Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူရန် G7 အဖွဲ့ဝင်နိုင်ငံများကို အမေရိကန်ဖိအားပေး

Pika (NSS) - ‌မတ် ၂

အမေရိကန် နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများသည် ရုရှား၏ပြည်ပရှိပိုင်ဆိုင်မှုများကို သိမ်းယူမည့်အစီအစဉ်များအား ကျောထောက် နောက်ခံပြုမည့် ခိုင်မာသော တရားဥပဒေဆိုင်ရာ အကြောင်းပြုချက်များကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာဝန်ကြီး ဂျဲနက်ယဲလင်က ထုတ်ဖော်ပြောဆိုခဲ့သည်။


ဘရာဇီးလ်နိုင်ငံတွင် ပြုလုပ်သည့် G20 အဖွဲ့၏ ဘဏ္ဍာရေးဝန် ကြီးများ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ဂျဲနက်ယဲလင်က ယခု ကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲအတွင်း ရုရှား၏ ရန်ပုံငွေများကို အသုံးပြုကာ ယူကရိန်းသို့အကူ အညီများ ပေးပို့ရန်အစီအစဉ်ကို ဂျဲနက်ယဲလင်က ထုတ်ပြန်ပြောဆိုခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် ရုရှား၏ပြည်ပရှိပိုင်ဆိုင်မှုများကို သိမ်းယူရန်အတွက် ခိုင်မာသော ဥပဒေမူဘောင်တစ်ခုလိုအပ်မည်ဖြစ်ကြောင်း ဂျဲနက်ယဲလင်က ထပ်မံပြောဆိုခဲ့သည်။

ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းက မဖြစ်နိုင်ကြောင်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က ပြောဆိုမှုများရှိနေသော်လည်း ချေးငွေအတွက် အပေါင်ခံပစ္စည်းအဖြစ် ရန်ပုံငွေများကို အသုံးပြုခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ရုရှားဗဟိုဘဏ်ပိုင်ဆိုင်သည့် အမေရိကန်ဒေါ်လာ(၃၀၀)ဘီလျံကို သိမ်းယူနိုင်မည့် နည်းလမ်း များရှိကြောင်း ဂျဲနက်ယဲလင်က ပြောဆိုခဲ့သည်။ ဂျဲနက်ယဲလင်က "ဒီမှာ ရှုပ်ထွေးတဲ့ဥပဒေပြဿနာတွေရှိတယ်။ ဘာပဲလုပ်လုပ် ခိုင်မာတဲ့ နိုင်ငံတကာတရားဥပဒေနဲ့ အကြောင်းပြချက်တွေ ရှိရမယ်ဆိုတာကို ကျွန်မတို့နားလည်ပါတယ်"ဟု ပြောဆိုခဲ့သည်။

အမေရိကန်နှင့်ဗြိတိန်တို့သည် ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူရန်အတွက် တွန်းအားပေးလုပ်ဆောင်နေသော်လည်း အဆိုပါလုပ်ရပ်ကြောင့် ဥပဒေနှင့်ဘဏ္ဍာရေးဆိုင်ရာ ဂယက်ရိုက်ခတ်မှုများရှိလာနိုင်ကြောင်း ဥရောပသမဂ္ဂက သတိပေးပြောဆိုထား သည်။ ဘရာဇီးလ်နိုင်ငံတွင် ဖေဖော်ဝါရီလ(၂၈)ရက်က လုပ် ဆောင်ခဲ့သော အစည်းအဝေးတွင် ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး Bruno Le Maire သည် ဂျဲနက်ယဲလင်၏ပြောဆိုချက်များကို မေးခွန်းထုတ်ခဲ့ကြောင်းလည်းသိရသည်။

ထို့ပြင် လက်ရှိအချိန်တွင် ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူရန်အတွက် အနောက်အုပ်စုနိုင်ငံများတွင် ခိုင်မာသောဥပဒေမူဘောင် မရှိကြောင်း Bruno Le Maireကပြောဆိုခဲ့သည်။သို့သော်လည်း ဥရောပသမဂ္ဂသည် ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူရန်အတွက် တရားဝင်ခြေလှမ်းများကို ရှာဖွေနေကြောင်း ဂျာမနီဘဏ္ဍာရေးဝန်ကြီး Christian Lindner က ပြန်လည်တုံ့ပြန်ပြောကြားခဲ့သည်။ ရုရှား၏ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းသည် ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိခိုက်စေနိုင်သည့်အပြင် အရန်ငွေကြေးအဖြစ် ယူရို၏အဆင့်အတန်းအပေါ် ယုံကြည်မှုများကို ပျက်ပြားသွားစေနိုင်သည်ဆိုသည့် အချက်ကို အများစုက စိုးရိမ်နေကြောင်း ပြင်သစ်၊ ဂျာမနီ နှင့် ဥရောပဗဟိုဘဏ်တို့က ထုတ် ဖော်ပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျပ်သန်း ၂၀၀၀ ကျော် သုံးစွဲတည်ဆောက်ထားသော အရိုးရောဂါအထူးကုဆေးရုံကြီး - မန္တလေး (၄) ထပ်ကုသဆောင်သစ်ကို စတင်ဖွင့်လှစ်

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved