ပစ်ခတ်တိုက်ခိုက်ရန် အချိန်ကိုက်စီစဉ်ထားသော ၁၀၇(မမ)ရှော့တိုက်ဒုံး (၃)လုံးကို ငမိုးရိပ်ချောင်းအနီး၌တွေ့ရှိ
ပုံစာ - ယနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်)တွင် ငမိုးရိပ်ချောင်းအနီး တွေ့ရသည့် ရှော့တိုက်ဒုံးများ
NSS - ဖေဖော်ဝါရီ ၁၂
ပစ်ခတ်တိုက်ခိုက်ရန် အချိန်ကိုက်စီစဉ်ထားသော ၁၀၇(မမ)ရှော့တိုက်ဒုံး (၃)လုံးကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ငမိုးရိပ်ချောင်းအနီး၌ တွေ့ရှိခဲ့ရကြောင်း ဒေသခံသတင်းအရင်းအမြစ်များက NP News ကို ပြောသည်။
အဆိုပါ ရှော့တိုက်ဒုံး (၃)လုံးကို ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်) ၊ နံနက် ၆ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၁)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ငမိုးရိပ်ချောင်းဘေးရှိ မြေကွက်လပ်အတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“၁၀၇(မမ)ရှော့တိုက်ဒုံးတွေပါ။ စုစုပေါင်း (၃)လုံးတွေ့တာပေါ့။ အချိန်ကိုက်ပစ်ဖို့ စီစဉ်ထားတဲ့သဘောတွေ့ရတယ်။ ရန်ကုန်လေဆိပ်ဘက်ကို ပစ်ဖို့ ပြင်ဆင်ထားတယ်လို့ပဲ ယူဆရတယ်။ အဲဒါတွေကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက ရှင်း လင်းသွားတယ်”ဟု ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါရှော့တိုက်ဒုံးများသည် ရန်ကုန်လေဆိပ်ဘက်သို့ ပစ်ခတ်ရန် အချိန်ကိုက်စီစဉ်ထားခြင်းဖြစ်ကြောင်း ယူဆရသည်ဟုလည်း ၎င်းက ဆိုသည်။ လက်ရှိတွင် ၎င်းရှော့တိုက်ဒုံး (၃)လုံးကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ရှင်းလင်းကာ သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ကာလအတွင်းတွင်လည်း မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် စီစဉ်ထားသော ရှော့တိုက်ဒုံးများကို ဖမ်းဆီးရမိသည့်ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်တွင် UEC၊ NSPNC နှင့် နိုင်ငံရေးပါတီတို့ သီးခြားစီတွေ့ဆုံမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ