဖွဲ့ဝင်နိုင်ငံများကို အမေရိကန်ဖိအားပေး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ