Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
TikTok နှင့်ပတ်သက်ပြီး အမေရိကန်၏ စွပ်စွဲပြောဆိုချက်များကို တရုတ်အစိုးရငြင်းဆန်ပယ်ချ

Pika (NP News) - မတ် ၂၆


တရုတ်သည်  TikTok အပလီကေးရှင်းကို အသုံးပြုကာ အမေရိကန်နိုင်ငံသားများ၏ ဒေတာအချက်အလက်များကို ရယူနေသည်ဆိုသည့် အမေရိကန်အရာရှိများ၏ စွပ်စွဲပြောဆိုချက်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။


တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏  ဒေတာအချက်အလက်များနှင့် လုံခြုံရေးပိုင်းကို အလွန်အလေးအနက်ထားကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ပြောကြားခဲ့သည်။


မာအိုနင်က"တရုတ်အစိုးရဟာ ပြည်တွင်းဥပဒေကို ဆန့်ကျင်တဲ့ ဒေတာအချက်အလက်တွေ ဒါမှမဟုတ် ထောက်လှမ်းရေးအချက်အလက်တွေကို စုဆောင်းဖို့ ကုမ္ပဏီတစ်ခုချင်းစီကို ဘယ်တော့မှတောင်းဆိုမှာ မဟုတ်ပါဘူး။ TikTok အပ်ပ်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေအတွက် သက်သေအထောက်အထားလည်းမရှိပါဘူး။ ဒါပေမယ့် အမေရိကန်က TikTok အပ်ပ်အသုံးပြုမှုကို ပိတ်ပင်တားမြစ်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းနေပါတယ်" ဟုပြောဆိုခဲ့သည်။


အမေရိကန်အစိုးရသည် ဈေးကွက်စီးပွားရေး၊ တရားမျှတသောပြိုင်ဆိုင်မှုဆိုင်ရာ အခြေခံမူများကို လေးစားလိုက်နာရန်နှင့် နိုင်ငံတွင်းလည်ပတ်နေသော နိုင်ငံခြားကုမ္ပဏီများကို ဖိနှိပ်ခြင်းမှ ရပ်တန့်သင့်ကြောင်း မာအိုနင်က တိုက်တွန်းပြောဆိုခဲ့သည်။ အမေရိကန်အစိုးရနှင့် ပြည်နယ်(၂၅)ခုသည် အစိုးရပိုင်ကွန်ပျူတာများ၊ ဖုန်းများတွင် TikTok အပလီကေးရှင်း အသုံးပြုမှုကို တားမြစ်ပိတ်ပင်သည့် ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း  Yahoo Finance ဝက်ဘ်ဆိုက်မှတင်ထားသော အချက်အလက်များအရသိရသည်။ 


အမေရိကန်နိုင်ငံတွင် TikTok အပလီကေးရှင်း အသုံးပြုခြင်း တားမြစ်ပိတ်ပင်မှုများကို လက်ရှိအချိန်အထိ အပြည့်အဝမလုပ်ဆောင်နိုင်သေးသော်လည်း တာဝန်ရှိသူများက အရေးယူမှုများကို ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုထားကြောင်းလည်းသိရသည်။  အမေရိကန်နိုင်ငံက စွပ်စွဲ ပြောဆိုခြင်းများကို ဆက်လက်လုပ်ဆောင်နေသော်လည်း  TikTok ကုမ္ပဏီ နှင့် တရုတ်အစိုးရတို့က ဒေတာအချက်အလက်များ စုဆောင်းခြင်းအတွက်  အပလီကေးရှင်းကိုအသုံးပြုနေသည်ဆိုသည့် ပြောဆိုချက်များကို အကြိမ်ကြိမ်ငြင်းဆိုထားကြောင်းလည်းသိရသည်။


အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် တရုတ်နိုင်ငံက ထုတ်လုပ်ထားသော TikTok အသုံးပြုသူအရေအတွက် သန်း(၁၅ဝ)နီးပါးရှိလာခဲ့ကြောင်းသိရသည်။ TikTok အပလီကေးရှင်းသည် ကမ္ဘာတစ်ဝှမ်းရှိ လူမှုကွန်ရက်များတွင် လူကြိုက်များသော အပလီကေးရှင်းတစ်ခုအဖြစ် ရပ်တည်လာခဲ့ကြောင်းသိရသည်။


zawgyi version
Pika (NP News) - မတ် ၂၆







Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စားသုံးဆီဖူလုံရန်အတွက် နေကြာ စိုက်ပျိုးဧက (၄)သန်းကျော်အထိတိုးချဲ့စိုက်ပျိုးရန်စီစဉ်နေ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved