တိုက်ပွဲဖော်ဆောင်နေမှုများကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များစွာ ဆုံးရှုံးနစ်နာနေဟု တပ်ချုပ်ပြော
Pearl (NSS) - ဖေဖော်ဝါရီ ၁၂
တိုက်ပွဲဖော်ဆောင်နေမှုများကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များစွာ ဆုံးရှုံးနစ်နာနေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
အဆိုပါ သဝဏ်လွှာတွင် လက်ရှိကာလ၌ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပမှ အဖျက်သမားများသည် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် တိုက်ပွဲများ ဖော်ဆောင်နေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားထားသည်။
ထိုသို့ မတည်ငြိမ်မှုများကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးနစ်နာရပြီး ဒေသခံတိုင်းရင်းသားများမှာလည်း ဆင်းရဲဒုက္ခများစွာ ခံစားနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ရေရှည်တွင် နိုင်ငံတော်အတွက် အဘက်ဘက်မှ အန္တရာယ်ကြီးမားသည်ကို အားလုံးက သတိတရားဖြင့် ထိန်းသိမ်းကာကွယ်ရန် အလွန်အရေးကြီးနေပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။
ထို့ပြင် နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသား အဖွဲ့အချို့က တောင်းဆိုနေသောအချက်များ အားလုံးပါဝင်ပြီးဖြစ်ပြီး ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေး လုပ်ငန်းစဉ် သုံးရပ်အဖြစ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထား ခြင်းဖြစ်သဖြင့် အထိခိုက်ခံမည်မဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည် ဖြစ်သဖြင့် ဒေသအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပစ်ခတ်တိုက်ခိုက်ရန် အချိန်ကိုက်စီစဉ်ထားသော ၁၀၇(မမ)ရှော့တိုက်ဒုံး (၃)လုံးကို ငမိုးရိပ်ချောင်းအနီး၌တွေ့ရှိ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ