ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူအရေအတွက် ၅၄ ဦးအထိ ဆက်လက်မြင့်တက်လာ
ဂျန်ဇက် (NSS) - ဖေဖော်ဝါရီ ၁၂
ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားတဲ့မြေပြိုမှုတွေကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာခဲ့ပြီး လူပေါင်းအနည်းဆုံး ၅၄ ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ Masara ကျေးရွာအနီးရှိ ရွှေသတ္တုတွင်းနားမှာ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် အပျက်အစီးတွေအောက်က လူပေါင်း ၁၉ ဦးရဲ့ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
မြေပြိုမှုတွေကြောင့် ရွှေတွင်းတူးသူနဲ့ ဒေသခံ ၆၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ မာကိုမြို့ အုပ်ချုပ်ရေးအရာရှိတွေက ပြောပါတယ်။ မြေပြိုမှုတွေကြောင့် အလုပ်သမားတွေတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး မြေကြီးထဲကျရောက်ခဲ့သလို အိမ်ပေါင်း ၅၅ ဦးလုံးခန့် မြေကြီးအောက် ရောက်ရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါမြေပြိုမှုတွေကြောင့် ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ကျောက်တုံးများ၊ ရွှံ့နွံ့များနဲ့ သစ်ပင်များ ပြိုကျပျက်စီးမှုတွေရှိလာခဲ့ကြောင်း သိရပါတယ်။ အဆိုပါဒေသမှာ မကြာသေးမီက မြေငလျင်လှုပ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာ မြေပြိုမှုတွေ ထပ်မံဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေပြိုမှုကြောင့် ပျောက်ဆုံးသူအားလုံးကို ပြန်လည်ရှာဖွေတွေ့ရှိချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Pre Order ဖြင့် လျှပ်စစ်ကား မရောင်းချရန် နှင့် လိုက်နာမှုမရှိပါက လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ