Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စပိန်မှာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးအကြိမ် တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဧရိယာ ဟက်တာ (၃ဝဝဝ) ကျော်ထိ မီးလောင်ပျက်စီးခဲ့

ရောင်နီ (NP News) - မတ် ၂၅ 


စပိန်နိုင်ငံမှာ သောကြာနေ့ (မတ်လ ၂၄ ရက်)က နှစ်တစ်နှစ်ရဲ့ ပထမဆုံး တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ 


တောမီးလောင်ကျွမ်းမှုက အရှေ့ပိုင်း ဗလင်စီဒေသရှိ သစ်တော ဟက်တာ ၃ဝဝဝ (၇၄၁၃ ဧက)ကျော်ကို ပျက်စီးစေခဲ့ပြီး ဒေသခံ ၁၅ဝဝ ခန့် ၎င်းတို့ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 

       

ဥရာပတိုက် တောင်ဘက်ပိုင်း ဒေသများမှာ ပုံမှန်မဟုတ်တဲ့ ခြောက်သွေ့သော ဆောင်းရာသီ ပုံစံကြောင့် မြေဆီလွှာ အစိုဓာတ်လျော့နည်းလာပြီး ၂ဝ၂၂ ခုနှစ်က ဥရောပရဲ့ တောမီးလောင်ကျွမ်းမှုမှာ ဟက်တာ  ၇၈၅ဝဝဝ ဖျက်ဆီးခံရသည့်နောက် ဒေသတွင်း ယင်းဖြစ်ရပ်မျိုး ထပ်ခါတလဲလဲဖြစ်မှာကို စိုးရိမ်မှုများ တိုးလာခဲ့ပါတယ်။ "အထူးသဖြင့် ဒီနှစ်အစောပိုင်းမှာ ကျွန်တော်တို့ တွေ့နေရတဲ့ မီးလောင်မှုတွေဟာ လူသားတွေ ဖြတ်သန်းနေရတဲ့ ရာသီဥတု အရေးပေါ် အခြေအနေရဲ့ သက်သေဖြစ်ပြီး၊ အထူးသဖြင့် ကျွန်တော်တို့လို နိုင်ငံတွေကို ထိခိုက်ပျက်စီးစေပါတယ်" လို့ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက် က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 


စပိန်မှာ ယမန်နှစ်က မီးလောင်ကျွမ်းမှု (၄၉၃) ကြိမ်ဖြစ်ပွားခဲ့ပြီး စံချိန်တင် ဟက်တာ (၃ဝ၇ဝဝဝ) ခန့် မီးလောင်ပျက်စီးကြောင်း ကော်မရှင်ရဲ့ ဥရောပ တောမီး သတင်းအချက်အလက်စနစ်အရ သိရပါတယ်။ ယခုတောမီးလောင်မှုဖြစ်ပွားနေတဲ့ ဗလင်စီယာဒေသရှိ ဗီလန်နျူအီဗာ ဒဲဗီဗာ ရွာအနီးမှာ မီးငြှိမ်းသတ်ဖို့အတွက် လေယာဉ် (၁၈) စင်းနဲ့ ရဟတ်ယာဉ် (၁၈) စင်း အပါအဝင် မီးသတ်သမား (၅ဝဝ) ကျော်က သောကြာနေ့ညက ညလုံးပေါက် ကြိုးစားခဲ့ရကြောင်း သိရပါတယ်။ ရပ်ရွာရှစ်ခုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသတွင်းရေးရာ အကြီးအကဲ ဂါဘရစ်လာဘရာဗိုက ပြောကြားခဲ့ပါတယ်။ 

        

စပိန်ဟာ ပျမ်းမျှမိုးရေချိန်ထက် နိမ့်ပါးတဲ့ သုံးနှစ်အကြာ ရေရှည်မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ ယခုနွေဦးရာသီမှာ ပုံမှန်ထက် ပိုမိုခြောက်သွေ့ပြီး ပူပြင်းလာကာ တောမီးလောင်ကျွမ်းမှု အန္တရာယ်ကို တိုးလာစေတယ်လို့ မိုးလေဝသ အေဂျင်စီ AEMET က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။ 


သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး တီရီဆာရီဘီရာက "ရာသီပြင်ပ မီးလောင်ကျွမ်းမှု" များ ပို အဖြစ်များလာကြောင်းပြောကြားခဲ့ပါတယ်။ "နွေရာသီက ပိုကြာရှည်လာတယ်၊ စောစောရောက်လာတယ်၊ မြေဆီလွှာမှာ ရေနဲ့ စိုထိုင်းဆတွေ လျော့သွားတဲ့အတွက် ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ကို ပိုပြီး ထိခိုက်လွယ်စေတယ်" လို့ သူမက ပြောကြားခဲ့ပါတယ်။ 


ယခုလအတွင်း ဥရောပကော်မရှင်ရဲ့ အစီရင်ခံစာတစ်ခုအရ ဆောင်းရာသီအတွင်း မိုးရွာသွန်းမှုနဲ့ ပုံမှန်ထက် ပူနွေးသောအပူချိန်များကြောင့်  စပိန်တောင်ပိုင်း၊ ပြင်သစ်၊ အိုင်ယာလန်၊ ဗြိတိန်၊ မြောက်ပိုင်း၊ အီတလီ၊ ဂရိနဲ့ ဥရောပအရှေ့ပိုင်းရှိ အစိတ်အပိုင်းများအတွက် မိုးခေါင်ရေရှားမှု သတိပေးချက်များ မြင့်တက်လာခဲ့ပါတယ်။ ဂရိနိုင်ငံရဲ့ ဆောင်းရာသီဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ၎င်းရဲ့မြောက်ပိုင်း ဒေသများအတွက် အပူဆုံးဖြစ်လာကြောင်း အေသင်အမျိုးသားစောင့်ကြည့် လေ့လာရေး ဌာနမှ ပြောကြားခဲ့ပါတယ်။ မိုးရွာသွန်းမှုမရှိခြင်းနဲ့ မြေစိုထိုင်းဆကျဆင်းခြင်းဟာ အပူလှိုင်းများ ရှိပါက တောမီးပျံ့နှံ့မှုကို အထောက်အကူဖြစ်စေခဲ့တယ်လို့ သိရပါတယ်။


zawgyi version
စပိန္မွာ ႏွစ္တစ္ႏွစ္ရဲ႕ ပထမဆုံးအႀကိမ္ ေတာမီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ၿပီး ဧရိယာ ဟက္တာ (၃ဝဝဝ) ေက်ာ္ထိ မီးေလာင္ပ်က္စီးခဲ့
ေရာင္နီ (NP News) - မတ္ ၂၅ 

စပိန္ႏိုင္ငံမွာ ေသာၾကာေန႔ (မတ္လ ၂၄ ရက္)က ႏွစ္တစ္ႏွစ္ရဲ႕ ပထမဆုံး ေတာမီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ပါတယ္။ 

ေတာမီးေလာင္ကြၽမ္းမႈက အေရွ႕ပိုင္း ဗလင္စီေဒသရွိ သစ္ေတာ ဟက္တာ ၃ဝဝဝ (၇၄၁၃ ဧက)ေက်ာ္ကို ပ်က္စီးေစခဲ့ၿပီး ေဒသခံ ၁၅ဝဝ ခန္႔ ၎တို႔ ေနအိမ္မ်ားကို စြန႔္ခြာထြက္ေျပးခဲ့ရေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါတယ္။ 
       
ဥရာပတိုက္ ေတာင္ဘက္ပိုင္း ေဒသမ်ားမွာ ပုံမွန္မဟုတ္တဲ့ ေျခာက္ေသြ႕ေသာ ေဆာင္းရာသီ ပုံစံေၾကာင့္ ေျမဆီလႊာ အစိုဓာတ္ေလ်ာ့နည္းလာၿပီး ၂ဝ၂၂ ခုႏွစ္က ဥေရာပရဲ႕ ေတာမီးေလာင္ကြၽမ္းမႈမွာ ဟက္တာ  ၇၈၅ဝဝဝ ဖ်က္ဆီးခံရသည့္ေနာက္ ေဒသတြင္း ယင္းျဖစ္ရပ္မ်ိဳး ထပ္ခါတလဲလဲျဖစ္မွာကို စိုးရိမ္မႈမ်ား တိုးလာခဲ့ပါတယ္။ "အထူးသျဖင့္ ဒီႏွစ္အေစာပိုင္းမွာ ကြၽန္ေတာ္တို႔ ေတြ႕ေနရတဲ့ မီးေလာင္မႈေတြဟာ လူသားေတြ ျဖတ္သန္းေနရတဲ့ ရာသီဥတု အေရးေပၚ အေျခအေနရဲ႕ သက္ေသျဖစ္ၿပီး၊ အထူးသျဖင့္ ကြၽန္ေတာ္တို႔လို ႏိုင္ငံေတြကို ထိခိုက္ပ်က္စီးေစပါတယ္" လို႔ စပိန္ဝန္ႀကီးခ်ဳပ္ ပီဒ႐ိုဆန္ခ်က္ က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ 

စပိန္မွာ ယမန္ႏွစ္က မီးေလာင္ကြၽမ္းမႈ (၄၉၃) ႀကိမ္ျဖစ္ပြားခဲ့ၿပီး စံခ်ိန္တင္ ဟက္တာ (၃ဝ၇ဝဝဝ) ခန္႔ မီးေလာင္ပ်က္စီးေၾကာင္း ေကာ္မရွင္ရဲ႕ ဥေရာပ ေတာမီး သတင္းအခ်က္အလက္စနစ္အရ သိရပါတယ္။ ယခုေတာမီးေလာင္မႈျဖစ္ပြားေနတဲ့ ဗလင္စီယာေဒသရွိ ဗီလန္န်ဴအီဗာ ဒဲဗီဗာ ႐ြာအနီးမွာ မီးျငႇိမ္းသတ္ဖို႔အတြက္ ေလယာဥ္ (၁၈) စင္းနဲ႔ ရဟတ္ယာဥ္ (၁၈) စင္း အပါအဝင္ မီးသတ္သမား (၅ဝဝ) ေက်ာ္က ေသာၾကာေန႔ညက ညလုံးေပါက္ ႀကိဳးစားခဲ့ရေၾကာင္း သိရပါတယ္။ ရပ္႐ြာရွစ္ခုကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ေၾကာင္း ေဒသတြင္းေရးရာ အႀကီးအကဲ ဂါဘရစ္လာဘရာဗိုက ေျပာၾကားခဲ့ပါတယ္။ 
        
စပိန္ဟာ ပ်မ္းမွ်မိုးေရခ်ိန္ထက္ နိမ့္ပါးတဲ့ သုံးႏွစ္အၾကာ ေရရွည္မိုးေခါင္မႈနဲ႔ ရင္ဆိုင္ေနရပါတယ္။ စပိန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ေျမထဲပင္လယ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ ယခုေႏြဦးရာသီမွာ ပုံမွန္ထက္ ပိုမိုေျခာက္ေသြ႕ၿပီး ပူျပင္းလာကာ ေတာမီးေလာင္ကြၽမ္းမႈ အႏၲရာယ္ကို တိုးလာေစတယ္လို႔ မိုးေလဝသ ေအဂ်င္စီ AEMET က ၿပီးခဲ့တဲ့ သီတင္းပတ္က ေျပာၾကားခဲ့ပါတယ္။ 

သဘာဝ ပတ္ဝန္းက်င္ဝန္ႀကီး တီရီဆာရီဘီရာက "ရာသီျပင္ပ မီးေလာင္ကြၽမ္းမႈ" မ်ား ပို အျဖစ္မ်ားလာေၾကာင္းေျပာၾကားခဲ့ပါတယ္။ "ေႏြရာသီက ပိုၾကာရွည္လာတယ္၊ ေစာေစာေရာက္လာတယ္၊ ေျမဆီလႊာမွာ ေရနဲ႔ စိုထိုင္းဆေတြ ေလ်ာ့သြားတဲ့အတြက္ ကံမေကာင္းစြာနဲ႔ပဲ ကြၽန္ေတာ္တို႔ကို ပိုၿပီး ထိခိုက္လြယ္ေစတယ္" လို႔ သူမက ေျပာၾကားခဲ့ပါတယ္။ 

ယခုလအတြင္း ဥေရာပေကာ္မရွင္ရဲ႕ အစီရင္ခံစာတစ္ခုအရ ေဆာင္းရာသီအတြင္း မိုး႐ြာသြန္းမႈနဲ႔ ပုံမွန္ထက္ ပူေႏြးေသာအပူခ်ိန္မ်ားေၾကာင့္  စပိန္ေတာင္ပိုင္း၊ ျပင္သစ္၊ အိုင္ယာလန္၊ ၿဗိတိန္၊ ေျမာက္ပိုင္း၊ အီတလီ၊ ဂရိနဲ႔ ဥေရာပအေရွ႕ပိုင္းရွိ အစိတ္အပိုင္းမ်ားအတြက္ မိုးေခါင္ေရရွားမႈ သတိေပးခ်က္မ်ား ျမင့္တက္လာခဲ့ပါတယ္။ ဂရိႏိုင္ငံရဲ႕ ေဆာင္းရာသီဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း ၎ရဲ႕ေျမာက္ပိုင္း ေဒသမ်ားအတြက္ အပူဆုံးျဖစ္လာေၾကာင္း ေအသင္အမ်ိဳးသားေစာင့္ၾကည့္ ေလ့လာေရး ဌာနမွ ေျပာၾကားခဲ့ပါတယ္။ မိုး႐ြာသြန္းမႈမရွိျခင္းနဲ႔ ေျမစိုထိုင္းဆက်ဆင္းျခင္းဟာ အပူလႈိင္းမ်ား ရွိပါက ေတာမီးပ်ံ႕ႏွံ႔မႈကို အေထာက္အကူျဖစ္ေစခဲ့တယ္လို႔ သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

TikTok နှင့်ပတ်သက်ပြီး အမေရိကန်၏ စွပ်စွဲပြောဆိုချက်များကို တရုတ်အစိုးရငြင်းဆန်ပယ်ချ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved