မနက်ဖြန်တွင် UEC၊ NSPNC နှင့် နိုင်ငံရေးပါတီတို့ သီးခြားစီတွေ့ဆုံမည်
ပုံစာ - နစက ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီများ ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်က တွေ့ဆုံခဲ့စဉ်
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၂
မနက်ဖြန် (ဖေဖော်ဝါရီလ ၁၃ ရက်)တွင် UEC၊ NSPNC နှင့် နိုင်ငံရေးပါတီတို့ နေပြည်တော်၌ သီးခြားစီတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့သည် မနက်ဖြန် ၊ နံနက် ၉နာရီအချိန်တွင် ကော်မရှင်ရုံး၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းထံမှ သိရသည်။
ထို့ပြင် နေ့လည်ပိုင်းတွင် နိုင်ငံရေးပါတီများနှင့် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော် မတီ (NSPNC)တို့သည် နေပြည်တော်ရှိ MICC (2)၌ ထပ်မံတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“မနက်ဖြန်က မနက်ပိုင်းမှာက UEC နဲ့တွေ့ဖို့ရှိတယ်။ ပါတီအကုန်လုံးပေါ့နော်။ နေ့ခင်းပိုင်းမှာတော့ NSPNC နဲ့တွေ့ဖို့ရှိတယ်။ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့နဲ့ပေါ့။ တပ်ချုပ်နဲ့တွေ့ဖို့ အစီအစဉ်ကမရှိလောက်ဘူး။ ဘာသံမှမကြားရသေးဘူး” ဟု နိုင်ငံရေးပါတီတစ်ခုမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးက NSS ကိုပြောသည်။
နိုင်ငံရေးပါတီများ နှင့် NSPNCတို့တွေ့ဆုံပွဲတွင် UPDJC ၏ နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ဆွေးနွေးသွားဖွယ်ရှိကြောင်း ၎င်းကထပ်မံပြောသည်။
ပြီးခဲ့သော လွတ်လပ်ရေးနေ့အခမ်းအနားအပြီး ဇန်နဝါရီလ ၆ ရက်တွင်လည်း နိုင်ငံရေးပါတီများနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကွေးမြို့၌ ကျောင်းသူတစ်ဦးကို တက္ကသိုလ်ဝန်းထဲအထိ ဝင်ရောက်သတ်ဖြတ်ခဲ့သူအား ထိရောက်စွာ အရေးယူပေးရန် မိသားစုဝင်များ တောင်းဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း