Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လီဗာပူးလ်နှင့်ပွဲကို ဟာလန်းပါဝင်ကစားနိုင်ခြင်း ရှိ/မရှိဆိုသည့်အချက်ကို ဖခင်ဖြစ်သူထုတ်ဖော်ပြောဆို

Pika (NP News) - မတ် ၂၅


ဧပြီလ(၁)ရက်တွင် လီဗာပူးလ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲတွင် မန်စီးတီးတိုက်စစ်မှူး ဟာလန်း ပြန်လည်ပါဝင်ကစားနိုင်ခြေ ရှိ/မရှိဆိုသော အချက်ကို အတိအကျပြော၍ မရနိုင်သေးကြောင်း ဟာလန်း၏ဖခင်ဖြစ်သူ Alfie ကပြောကြားခဲ့သည်။


ဟာလန်းသည် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် ပွဲပေါင်း(၂၆)ပွဲကစားထားပြီး (၂၈)ဂိုးထိသွင်း ယူထားနိုင် ကြောင်းသိရသည်။ သို့သော်လည်း ဟာလန်းသည် ပြီးခဲ့သည့်သီတင်းပတ်က ဘန်လေအသင်းနှင့် ကစားခဲ့ သည့် FA ဖလားပွဲစဥ်တွင် ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီးနောက် မိခင်နိုင်ငံဖြစ်သော နော်ဝေးအသင်းကစားရမည့်  စပိန်၊ ဂျော်ဂျီယာအသင်းတို့ နှင့် ယူရို(၂ဝ၂၄) ခြေစစ်ပွဲစဥ်များကို လွဲချော်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။ 


ထို့ပြင် ဟာလန်းသည် ဧပြီလ(၁)ရက်တွင် လီဗာပူးလ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲတွင် ပြန်လည် ပါဝင်ကစားနိုင်ခြင်း ရှိ/မရှိဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ဟာလန်း၏ဖခင်ဖြစ်သူ Alfie ကပြောကြားခဲ့သည်။ ဟာလန်းသည် Costa del Sol မြို့ရှိ ၎င်း၏နေအိမ်သို့ မပြန်မီ ယခင်ကမန်စီးတီးအသင်းအသုံးပြုခဲ့သော ဘာစီလိုနာမြို့ရှိ ဆရာဝန်တစ်ဦးထံ သွားရောက်ကုသမည်ဖြစ်ကြောင်းလည်းသိရသည်။


၎င်း၏ဖခင်က "ဟာလန်းဟာ ဘာစီလိုနာမြို့မှာရှိတဲ့ ဆေးရုံတစ်ရုံနဲ့ စစ်ဆေးမှုတွေနဲ့ ဆေးကုသမှုတွေ ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။ အခုတော့ သူက Marbella မြို့မှာရှိတဲ့ လေ့ကျင့်ရေးကွင်းကနေ ထွက်လာခဲ့ပါပြီ။ ပထမအချက်ကတော့ ကျွန်တော်က ဆရာဝန်မဟုတ်ပါဘူး၊၊ ဒုတိယအချက်ကတော့ ပြန်လည်ပါဝင်ကစားနိုင်ခြေများပါတယ်။ ဒါပေမယ့် အတိအကျတော့ပြောလို့မရပါဘူး။ နှစ်ပတ်လောက် လေ့ကျင့်မှုမရှိဘဲနဲ့ ကစားပွဲထဲကို ချက်ချင်းပြန်ဝင်ကစားလို့မရပါဘူး။ လေ့ကျင့်မှုတွေရှိမှပဲ ချက်ချင်း ဝင်ကစားဖို့က အဆင်ပြေမှာပါ။ အသင်းအတွက် လုံလောက်တဲ့ လေ့ကျင့်မှုမျိုးမရှိရင် ဟာလန်းက ဝင်ကစားမှာမဟုတ်ပါဘူး။ သူ ဒီဒဏ်ရာကို သေသေချာချာဂရုစိုက်ဖို့လိုပါတယ်"ဟုပြောဆိုခဲ့သည်။


ဟာလန်းသည် အကောင်းဆုံးကြိုးစားနေသော်လည်း ယူရို(၂ဝ၂၄)ခြေစစ်ပွဲများတွင် ၎င်း၏နိုင်ငံအတွက် ပါဝင်ကစားရမည့်အခွင့်အရေးကို ဆုံးရှုံးလိုက်ရခြင်းနှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ဟာလန်း၏ ဖခင်ဖြစ်သူက‌ပြောဆိုခဲ့သည်။

zawgyi version


Pika (NP News) - မတ် ၂၅












Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စပိန်မှာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးအကြိမ် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဧရိယာ ဟက်တာ (၃ဝဝဝ) ကျော်ထိ မီးလောင်ပျက်စီးခဲ့

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved