ဇရပ်ကြီးမြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒေသခံ (၁၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိနေ
Pearl (NSS) - ဖေဖော်ဝါရီ ၈
ဇရပ်ကြီးမြို့တွင်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒေသခံ (၁၀၀၀)ကျော် စစ်ဘေးရှောင်နေရပြီး အရပ်သားထိခိုက်သေဆုံးမှုများရှိနေကြောင်း ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေသူတစ်ဦးထံမှ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၇ ရက်)တွင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ တပ်မ တော်လုံခြုံရေးစခန်း နှင့် ရဲစခန်းတို့ကို KNLA ၊ PDF အဖွဲ့တို့က အင်အားအများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။
" မနေ့ကတည်းက အပစ်ရပ်သွားတော့ မနေ့ကတည်းက ကယ်ဆယ်ရေးတွေ လုပ်ပြီး တောင်ငူကိုပို့နေတာ။ ဇရပ်ကြီးမြို့ပေါ်က လူတွေပါတယ်၊ ဘေးက နတ်ရွာတို့၊ ကင်မွန်းခြုံတို့ ဇရပ်ကြီးဟိုဘက်ကရွာက လူတွေပါတယ်။ အခုတောင်ငူမှာ ထောင်ကျော်လောက်ရှိတယ်။ နဂါးရုံဘုန်းကြီးကျောင်းမှာ ထားထားတယ်။ အခုလက်ရှိ ကင်မွန်ခြုံဘက်က ဆက်သွယ်ထားတာတွေ ရှိသေးတယ်။ ခေါ်ဖို့ က ၂၀၀ လောက်တော့ ကျန်ဦးမယ် ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက NSS ကို ပြောသည်။
ထို့ပြင် တိုက်ပွဲအတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ကလေး(၄)ဦးအပါအဝင် ဒေသခံ (၁၀) ဦးခန့်သည်လည်း လက်နက်ကြီး ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ တိုက်ပွဲများကြောင့် အရပ် သားထိခိုက်သေဆုံးမှုများ၊ ဒဏ်ရာရရှိမှုများရှိနေသည့်အပြင် လူနေအိမ်(၁၀)လုံးထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးမှုများလည်းရှိနေကြောင်း သိရသည်။
လက်ရှိတွင် ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက်များ၊ စောင်များ နှင့်ခေါင်းအုံးများ လိုအပ်လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ခိုက်ရေးပြိုင်ပွဲကြိုးဝိုင်းအတွင်း အီလွန်မတ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ်ဆိုရင် ဇူကာဘတ်သေဆုံးနိုင်ဖွယ်ရှိတယ်လို့ Meta ကုမ္ပဏီသတိပေး
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ