Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မန္တလေးမြို့တွင် နာရီပိုင်းအတွင်းမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ လူနေအိမ်(၄)လုံးနှင့် တိုက်ခန်းတစ်ခန်းမီးလောင်ပျက်စီးခဲ့

သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၉

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် နာရီပိုင်းအတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ လူနေအိမ်(၄) လုံးနှင့် တိုက် ခန်းတစ်ခန်းမီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။


မီးလောင်မှုသည် ဖေဖော်ဝါရလီ ၉ ရက်၊ နံနက် ၁နာရီ ၄၀မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၈၃လမ်း၊ ၂၂လမ်းနှင့် ၂၃လမ်းအကြားတွင် စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တာက (၆)ထပ်တိုက်က (၃)လွှာမှာ လောင်တာ။ ဖုန်း ဃသလနမ ဆိုင်ဆိုတော့ ဃသလနမ တွေ ထားတဲ့အခန်းက စလောင်တာပါ။ အခန်း တစ်ခန်းလုံး လောင်သွားတော့ ပျက်စီးဆုံးရှုံးမှုများမယ်။ မီးကူးစက် လောင်တာတော့မရှိဘူး။ မီးခိုးတွေပျံ့တာတော့ ရှိတယ်။ လူတွေနေတဲ့ အခန်းထဲကို မီးခိုးတွေရောက် လို့ မှန်တွေခွဲပြီး ကယ်ဆယ်ရေးလုပ်ရတယ်”ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက  NSS ကို ပြောသည်။

အဆိုပါမီးလောင်မှု ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိ ခဲ့သော်လည်း BLACK PANTHER ဖုန်း Cover နှင့် မှန်မကွဲဆိုင်၏ ပစ္စည်းများထားရာ တိုက်ခန်းမှာ မီးလောင်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းမီးလောင်မှုအား အောင်မြေသာစံမြို့နယ် မီးသတ်စခန်းနှင့် အခြားအသင်းအဖွဲ့များက Level 2 အဆင့် ဖြင့် (၃)နာရီခန့်အကြာ သွားရောက်မီးငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။

အလားတူ အဆိုပါနေ့ နံနက် ၂နာရီ ၅၀မိနစ် အချိန်တွင်လည်း အမရပူရမြို့နယ်၊ လေးစုရပ်ကွက်၊ ကံတော်ရပ်၊ ကံတော်ဓမ္မာရုံတောင်ဘက်၌ မီးလောင် မှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း လူငယ်အားမာန် လူမှုကူညီရေးအသင်းထံမှ သိရသည်။

“စာအုပ်ဆိုင်က စလောင်တာပါ။ အိမ်ရှင် ပြောတာတော့ ရေခဲသေတ္တာက  Gas လိုင်းပေါက်ပြီး လောင်တာ။ အိမ်(၄)လုံးပါသွားတယ်တယ်။ အရက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်ရယ် စာအုပ်ဆိုင်နဲ့ လူနေ အိမ်တစ်လုံးမီးထဲပါသွားတယ်။ ဆုံးရှုံးမှုက များတယ်။ ဆိုင်ကယ်တစ်စီးနဲ့ စာအုပ်တွေပါသွားတာပေါ့”ဟု အထက်ပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းမီးလောင်မှုကို အမရပူရမြို့နယ် မီးသတ် စခန်း၊ အခြားအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည် သူများက ၁ နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲတွင် အကူဒိုင်လူကြီးအဖြစ် ဒေါ်ဝင့်ဝါထွန်း တာဝန်ပေးအပ်ခံရ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved