မကွေးမြို့၌ ကျောင်းသူတစ်ဦးကို တက္ကသိုလ်ဝန်းထဲအထိ ဝင်ရောက်သတ်ဖြတ်ခဲ့သူအား ထိရောက်စွာ အရေးယူပေးရန် မိသားစုဝင်များ တောင်းဆို
Pearl (NSS) - ဖေဖော်ဝါရီ ၁၂
မကွေးမြို့၌ ကျောင်းသူတစ်ဦးကို တက္ကသိုလ်ဝန်းထဲအထိ ဝင်ရောက်သတ်ဖြတ်ခဲ့သူအား ထိရောက်စွာ အရေးယူပေးရန်အတွက် မိသားစုဝင်များက တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်၊ နေ့လည် ၁နာရီခွဲခန့်တွင် မကွေးမြို့၊ မကွေးတက္ကသိုလ်ဝန်းအတွင်း၌ တက္ကသိုလ်ကျောင်းသူတစ်ဦးကို အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးကာ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
ထိုသို့ ဓားဖြင့်ထိုးခံရမှုကြောင့် အထက်ပါ ကျောင်းသူတွင် ရင်ဘဘတ်နှင့် ဝမ်းဗိုက်တို့၌ ဓားဒဏ်ရာ (၂)ချက်ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ကျူးလွန်သူသည် အသက်(၂၀)နှစ်ဝန်းကျင်အရွယ်ရှိ ကိုဝေဖြိုးအောင်ဆိုသူဖြစ်၍ တောင်တွင်းကြီးမြို့တွင် နေထိုင်သူဖြစ်ကြောင်းသိရပြီး လက်ရှိတွင် ၎င်းအား သက်ဆိုင်ရာ ရဲစခန်းက ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
"တက္ကသိုလ်ဝန်းထဲမှာ ဝင်သတ်ခံရတာ။ ကျူးလွန်သူကိုတော့ မိပါတယ်။ အခုကအချုပ်ထဲမှာ။ ကောင်လေးက တောင်တွင်းကြီးက။ တောင်တွင်းကြီးကနေ မကွေးတက္ကသိုလ်ထိ သွားသတ်တာ။ ရည်ရွယ်ချက်ရှိရှိနဲ့ သွားပြီးတော့။ အဓိကကတော့ မှန်မှန်ကန်ကန်လေးနဲ့ ထိထိရောက်ရောက် အရေးယူစေချင်တယ် " ဟု အသတ်ခံရသော တက္ကသိုလ်ကျောင်းသူ၏ မိသားစုဝင်က NSS ကို ပြောသည်။
ထိုသို့ သတ်ဖြတ်ခံရသော တက္ကသိုလ်ကျောင်းသူသည် အသက် (၂၁)နှစ်အရွယ်ရှိပြီး မကွေးတက္ကသိုလ်၌ သတ္တဗေဒဘာသာရပ်၊ ဂုဏ်ထူးတန်းတက်ရောက်နေသူဖြစ်ကြောင်း ၎င်း၏မိသားဝင်က ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက် ၅၄ ဦးအထိ ဆက်လက်မြင့်တက်လာ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ