အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲတွင် အကူဒိုင်လူကြီးအဖြစ် ဒေါ်ဝင့်ဝါထွန်း တာဝန်ပေးအပ်ခံရ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၉
ဥဇဘတ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲတွင် အကူဒိုင်လူကြီးအဖြစ် မြန်မာအမျိုးသမီး ဒိုင်လူကြီးဖြစ်သူ ဒေါ်ဝင့်ဝါထွန်းက တာဝန်ပေးအပ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။
အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ AFC U20 Women’s Asian Cup Uzbekistan 2024 ကိုလာမည့် ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၁၇ ရက်အထိ ဥဇဘတ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲအတွက် အကူဒိုင်လူကြီးအဖြစ် မြန်မာအမျိုသမီး ဒိုင်လူကြီးဖြစ်သူ ဒေါ်ဝင့်ဝါထွန်းကို တာဝန်ပေးအပ်ခံခဲ့ရကြောင်းလည်း သိရသည်။
လက်ရှိတွင် အသက်(၂၉)နှစ်ရှိပြီဖြစ်သည့် ဒေါ်ဝင့်ဝါထွန်းသည် ၂၀၁၇ ခုနှစ်မှစတင်ကာ အကူဒိုင်လူကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်တွင် FIFA အဆင့် အကူဒိုင်လူကြီးဖြစ်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး အကူဒိုင်လူကြီးအဖြစ် အာဆီယံအဆင့် AFF ပြိုင်ပွဲ ၂ကြိမ်နှင့် အာရှအဆင့် AFC ပြိုင်ပွဲ၌ (၃)ကြိမ် တိုင်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိ အာရှဖလားယူ-၂၀ ပြိုင်ပွဲသည် ဒေါ်ဝင့်ဝါထွန်းအတွက်(၄)ကြိမ်မြောက် AFC ပြိုင်ပွဲတွင် အကူဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ကသတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၉ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း